လူမျိုးတို့သည် ရှိလောကိုနာခံကြလိမ့်မည်။ သူမရောက်လာမီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှ ထွက်သွားမည်မဟုတ်၊ ကျိုင်းသည်လည်း သူ့ခြေထောက်ကြားမှထွက်သွားမည်မဟုတ်။
ယေဇကျေလ 19:14 - မြန်မာ့စံမီသမ္မာကျမ်း အကိုင်းတစ်ကိုင်းမှ မီးထွက်လာ၍ အသီးတို့ကို လောင်ကျွမ်းလေ၏။ ထို့ကြောင့် ရာဇလှံတံအဖြစ် အသုံးပြုနိုင်သည့် သန်မာသောအကိုင်းအခက်တစ်ခုမျှမရှိတော့ပေဟု သီဆိုလော့။ ဤသည်ကား ငိုကြွေးမြည်တမ်းစရာ ငိုချင်းတစ်ပုဒ်ပေတည်း’ဟူ၍ မြွက်ဆိုလော့”ဟု မိန့်ဆို၏။ Common Language Bible ယင်း၏ပင်စည်ကိုမီးသင့်လောင်သဖြင့် အကိုင်းအခက်နှင့်အသီးများသည်လည်း လောင်ကျွမ်းသွားလေသည်။ ထိုအပင်၏အကိုင်းတို့သည်အဘယ်အခါ ၌မျှ ပြန်လည်ခိုင်ခံ့သန်မာလာကြတော့မည်မဟုတ်။ အဘယ်အခါ၌မျှရာဇလှံတံအဖြစ် အသုံးဝင်ကြတော့မည်မဟုတ်။ ဤကားစပ်ဆိုထားသည့်ငိုချင်းဖြစ်၏။ ထို ငိုချင်းကိုအဖန်တစ်လဲလဲသီဆိုကြ ရမည်။ Garrad Bible အ ခက် အ လက် နှင့် အ ကိုင်း များ မှ ပေါ် ထွက် သ ဖြင့်၊ ရာ ဇ လှံ တံ အ ဖြစ် ခိုင် ခံ့ သော အ ကိုင်း တစ် လက် မျှ မ ရှိ ချေ ဟု ဖွဲ့ ဆို လော့။ ဤ အ ချက် သည်၊ ဖွဲ့ ဆို ရန် ငို ချင်း ချက် ဖြစ် သည် ဟူ၍ တည်း။ Judson Bible အခက်အလက်တံဖျာတစ်ခုထဲက မီးထွက်၍ အသီးကို ကျွမ်းလောင်ပြီး၊ အစိုးရသော ရာဇလှံတံဖို့ ခိုင်ခံ့သောတံဖျာ တစ်စုံတစ်ခုမျှ မကျန်ကြွင်း။ ဤရွေ့ကား၊ ငိုကြွေးမြည်တမ်းခြင်းအကြောင်းဖြစ်၏။ ငိုကြွေးမြည်တမ်းစရာအကြောင်းလည်း ဖြစ်လိမ့်မည်။ |
လူမျိုးတို့သည် ရှိလောကိုနာခံကြလိမ့်မည်။ သူမရောက်လာမီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှ ထွက်သွားမည်မဟုတ်၊ ကျိုင်းသည်လည်း သူ့ခြေထောက်ကြားမှထွက်သွားမည်မဟုတ်။
ထာဝရဘုရား အမျက်တော်ကြောင့် ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်ကို ရှေ့တော်မှဖယ်ရှားလိုက်သည်အထိ ဤသို့ဖြစ်ရခြင်း ဖြစ်၏။ ဇေဒကိမင်းကြီးသည်လည်း ဘေဘီလုံဘုရင်ကို ပြန်၍ပုန်ကန်၏။
သူ့အား ဘုရားသခင်ထံတိုင်တည်ကျိန်ဆိုစေခဲ့သောနေဗုခဒ်နေဇာမင်းကြီးကိုလည်း ပုန်ကန်၏။ သူသည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ ပြန်မလှည့်၊ ခေါင်းမာလျက်၊ စိတ်နှလုံးမာကျောလျက်သာ နေ၏။
အကျွန်ုပ်တို့၏အပြစ်များကြောင့် အကျွန်ုပ်တို့ကိုအုပ်ချုပ်ရန် ကိုယ်တော်ခန့်ထားတော်မူသောရှင်ဘုရင်တို့သည် ဤပြည်ထွက်သီးနှံများကို အလျှံအပယ်စားသုံးနေကြရပါ၏။ အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏တိရစ္ဆာန်တို့ကို အလိုရှိသည့်အတိုင်း ခိုင်းစေကြပါ၏။ အကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခအကြီးအကျယ်ခံရပါ၏”ဟု ဆိုကြ၏။
ထာဝရဘုရားသည် သင်၏တန်ခိုးကြီးသော ရာဇလှံတံကို ဇိအုန်မှစေလွှတ်တော်မူလိမ့်မည်။ သင်၏ရန်သူများအလယ်၌ အုပ်စိုးလော့။
အကြောင်းမူကား သူတို့သည် ယာကုပ်အမျိုးကိုဝါးမျို၍ သူ၏မှီတင်းနေထိုင်ရာအရပ်ကို ဖျက်ဆီးကြပါပြီ။
သင့်မိဖုရားနှင့် သားတော်၊ သမီးတော် အားလုံးကို ခါလဒဲစစ်သည်တို့ ခေါ်ဆောင်သွားလိမ့်မည်။ သင်သည်လည်း သူတို့လက်မှ လွတ်မည်မဟုတ်။ ဘေဘီလုံဘုရင်၏လက်အောက်သို့ ရောက်ရလိမ့်မည်။ ဤမြို့သည်လည်း မီးရှို့ခြင်းခံရလိမ့်မည်’ဟူ၍ ဖော်ပြတော်မူပြီ”ဟု လျှောက်ဆို၏။
ထာဝရဘုရား၏အမျက်တော်ကြောင့် ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့ကို အထံတော်မှမနှင်ထုတ်မီ ယုဒပြည်၌ ဤသို့ဖြစ်ပျက်ခဲ့၏။ ဇေဒကိမင်းကြီးသည် ဘေဘီလုံဘုရင်ကို ပုန်ကန်သဖြင့်
ငါတို့က “လူမျိုးခြားတို့တွင် ထိုသူ၏အရိပ်အောက်၌ ငါတို့ခိုလှုံအသက်ရှင်ကြမည်”ဟု ဆိုခဲ့သော်လည်း ငါတို့၏အသက်သခင်ဖြစ်သော၊ ထာဝရဘုရားဘိသိက်ပေးသော ထိုသူသည် သူတို့တူးသောတွင်းထဲသို့ ကျလေပြီ။
လောင်စာအဖြစ် မီးထဲသို့ပစ်ချလိုက်လျှင် အရင်းရောအဖျားပါ မီးလောင်၍ အလယ်ပိုင်းလည်း ကျွမ်းသွားသောအခါ တစ်စုံတစ်ရာအသုံးဝင်သေးသလော။
ထိုအပင်ကို ပြောင်းစိုက်လျှင်လည်း ရှင်သန်မည်လော။ အရှေ့လေတိုက်သောအခါ ညှိုးနွမ်းခြောက်သွေ့သွားမည်မဟုတ်လော။ စင်စစ် မိမိပေါက်ရာအရပ်၌ပင် ညှိုးနွမ်းသွားရလိမ့်မည်ဟု မိန့်တော်မူသည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
အကိုင်းအခက်များ သန်မာသောကြောင့် ရာဇလှံတံအဖြစ်ပင် အသုံးပြုနိုင်၏။ ကြီးထွားမြင့်မားပြီး အကိုင်းအခက်များလည်း များစွာဖြာထွက်၏။ ပင်မြင့်ဖြစ်၍ အပင်တကာတို့ကြားတွင် ထီးထီးကြီးမြင်တွေ့နိုင်၏။
တောင်ဘက်ရှိတောအုပ်အား ‘ထာဝရဘုရား၏စကားကို နားထောင်လော့။ ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ သင့်ကို မီးရှို့သဖြင့် သင်၌ရှိသောစိမ်းလန်းသောအပင်၊ ခြောက်သွေ့သောအပင် ရှိသမျှတို့ကို မီးလောင်ကျွမ်းလိမ့်မည်။ တောက်လောင်သောမီးသည် မငြိမ်းဘဲ တောင်ဘက်မှ မြောက်ဘက်တိုင်အောင် မြေတစ်ပြင်လုံးကို လောင်လိမ့်မည်။
ထိုမီးကို ငါထာဝရဘုရားရှို့ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်။ ထိုမီးသည် ငြိမ်းလိမ့်မည်မဟုတ်ဟု မိန့်တော်မူသည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
သူတို့သည် သင့်ကြောင့်ငိုကြွေးလျက် အို ပင်လယ်သားနေသောမြို့၊ ပင်လယ်ပြင်မှာအားကြီးသောမြို့၊ ကျော်စောသောမြို့၊ သင်သည် ပျက်စီးလေပြီတကား။ မြို့သားတို့သည် ပင်လယ်သားအားလုံးကို ကြောက်ရွံ့တုန်လှုပ်စေခဲ့၏။
သူတို့က “ငါတို့သည် ထာဝရဘုရားကို မကြောက်ရွံ့ကြသောကြောင့် ငါတို့၌ ရှင်ဘုရင်မရှိတော့ပြီ။ ရှင်ဘုရင်ရှိလျှင်လည်း ငါတို့အဖို့ မည်သို့ပြုပေးနိုင်မည်နည်း”ဟု ဆိုကြလိမ့်မည်။
အစ္စရေးအမျိုးသားတို့သည် ရှင်ဘုရင်နှင့် အကြီးအကဲ မရှိ၊ ယဇ်ပူဇော်ခြင်း မရှိ၊ အထွတ်အမြတ်ကျောက်တိုင် မရှိ၊ ဧဖုဒ် မရှိ၊ တေရပ်ရုပ်တု မရှိ။ ထိုကဲ့သို့ နေ့ရက်များစွာ နေရလိမ့်မည်။
ထိုနေ့ရက်၌ ပြိုလဲခဲ့သည့်ဒါဝိဒ်၏တဲကို ပြန်လည်ထူထောင်မည်။ ပေါက်ပြဲရာများကို ပြန်လည်ဖာထေးမည်။ ပျက်စီးရာများကို ပြန်လည်ပြုပြင်မည်။ ရှေးကာလကဲ့သို့ ပြန်လည်တည်ဆောက်မည်။
ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ရောက်လာ၍ ထိုမြို့ကိုမြင်တော်မူလျှင် ၎င်းအတွက် ငိုကြွေးလျက်
ထိုအခါ သူတို့က “သုတ်သင်လိုက်ပါ၊ သုတ်သင်လိုက်ပါ၊ သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု အော်ဟစ်ကြ၏။ ပိလတ်မင်းက “သင်တို့၏ဘုရင်ကို လက်ဝါးကပ်တိုင်ပေါ်၌ ငါတင်ရမည်လော”ဟု မေးလျှင် ယဇ်ပုရောဟိတ်အကြီးအကဲတို့က “အကျွန်ုပ်တို့တွင် ဆီဇာဧကရာဇ်မှလွဲ၍ အခြားဘုရင်မရှိပါ”ဟု ပြန်လျှောက်ကြ၏။
ဆူးလေပင်ကလည်း သစ်ပင်တို့အား ‘စင်စစ် သင်တို့သည် ငါ့ကို ဘိသိက်ပေး၍ သင်တို့ကို အုပ်စိုးစေလိုလျှင် လာကြ၊ ငါ့အရိပ်၌ ခိုလှုံကြ။ သို့မဟုတ်လျှင် ဆူးလေပင်ထဲက မီးထွက်ပြီး လက်ဘနွန်တောင်ရှိ သစ်ကတိုးပင်များကို လောင်ကျွမ်းပစ်မည်’ဟု ဆိုလေ၏။