ယေရမိ 52:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထာဝရဘုရား၏အမျက်တော်ကြောင့် ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့ကို အထံတော်မှမနှင်ထုတ်မီ ယုဒပြည်၌ ဤသို့ဖြစ်ပျက်ခဲ့၏။ ဇေဒကိမင်းကြီးသည် ဘေဘီလုံဘုရင်ကို ပုန်ကန်သဖြင့် အခန်းကိုကြည့်ပါ။Common Language Bible3 ယေရုရှလင်မြို့နှင့်ယုဒပြည်၏အခြေ အနေသည်အလွန်ဆိုးရွား၍လာသဖြင့် ထာဝရဘုရားသည်အမျက်ထွက်ပြီး လျှင်ပြည်သားတို့အားပြည်နှင်ဒဏ်သင့် စေတော်မူ၏။ ဇေဒကိသည်ဗာဗုလုန်ဘုရင်ကိုပုန်ကန် သဖြင့်၊- အခန်းကိုကြည့်ပါ။Garrad Bible3 မျက် မှောက် တော် မှ ပယ် ပစ် သည့် တိုင် အောင်၊ ထာ ဝ ရ ဘု ရား အ မျက် တော် ကြောင့်၊ ယေ ရု ရှ လင် မြို့ မှ စ၍၊ ယု ဒ တစ် ပြည် လုံး ၌ ဘေး သင့် သ တည်း။ ဇေ ဒ ကိ မင်း လည်း၊ ဗာ ဗု လုန် ဘု ရင် ကို ခြား နား သည် ဖြစ် ၍၊ အခန်းကိုကြည့်ပါ။Judson Bible3 ထာဝရဘုရားသည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို အထံတော်မှ မနှင်ထုတ်မီတိုင်အောင် အမျက်ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန်ရှင်ဘုရင်ကို ပုန်ကန်လေ၏။ အခန်းကိုကြည့်ပါ။ |
မင်းကြီးကိုနှစ်သက်မြတ်နိုး၍ အစ္စရေးရာဇပလ္လင်တွင် စံမြန်းစေတော်မူသော မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ထာဝရချစ်တော်မူသည်ဖြစ်၍ သူတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာစီရင်အုပ်ချုပ်ရန် မင်းကြီးကို ရှင်ဘုရင်အဖြစ် ခန့်ထားတော်မူပြီ”ဟု ဆိုလေ၏။
ယနေ့ ကိုယ်တော်သည် အကျွန်ုပ်ကို မြေပြင်ပေါ်မှ နှင်ထုတ်တော်မူသဖြင့် အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်မှပုန်းရှောင်လျက် ကမ္ဘာမြေကြီးပေါ်တွင် အတည်တကျနေစရာမရှိ၊ လှည့်လည်သွားလာသူဖြစ်ရပါမည်။ အကျွန်ုပ်ကိုတွေ့သမျှသောသူတို့သည် အကျွန်ုပ်ကိုသတ်ပါလိမ့်မည်”ဟု ထာဝရဘုရားအား လျှောက်လေ၏။
အရှင်မင်းကြီး၊ ဘိုးဘေးတော်တို့ထားခဲ့သောမှတ်တမ်းလွှာများကို ရှာဖွေစိစစ်ကြည့်ပါ။ ဤမြို့သည် ပုန်ကန်တတ်သောမြို့၊ ဘုရင်များနှင့် တိုင်းပြည်၏အကျိုးကို ဆုတ်ယုတ်စေသောမြို့၊ ရှေးယခင်ကပင် ဆူပူအုံကြွမှုဖြစ်စေတတ်သောမြို့ဖြစ်သောကြောင့် ဖျက်ဆီးခံခဲ့ရကြောင်းကို မှတ်တမ်းလွှာများတွင် တွေ့ရှိရပါလိမ့်မည်။