အာဗြဟံသည် နံနက်စောစောထ၍ ထာဝရဘုရား၏ရှေ့တော်၌ ရပ်ခဲ့သောအရပ်သို့ သွားပြီးလျှင်
ယေရမိ 15:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက ငါ့အား “မောရှေနှင့်ရှမွေလသည် ငါ့ရှေ့၌လာရပ်လျှင်ပင် ဤလူမျိုးထံ ငါ့စိတ်ပြန်လည်လာမည်မဟုတ်။ သူတို့ကို ငါ့ရှေ့မှ နှင်ထုတ်လော့။ ငါ့ရှေ့မှ ထွက်သွားစေလော့။ Common Language Bible ထိုနောက်ထာဝရဘုရားက ငါ့အား``အကယ် ၍မောရှေနှင့်ရှမွေလတို့ဤတွင်ရပ်လျက် ငါ့ အားတောင်းပန်လျှောက်လဲကြစေကာမူ ငါ သည်ဤသူတို့အားကရုဏာပြလိမ့်မည် မဟုတ်။ သူတို့အားငါ၏ရှေ့မှောက်မှထွက် ခွာသွားစေရန်နှင်ထုတ်လော့။- Garrad Bible တစ် ဖန် ထာ ဝ ရ ဘု ရား က၊ အ ပါး တော် တွင် မော ရှေ နှင့် ရှ မွေ လ တို့ ခ စား ကြ သော် လည်း၊ ဤ လူ မျိုး ကို ငါ သ ဘော မ ရှိ။ ရှေ့ မှောက် မှ ထွက် သွား စေ ရန် နှင် ထုတ် လော့။ Judson Bible တစ်ဖန် ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ မောရှေနှင့် ရှမွေလသည် ငါ့ရှေ့မှာဆုတောင်းသော်လည်း၊ ဤလူမျိုးကို ငါမသနား။ ငါ့ထံမှ ထွက်သွားစေခြင်းငှာနှင်ထုတ်လော့။ |
အာဗြဟံသည် နံနက်စောစောထ၍ ထာဝရဘုရား၏ရှေ့တော်၌ ရပ်ခဲ့သောအရပ်သို့ သွားပြီးလျှင်
ထို့ကြောင့် ထာဝရဘုရားက အစ္စရေး၏သားစဉ်မြေးဆက်အားလုံးကို စွန့်ပစ်ပြီး ဒဏ်ခတ်တော်မူ၏။ သူတို့ကို တိုက်ခိုက်လုယက်သူတို့လက်သို့ အပ်ပြီး အထံတော်မှနှင်ထုတ်တော်မူ၏။
ထို့ကြောင့် ကိုယ်တော်သည် သူတို့ကိုဖျက်ဆီးမည်ဟု မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်ရွေးကောက်တော်မူသော မောရှေသည် ရှေ့တော်မှ ကျိုးပေါက်မည့်နေရာတွင်ရပ်လျက် သူတို့ကိုဖျက်ဆီးမည့် ကိုယ်တော်၏အမျက်ဒေါသကို တားဆီးခဲ့၏။
ကိုယ်တော်၏ယဇ်ပုရောဟိတ်များထဲတွင် မောရှေနှင့်အာရုန်တို့ပါ၍ ကိုယ်တော်၏နာမတော်ကိုခေါ်သောသူတို့တွင် ရှမွေလ ပါ၏။ သူတို့သည် ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။
ပညာသတိရှိသောအစေအပါးကို ရှင်ဘုရင်နှစ်သက်တတ်၏။ အရှက်ကွဲစေသောသူအပေါ်၌မူကား အမျက်တော်သက်ရောက်တတ်၏။
ထာဝရဘုရားက “ကြည့်ရှုလော့။ ထိုကာလတွင် ငါသည် ပြည်သားတို့ကို လွှင့်ပစ်မည်။ သူတို့ကို ငါဒုက္ခရောက်စေမည်။ သူတို့အဖမ်းခံရမည်”ဟု မိန့်တော်မူ၏။
သင်သည်လည်း ဤလူမျိုးအတွက် အသနားမခံနှင့်။ သူတို့အတွက် ဟစ်ကြော်ခြင်း၊ ဆုတောင်းခြင်းကိုမပြုနှင့်။ အကြောင်းမူကား သူတို့သည် ဘေးအန္တရာယ်ရောက်ချိန်၌ ငါ့ကိုခေါ်သောအခါ ငါနားထောင်မည်မဟုတ်။
သူတို့အစာရှောင်အော်ဟစ်လျှင်လည်း ငါနားညောင်းမည်မဟုတ်။ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လျှင်လည်း ငါလက်ခံမည်မဟုတ်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သူတို့ကို ငါဖျက်ဆီးပစ်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ထာဝရဘုရားက “သင်ပြန်လာလျှင် သင့်ကို ငါလက်ခံမည်။ ငါ့ရှေ့၌ သင်ရပ်ရလိမ့်မည်။ အကျိုးမဲ့သောစကားထက် အကျိုးရှိသောစကားကိုပြောလျှင် သင်သည် ငါ၏နှုတ်ကဲ့သို့ ဖြစ်လိမ့်မည်။ သင်သည် သူတို့ရှိရာသို့ ပြန်မသွားရ။ သူတို့သည် သင်ရှိရာသို့ ပြန်လာကြလိမ့်မည်။
ထို့ကြောင့် ဤပြည်မှ သင်တို့နှင့်သင်တို့ဘိုးဘေးတို့မသိသောပြည်သို့ သင်တို့ကို ငါနှင်ထုတ်မည်။ ထိုပြည်၌ အခြားဘုရားများကို နေ့နေ့ညညအစေခံရမည်။ ငါသည် သင်တို့ကို မျက်နှာသာပေးမည်မဟုတ်ဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုရမည်။
ထာဝရဘုရားက “ငါသည် ဤလူမျိုးတို့ထံမှ ငါ၏ငြိမ်သက်ခြင်း၊ မေတ္တာကရုဏာ၊ သနားစုံမက်ခြင်းတို့ကို ရုပ်သိမ်းပြီ။ သို့ဖြစ်၍ အသုဘအိမ်ကို မဝင်နှင့်။ သွား၍ငိုကြွေးမြည်တမ်းခြင်း၊ နှစ်သိမ့်ခြင်း မပြုနှင့်”ဟု မိန့်တော်မူ၏။
အကောင်းကို အဆိုးဖြင့် တုံ့ပြန်သင့်ပါသလော။ သို့သော် သူတို့သည် အကျွန်ုပ်အတွက် သေတွင်းကိုတူးကြပါပြီ။ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ ရပ်လျက် သူတို့ကောင်းစားမည့်အကြောင်း၊ သူတို့ထံမှ အမျက်တော်လွှဲသွားမည့်အကြောင်း တောင်းလျှောက်ပေးခဲ့သည်ကို အောက်မေ့တော်မူပါ။
“ခေါနိဟူသော ဤလူသည် အသုံးမဝင်သောအိုးကွဲလော။ မည်သူမျှအလိုမရှိသောအိုးလော။ အဘယ်ကြောင့် သူနှင့်သူ့အမျိုးအနွယ်ကို စွန့်ပစ်ရသနည်း။ အဘယ်ကြောင့် သူတို့မသိသောပြည်သို့ သူတို့ကို နှင်ထုတ်ရသနည်း။
ကြည့်ရှုလော့။ ငါသည် သင်တို့ကို လုံးဝမေ့ပစ်မည်။ သင်တို့နှင့်တကွ သင်တို့နှင့်သင်တို့ဘိုးဘေးတို့အား ငါပေးသောမြို့ကို ငါ၏ရှေ့မှောက်မှ ဖယ်ရှားပစ်မည်။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ရေခပ်၏သားယောနဒပ်အမျိုးသားတို့သည် ငါ့ရှေ့မှောက်၌ အစဉ်မပြတ် အမှုထမ်းရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။
ထာဝရဘုရား၏အမျက်တော်ကြောင့် ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့ကို အထံတော်မှမနှင်ထုတ်မီ ယုဒပြည်၌ ဤသို့ဖြစ်ပျက်ခဲ့၏။ ဇေဒကိမင်းကြီးသည် ဘေဘီလုံဘုရင်ကို ပုန်ကန်သဖြင့်
‘ငါတို့ ဖျက်ဆီးခြင်းခံရပြီတကား။ ငါတို့ အရှက်တကွဲအကျိုးနည်းဖြစ်ရပြီတကား။ သူတို့သည် ငါတို့နေထိုင်ရာအရပ်ကို ဖြိုဖျက်ပြီဖြစ်၍ ငါတို့သည် ပြည်ကိုစွန့်ခွာကြရပြီ’ဟူသော ဇိအုန်မြို့၌ မြည်တမ်းသောအသံကို ကြားရပြီ”ဟု မိန့်တော်မူ၏။
ထိုပြည်တွင် နောဧ၊ ဒံယေလ၊ ယောဘ စသော ပုဂ္ဂိုလ်သုံးဦးရှိနေလျှင်လည်း သူတို့ဖြောင့်မတ်ခြင်းကြောင့် သူတို့ကိုယ်ကိုသာသူတို့ ကယ်တင်နိုင်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထိုပြည် ဖျက်ဆီးမခံရအောင် မြို့ရိုးကိုပြုပြင်မည့်သူ၊ ထိုပြည်ကိုယ်စား ကျိုးပေါက်ရာ၌ ငါ့ရှေ့တွင်ရပ်မည့်သူကို ထိုမြို့တွင် ငါရှာသော်လည်း တစ်ယောက်မျှမတွေ့။
“ဂိလဂါလမြို့၌ မကောင်းမှုမှန်သမျှကို ပြုကြသောကြောင့် သူတို့ကို ငါမုန်း၏။ သူတို့ပြုသောမကောင်းမှုများကြောင့် သူတို့ကို မချစ်တော့ဘဲ ငါ့အိမ်တော်မှနှင်ထုတ်မည်။ သူတို့၏အကြီးအကဲတို့သည် ခေါင်းမာသောအမျိုး ဖြစ်၏။
ငါသည် ထာဝရဘုရားအား ‘အို အကျွန်ုပ်၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်၏တန်ခိုးတော်ဖြင့် ရွေးနုတ်တော်မူသော၊ အားကြီးသောလက်တော်ဖြင့် အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသော ကိုယ်တော်၏လူမျိုးတော်၊ ကိုယ်တော်၏အမွေတော်ကို ဖျက်ဆီးတော်မမူပါနှင့်။
အကြောင်းမူကား ခရစ်တော်သည် စစ်မှန်သောအရာ၏ပုံတူမျှသာဖြစ်သည့် လူ့လက်ဖြင့်တည်ဆောက်သောသန့်ရှင်းရာဌာနထဲသို့မဝင်ဘဲ ငါတို့ကိုယ်စား ယခု ဘုရားသခင်၏ရှေ့တော်၌ထင်ရှားတော်မူရန် ကောင်းကင်ထဲသို့ဝင်တော်မူ၏။
ထာဝရဘုရားကို ချီးမွမ်းကြလော့။ အစ္စရေးလူမျိုးတို့၏ခေါင်းဆောင်များ၊ လူတို့နှင့်အတူ အသက်စွန့်တိုက်ပွဲဝင်ကြသောသူများအတွက် ငါဂုဏ်ယူ၏။
ထို့ကြောင့် လူအပေါင်းတို့က ရှမွေလအား “အကျွန်ုပ်တို့သည် ရှင်ဘုရင်ကိုတောင်းဆိုခြင်းဖြင့် အကျွန်ုပ်တို့၏အပြစ်အလုံးစုံတို့အပေါ်၌ ထပ်၍မကောင်းမှုကိုပြုမိပါပြီ။ အကျွန်ုပ်တို့ မသေရမည့်အကြောင်း အရှင်၏အစေအပါး အကျွန်ုပ်တို့အဖို့ အရှင်၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းပေးပါလော့”ဟု ဆိုကြ၏။
ငါမူကား သင်တို့အဖို့ ဆုမတောင်းဘဲနေခြင်းအားဖြင့် ထာဝရဘုရားကိုပြစ်မှားခြင်းသည် ငါနှင့်ဝေးပါစေ။ ငါသည် သင်တို့အား ကောင်းမြတ်သောလမ်း၊ မှန်ကန်သောလမ်းကို သွန်သင်ပြသလျက်နေပါမည်။
ထိုအခါ ရှမွေလက နို့မပြတ်သေးသောသိုးသငယ်တစ်ကောင်ကို ယူ၍ တစ်ကောင်လုံးရှို့ရသောမီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ပြီး အစ္စရေးလူမျိုးတို့အတွက် ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ထာဝရဘုရား နားညောင်းတော်မူ၏။