ယေရမိ 35:15 - မြန်မာ့စံမီသမ္မာကျမ်း
15 ငါ့အစေအပါးပရောဖက်တို့ကို သင်တို့ထံ အကြိမ်ကြိမ်စေလွှတ်၍ သင်တို့နှင့် သင်တို့ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့နေထိုင်ရမည့်အကြောင်း သင်တို့အသီးသီး ဆိုးညစ်သောလမ်းမှ ပြန်လာကြ။ သင်တို့၏အကျင့်စရိုက်များကို ပြုပြင်ကြ။ အခြားဘုရားများနောက်သို့မလိုက်နှင့်၊ ဝတ်မပြုနှင့်ဟု ဆင့်ဆိုစေခဲ့သော်လည်း သင်တို့ဂရုမစိုက်၊ နားမထောင်ကြ။
အခန်းကိုကြည့်ပါ။ ကော်ပီ
15 ငါသည်မိမိ၏အစေခံပရောဖက်များကို သင်တို့ထံသို့အဖန်ဖန်အထပ်ထပ်စေလွှတ် ခဲ့၏။ သူတို့ကလည်းသင်တို့အားမိမိတို့ အကျင့်ဆိုးများကိုစွန့်ပစ်၍ ဖြောင့်မှန်ရာ ကိုပြုကျင့်ကြရန်ပြောကြားခဲ့ကြ၏။ သင် တို့သည်မိမိတို့နှင့်ဘိုးဘေးတို့အားငါပေး အပ်ခဲ့သည့်ပြည်တော်တွင် ဆက်လက်နေထိုင် နိုင်ကြမည့်အကြောင်းအခြားဘုရားများ ကိုရှိမခိုးဝတ်မပြုကြရန်သင်တို့အား သတိပေးခဲ့ကြ၏။ သို့ရာတွင်သင်တို့သည် ငါ၏စကားကိုနားမထောင်ကြ။ ငါ့အား လည်းပမာဏမပြုကြ။-
အခန်းကိုကြည့်ပါ။ ကော်ပီ
15 ဘိုး ဘေး များ မှ စ၍ သင် တို့ အား ငါ ပေး ခဲ့ သော ပြည် တွင် နေ ထိုင် ခွင့် ရ ကြ ရန်၊ အ ခြား ဘု ရား များ နောက် မ လိုက် မ လျှောက်၊ ဝတ် မ ပြု ဘဲ၊ ဆိုး သွမ်း သော ကိုယ့် အ လေ့ အ လာ များ မှ၊ အ သီး အ သီး ပြောင်း လဲ ၍ အ ကျင့် အ ကြံ များ ကို ပြု ပြင် ကြ လော့ ဟု၊ ဆင့် ဆို ရ သော ကျွန် တော် ရင်း ပ ရော ဖက် တို့ ကို ငါ ဝိ ရိ ယ စိုက် ၍ စေ လွှတ် သော် လည်း နာ ခံ နား ထောင် ခြင်း မ ပြု ဘဲ၊ သင် တို့ နေ ကြ လေ စွ။
အခန်းကိုကြည့်ပါ။ ကော်ပီ
15 ငါ၏ကျွန် ပရောဖက်အပေါင်းတို့ကိုလည်း၊ ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်လျက်၊ သင်တို့အသီးအသီး လိုက်သော အဓမ္မလမ်းကို ရှောင်ကြလော့။ သင်တို့အကျင့်ကို ပြုပြင်ကြလော့။ အခြားတစ်ပါးသော ဘုရားနောက်သို့ မလိုက်၊ ဝတ်မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင်တို့နှင့် သင်တို့၏ ဘိုးဘေးတို့အား ငါပေးသောပြည်၌ နေရကြလိမ့်မည်ဟု မှာလိုက်သော်လည်း၊ သင်တို့သည် နားကိုပိတ်လျက်၊ ငါ့စကားကို နားမထောင်ဘဲနေကြပြီ။
အခန်းကိုကြည့်ပါ။ ကော်ပီ