ယေရမိ 16:5 - မြန်မာ့စံမီသမ္မာကျမ်း
5 ထာဝရဘုရားက “ငါသည် ဤလူမျိုးတို့ထံမှ ငါ၏ငြိမ်သက်ခြင်း၊ မေတ္တာကရုဏာ၊ သနားစုံမက်ခြင်းတို့ကို ရုပ်သိမ်းပြီ။ သို့ဖြစ်၍ အသုဘအိမ်ကို မဝင်နှင့်။ သွား၍ငိုကြွေးမြည်တမ်းခြင်း၊ နှစ်သိမ့်ခြင်း မပြုနှင့်”ဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
5 ထာဝရဘုရားက``သင်သည်ငိုကြွေးမြည် တမ်းလျက်နေသည့် အိမ်သို့မဝင်ရ။ မည်သူ အတွက်မျှလည်းဝမ်းနည်းပူဆွေးမှုမဖြစ် နှင့်၊ မသနားနှင့်။ ငါသည်သူတို့အားငြိမ်း ချမ်းသာယာမှုကိုပေးတော့မည်မဟုတ်။ မေတ္တာကရုဏာကိုလည်းပြတော့မည် မဟုတ်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
5 ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ငြိမ် သက် ချမ်း သာ တည်း ဟူ သော မေ တ္တာ ကျေး ဇူး နှင့် က ရု ဏာ တော် ကို၊ ဤ လူ မျိုး မှ ငါ ရုတ် သိမ်း ပြီ ဖြစ် သော ကြောင့်၊ အ သု ဘ အိမ် သို့ မ ဝင် ရ။ စာ နာ၍ မြည် တမ်း ခြင်း ကို လည်း၊ သင် မ ပြု ရ မည့် အ ကြောင်း၊ ငါ ထာ ဝ ရ ဘုရား မိန့် ဆို ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
5 ထာဝရဘုရား မိန့်တော်မူသည်ကား၊ မသာအိမ်သို့မဝင်နှင့်။ သေသောသူတို့အတွက် ငိုကြွေးမြည်တမ်းခြင်းငှာ မသွားနှင့်။ ငါ၏ ငြိမ်သက်ခြင်းတည်းဟူသော မေတ္တာကရုဏာကို ဤလူမျိုးမှ ငါပယ်ရှင်းပြီဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ