ဆာလံ 99:6 - မြန်မာ့စံမီသမ္မာကျမ်း6 ကိုယ်တော်၏ယဇ်ပုရောဟိတ်များထဲတွင် မောရှေနှင့်အာရုန်တို့ပါ၍ ကိုယ်တော်၏နာမတော်ကိုခေါ်သောသူတို့တွင် ရှမွေလ ပါ၏။ သူတို့သည် ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 မောရှေနှင့်အာရုန်တို့သည်ကိုယ်တော်၏ ယဇ်ပုရောဟိတ်များဖြစ်ကြ၏။ ရှမွေလသည်လည်းကိုယ်တော်အားဆုတောင်း ပတ္ထနာပြုသူတစ်ဦးဖြစ်ပေသည်။ သူတို့သည်ထာဝရဘုရားအား ဆုတောင်းပတ္ထနာပြုသောအခါကိုယ်တော် သည် နားညောင်းတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible6 ပု ရော ဟိတ် တို့ အ နက် မော ရှေ နှင့် အာ ရုန်၊ နာ မ တော် အား ပ ဌ နာ ပြု သူ တို့ အ နက် ရှ မွေ လ တို့ သည်၊ ထာ ဝ ရ ဘု ရား ကို ပဌ နာ ပြု ကြ ရာ၊ ထူး တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible6 ယဇ်ပုရောဟိတ်မောရှေနှင့် အာရုန်၊ နာမတော်ကို ပတ္ထနာပြုသောသူ ရှမွေလ၊ ဤသူတို့သည် ထာဝရဘုရားကို ပတ္ထနာပြု၍၊ ကိုယ်တော်သည် ထူးတော်မူ၏။ အခန်းကိုကြည့်ပါ။ |
မောရှေသည်လည်း ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်ရာ ထာဝရဘုရားသည် သူ့အား သစ်တုံးတစ်တုံးကို ညွှန်ပြ၏။ သူသည် ထိုသစ်တုံးကိုရေထဲသို့ ပစ်ချလိုက်သော် ရေသည်ချိုလေ၏။ ထာဝရဘုရားသည် ထိုအရပ်၌ သူတို့အတွက် ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စီရင်တော်မူ၏။ ထိုအရပ်၌ သူတို့ကို စမ်းသပ်တော်မူ၏။