၁ ရာ 12:19 - မြန်မာ့စံမီသမ္မာကျမ်း19 ထို့ကြောင့် လူအပေါင်းတို့က ရှမွေလအား “အကျွန်ုပ်တို့သည် ရှင်ဘုရင်ကိုတောင်းဆိုခြင်းဖြင့် အကျွန်ုပ်တို့၏အပြစ်အလုံးစုံတို့အပေါ်၌ ထပ်၍မကောင်းမှုကိုပြုမိပါပြီ။ အကျွန်ုပ်တို့ မသေရမည့်အကြောင်း အရှင်၏အစေအပါး အကျွန်ုပ်တို့အဖို့ အရှင်၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းပေးပါလော့”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible19 ရှမွေလအား``အရှင်၊ အကျွန်ုပ်တို့မသေရလေ အောင် အရှင်၏ဘုရားသခင်ထာဝရဘုရားထံ ကျွန်ုပ်တို့အဖို့ဆုတောင်းတော်မူပါ။ ကျွန်ုပ်တို့ သည်ရှင်ဘုရင်ကိုတောင်းသောကြောင့်အပြစ် များတို့အပေါ်မှာထပ်ဆင့်၍အပြစ်ကိုပြု မိပါပြီ'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible19 ကျွန် တော် မျိုး တို့ သေ ဘေး လွတ် စေ ရန် ကိုယ် တော့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ကျွန် တော် တို့ အ ဖို့ အ သ နား ခံ တော် မူ ပါ။ အ ပြစ် ဟူ သ မျှ အ ပေါ် တွင် ဘု ရင် လျှောက် တောင်း သော အ ပြစ် ကို ထပ် ဆင့်၍ ပြု မိ ကြ ပါ ပြီ ဟု ရှ မွေ လ ထံ တောင်း ပန် ကြ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible19 လူအပေါင်းတို့က၊ ကိုယ်တော်၏ကျွန်တို့သည် မသေရမည်အကြောင်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ကိုယ်တော်ကျွန်တို့အဖို့ ဆုတောင်းတော်မူပါ။ အကျွန်ုပ်တို့သည် ရှင်ဘုရင်ကို တောင်းသောအားဖြင့် အထက်အပြစ်များတို့အပေါ်မှာထပ်၍ ဒုစရိုက်ကို ပြုမိပါပြီဟု ရှမွေလအား တောင်းပန်ကြ၏။ အခန်းကိုကြည့်ပါ။ |
တစ်စုံတစ်ယောက်သည် သေခြင်းသို့မပို့ဆောင်သောအပြစ်မျိုးပြုနေသည့် မိမိညီအစ်ကိုကိုတွေ့လျှင် သူသည် ဆုတောင်းရမည်။ ထိုအခါ ဘုရားသခင်သည် သေခြင်းသို့မပို့ဆောင်သောအပြစ်ပြုနေသည့် ထိုညီအစ်ကိုအား အသက်ကိုပေးတော်မူလိမ့်မည်။ သေခြင်းသို့ပို့ဆောင်သောအပြစ်မျိုးရှိ၏။ ထိုသို့သောအပြစ်အတွက် တောင်းလျှောက်ရမည်ဟု ငါမဆိုလို။
ထို့ကြောင့် နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်ကိုယူ၍ ငါ့အစေအပါးယောဘဆီသွားပြီး မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့အစေအပါးယောဘသည် သင်တို့အဖို့ ဆုတောင်းပေးလိမ့်မည်။ သင်တို့သည် ငါ့အကြောင်းကို ယောဘကဲ့သို့ မှန်မှန်ကန်ကန်မပြောသောကြောင့် သင်တို့မိုက်မဲခဲ့သည့်အတိုင်း သင်တို့ကိုမစီရင်မည့်အကြောင်း သူဆုတောင်းပေးလျှင် သူ့မျက်နှာကိုထောက်ပြီး ငါလက်ခံမည်”ဟု မိန့်တော်မူ၏။
ယခု ထိုသူ၏မယားကို ပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်သောကြောင့် သင့်အတွက်ဆုတောင်းပေးလိမ့်မည်။ ထိုအခါ သင်သည် အသက်ချမ်းသာရာရလိမ့်မည်။ သို့သော် သင်ပြန်မပေးလျှင် သင်နှင့်တကွ သင်နှင့်သက်ဆိုင်သူအားလုံးသည် မုချသေရမည်ကို သိမှတ်လော့”ဟု အဘိမလက်မင်းကြီးအား အိပ်မက်ထဲတွင် မိန့်တော်မူ၏။
ထို့ကြောင့် လူတို့သည် မောရှေထံသို့လာ၍ “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုလည်းကောင်း၊ သခင့်ကိုလည်းကောင်း ဆန့်ကျင်ပြောဆို၍ ပြစ်မှားမိကြပါပြီ။ ထိုမြွေများကို အကျွန်ုပ်တို့ထံမှ ဖယ်ရှားပေးတော်မူပါမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းပေးပါ”ဟု ဆိုကြသဖြင့် မောရှေသည် လူတို့အတွက် ဆုတောင်းပေးလေ၏။
ယနေ့သည် ဂျုံရိတ်သိမ်းသောနေ့မဟုတ်လော။ ထာဝရဘုရားသည် မိုးချုန်းသံနှင့်တကွ မိုးကိုရွာသွန်းစေမည့်အကြောင်း ငါသည် ထာဝရဘုရားထံ ဆုတောင်းမည်။ သင်တို့အဖို့ ရှင်ဘုရင်ကိုတောင်းဆိုခြင်းအမှုသည် ထာဝရဘုရားရှေ့တော်၌ မည်မျှအပြစ်ကြီးကြောင်းကို သင်တို့သိမြင်ရလိမ့်မည်”ဟု ဆိုပြီးလျှင်
သူတို့သည် ပရောဖက်ဖြစ်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူတို့နှင့်အတူရှိမည်ဆိုလျှင် ထာဝရဘုရား၏အိမ်တော်၊ ယုဒဘုရင်၏နန်းတော်၊ ဂျေရုဆလင်မြို့၌ ကျန်ရစ်သောအသုံးအဆောင်များကို ဘေဘီလုံမြို့သို့ယူဆောင်မသွားရန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအား တောင်းပန်ကြစေ’ဟု မိန့်တော်မူ၏။