Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 16:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ထို့ကြောင့် ဤ​ပြည်​မှ သင်​တို့​နှင့်​သင်​တို့​ဘိုးဘေး​တို့​မ​သိ​သော​ပြည်​သို့ သင်​တို့​ကို ငါ​နှင်ထုတ်​မည်​။ ထို​ပြည်​၌ အခြား​ဘုရား​များ​ကို နေ့နေ့ညည​အစေခံ​ရ​မည်​။ ငါ​သည် သင်​တို့​ကို မျက်နှာသာပေး​မည်​မ​ဟုတ်ဟူ၍ မိန့်​တော်မူ​သည်’​ဟု ဆင့်ဆို​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ထို့​ကြောင့်​ငါ​သည်​သင်​တို့​အား​သင်​တို့​နှင့်​သင် တို့​ဘိုး​ဘေး​များ​မ​ရောက်​ဘူး​သည့်​ပြည်​သို့ နှင်​ထုတ်​မည်။ ထို​ပြည်​တွင်​သင်​တို့​သည်​အ​ခြား ဘု​ရား​များ​ကို နေ့​ရော​ညဥ့်​ပါ​ဝတ်​ပြု​ကိုး ကွယ်​ကြ​လိမ့်​မည်။ ငါ​၏​ကျေး​ဇူး​က​ရု​ဏာ တော်​ကို​အ​ဘယ်​သို့​မျှ သင်​တို့​ခံစား​ရ​ကြ လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ကြောင်း ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 သို့ ဖြစ်၍ ငါ သည် က ရု ဏာ ကင်း လျက် ဘိုး ဘေး များ မှ စ၍၊ သင် တို့ ကိုယ် တိုင် မ ရောက် ဘူး သော ပြည် သို့၊ အ ခြား ဘု ရား များ ရှေ့၊ နေ့ ညဉ့် မ ဟူ ဝတ် ပြု ကြ စေ ခြင်း ငှာ၊ ဤ ပြည် မှ သင် တို့ ကို၊ ငါ ထုတ် ပစ် မည် ဟု ထာ ဝ ရ ဘုရား မိန့် တော် မူ ကြောင်း၊ သင် ပြန် ဆို ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 သင်​တို့​နှင့် သင်​တို့၏​ဘိုး​ဘေး​မ​သိ​သော​ပြည်​သို့ ဤ​ပြည်​ထဲ​က သင်​တို့​ကို ငါ​နှင်​လိုက်​မည်။ ထို​ပြည်၌ သင်​တို့​သည် ငါ၏​ကျေး​ဇူး​ကို မ​ခံ​ရ။ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို နေ့​ည​မ​ပြတ် ဝတ်​ပြု​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 16:13
21 ပူးပေါင်းရင်းမြစ်များ  

ဘေဘီလုံ​ဘုရင်​သည် ထို​သူ​တို့​ကို ဟာမတ်​ပြည်​၊ ရိဗလ​မြို့​တွင် ဒဏ်ခတ်​ကွပ်မျက်​လေ​၏​။ ဤသို့ဖြင့် ယုဒ​လူမျိုး​တို့​သည် နေရင်းပြည်​မှ ဖမ်းခေါ်​သွား​ခြင်း​ခံရ​လေ​၏​။


သူ​တို့​ကို ငါ​ပေး​ထား​သော​ပြည်​မှ ဖယ်ထုတ်​ပစ်​မည်​။ ငါ့​နာမ​အဖို့ ငါ​သန့်ရှင်း​စေ​သော​ဤ​အိမ်​တော်​ကို​လည်း ငါ့​ရှေ့မှောက်​မှ ဖယ်ရှား​ပြီး လူမျိုး​တကာ​တို့​အလယ်​တွင် ပုံခိုင်းစရာ​၊ ပြောင်လှောင်စရာ ဖြစ်​စေ​မည်​။


သို့ဖြစ်၍ သူ​တို့​သည် မိမိ​တို့​၏​အကျင့်အကြံ​အတိုင်း လျှောက်လှမ်း​ကြ​စေရန် သူ​တို့​နှလုံးသား​၏​မာကျောမှု​လက်​သို့ ငါ​အပ်​လိုက်​၏​။


ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ထို​ကာလ​တွင် ငါ​သည် ပြည်သား​တို့​ကို လွှင့်ပစ်​မည်​။ သူ​တို့​ကို ငါ​ဒုက္ခရောက်​စေ​မည်​။ သူ​တို့​အဖမ်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။


အို အစ္စရေး​လူမျိုး​၏​မျှော်လင့်ရာ​၊ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ ကယ်တင်​ရာ​ဖြစ်​တော်မူ​သော​အရှင်​၊ ကိုယ်တော်​သည် အဘယ်ကြောင့် အကျွန်ုပ်​တို့​ပြည်​၌ တိုင်းတစ်ပါးသား​ကဲ့သို့​ဖြစ်​ရ​သနည်း​၊ အဘယ်ကြောင့် တစ်ညသာ​လာရောက်​တည်းခို​သွား​သော ခရီးသွား​ဧည့်သည်​ကဲ့သို့​ဖြစ်​ရ​သနည်း​။


တစ်ဖန် ထာဝရဘုရား​က ငါ့​အား “​မောရှေ​နှင့်​ရှမွေလ​သည် ငါ့​ရှေ့​၌​လာရပ်​လျှင်ပင် ဤ​လူမျိုး​ထံ ငါ့​စိတ်​ပြန်လည်​လာ​မည်​မ​ဟုတ်​။ သူ​တို့​ကို ငါ့​ရှေ့​မှ နှင်ထုတ်​လော့​။ ငါ့​ရှေ့​မှ ထွက်သွား​စေ​လော့​။


တောက်လောင်​သော​ငါ့​အမျက်​မီး​သည် သင်​တို့​ကို​လောင်ကျွမ်း​မည်​ဖြစ်၍ သင်​မ​သိ​သော​ပြည်​သို့ ရန်သူ​တို့​နှင့်အတူ သင်​လိုက်ပါ​သွား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ဂျေရုဆလင်​မြို့​၌ ဟေဇကိ​၏​သား​၊ ယုဒ​ဘုရင်​မနာရှေ​ပြု​ခဲ့​သော​အမှု​ကြောင့် ငါ​သည် သူ​တို့​အား မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး​အတွက် ထိတ်လန့်စရာ​ဖြစ်​စေ​မည်​။


ထာဝရဘုရား​က “​ငါ​သည် ဤ​လူမျိုး​တို့​ထံ​မှ ငါ​၏​ငြိမ်သက်​ခြင်း​၊ မေတ္တာကရုဏာ​၊ သနားစုံမက်​ခြင်း​တို့​ကို ရုပ်သိမ်း​ပြီ​။ သို့ဖြစ်၍ အသုဘ​အိမ်​ကို မ​ဝင်​နှင့်​။ သွား​၍​ငိုကြွေးမြည်တမ်း​ခြင်း​၊ နှစ်သိမ့်​ခြင်း မ​ပြု​နှင့်​”​ဟု မိန့်​တော်မူ​၏​။


သင့်​အား ငါ​ပေး​သော​အမွေ​ကို သင်​လက်လွတ်​ရ​မည်​။ သင်​မ​သိ​သော​ပြည်​တွင် သင်​၏​ရန်သူ​တို့​အား သင်​အစေခံ​ရ​မည်​။ အစဉ်အမြဲ​တောက်လောင်​နေ​မည့် ငါ့​အမျက်​မီး​ကို သင်​မွှေး​လေ​ပြီ​။


ငါ​သည် သင်​နှင့် သင့်​မွေးသမိခင်​ကို သင်​တို့​မွေးဖွား​ရာ​အရပ်​မ​ဟုတ်​သော​အခြား​ပြည်​သို့ နှင်ထုတ်​လိုက်​မည်​။ ထို​ပြည်​၌ပင် သင်​တို့​သေ​ရ​လိမ့်မည်​။


“​ခေါနိ​ဟူသော ဤ​လူ​သည် အသုံးမဝင်​သော​အိုး​ကွဲ​လော​။ မည်သူ​မျှ​အလို​မ​ရှိ​သော​အိုး​လော​။ အဘယ်ကြောင့် သူ​နှင့်​သူ့​အမျိုးအနွယ်​ကို စွန့်ပစ်​ရ​သနည်း​။ အဘယ်ကြောင့် သူ​တို့​မ​သိ​သော​ပြည်​သို့ သူ​တို့​ကို နှင်ထုတ်​ရ​သနည်း​။


‘​ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ​တို့​ကို အဘယ်ကြောင့် ဤ​အမှု​အလုံးစုံ​တို့​နှင့် ကြုံ​စေ​သနည်း​’​ဟု သူ​တို့​မေး​ကြ​လျှင် ‘​သင်​တို့​သည် ငါ့​ကို​စွန့်ပယ်​၍ သင်​တို့​၏​ပြည်​၌ပင် တိုင်းတစ်ပါးသား​တို့​၏​ဘုရား​များ​ကို အစေခံ​သည့်​နည်းတူ သင်​တို့​ပြည်​မ​ဟုတ်​သော​ပြည်​၌ သူစိမ်း​တို့​ကို အစေခံ​ရ​လိမ့်မည်​’​ဟု သင်​ပြန်ဖြေ​လော့​။


သူ​တို့​သည် စက်ဆုပ်ရွံရှာဖွယ်​သော​အမှု​ကို​ပြု​သောအခါ ရှက်​ကြ​သလော​။ လုံးဝ​မ​ရှက်​ကြ​။ ရှက်ကြောက်​ရ​မည်​ကို မ​သိ​ကြ​။ ထို့ကြောင့် အခြား​သူ​တို့​လဲကျ​ရာ​သို့ သူ​တို့​လည်း လဲကျ​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​ကို ဒဏ်ခတ်​သောအခါ ပြိုလဲ​သွား​ကြ​လိမ့်မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ထာဝရဘုရား​သည် သင့်​ကို​လည်းကောင်း​၊ သင်​တင်မြှောက်​ထား​သော သင့်​ကို​အုပ်စိုး​သည့်​ရှင်ဘုရင်​ကို​လည်းကောင်း သင်​မ​သိ​၊ သင့်​ဘိုးဘေး​တို့​လည်း​မ​သိ​သော လူမျိုး​ထံသို့ ဆောင်သွား​တော်မူ​သဖြင့် သင်​သည် ထို​အရပ်​၌ အခြား​ဘုရား​များ​ဖြစ်​သည့် သစ်သား​ဘုရား​၊ ကျောက်​ဘုရား​တို့​ကို​ဝတ်ပြု​ရ​လိမ့်မည်​။


ထာဝရဘုရား​သည် သူ​တို့​ကို အမျက်​ဒေါသ​ပြင်းထန်​စွာ​ဖြင့် သူ​တို့​၏​ပြည်​ထဲ​မှ နုတ်​၍ ယနေ့​မြင်​ရ​သည့်​အတိုင်း သူ​တို့​ကို အခြား​သော​ပြည်​သို့ လွှင့်ပစ်​လိုက်​၏​’​ဟု ဆို​ကြ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ