Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 4:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ငါ​တို့​က “​လူမျိုးခြား​တို့​တွင် ထို​သူ​၏​အရိပ်​အောက်​၌ ငါ​တို့​ခိုလှုံ​အသက်ရှင်​ကြ​မည်​”​ဟု ဆို​ခဲ့​သော်လည်း ငါ​တို့​၏​အသက်သခင်​ဖြစ်​သော​၊ ထာဝရဘုရား​ဘိသိက်ပေး​သော ထို​သူ​သည် သူ​တို့​တူး​သော​တွင်း​ထဲသို့ ကျ​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​သည့်​ဘု​ရင် ငါ​တို့​၏​အ​သက်​သ​ခင်​ရန်​သူ​အ​ပေါင်း​တို့​၏​ဘေး​မှ ကွယ်​ကာ​စောင့်​ရှောက်​ရန်​ငါ​တို့​ယုံ​ကြည်​ကိုး​စား​သည့် အ​ရှင်​ကို​ဖမ်း​ဆီး​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 အ ရိပ် တော် အောက်၊ လူ မျိုး ခြား တို့ ဘောင် တွင် မှီ ခို ခွင့် ရ မည် ဟု၊ ငါ တို့ မျှော် လင့် ခဲ့ ကြ သော ထာ ဝ ရ ဘုရား၏ ဘိ သိက် တော် ခံ မင်း၊ ငါ တို့ ထွက် သက် ဝင် သက် တော် ကို၊ တွင်း ကျ ဖြင့် ဖမ်း မိ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ငါ​တို့ ထွက်​သက်​ဝင်​သက်​တည်း​ဟူ​သော၊ ထာ​ဝ​ရ​ဘု​ရား​သည်​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​အ​ရှင်​ကို သူ​တို့​သည် မြေ​တွင်း၌ ဖမ်း​မိ​ကြ​ပြီ။ ထို​အ​ရှင်၏ ဘုန်း​တော်​ကို​ခို​လှုံ၍၊ ငါ​တို့​သည် သာ​သ​နာ​ပ​လူ​တို့​တွင် အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်​ဟု အ​ထက်​က​ဆို​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 4:20
27 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ထာဝရအရှင်​ဘုရားသခင်​သည် မြေမှုန့်​ဖြင့် လူ​ကို​ပုံဖော်ဖန်ဆင်း​၍ သူ​၏​နှာခေါင်း​ထဲသို့ ဇီဝ​အသက်​ကို မှုတ်သွင်း​တော်မူ​ရာ လူ​သည် သက်ရှိသတ္တဝါ​ဖြစ်လာ​၏​။


သို့ဖြစ်၍ အကျွန်ုပ်​သည် သခင့်​အစေအပါး​ဖြစ်​သော အကျွန်ုပ်​ဖခင်​ထံသို့​ပြန်ရောက်​သောအခါ အကျွန်ုပ်​တို့​နှင့်အတူ သူငယ်​မ​ပါ​လျှင် အဖေ​၏​အသက်​သည် သူငယ်​၏​အသက်​နှင့်​နှောင်ဖွဲ့ရစ်ပတ်​လျက်​ရှိ​သောကြောင့်


ဒါဝိဒ်​က​လည်း “​ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​အား သင် ကိုယ်ထိလက်ရောက်​သတ်ပစ်​သည်​ကို သင်​မ​ကြောက်​သလော​”​ဟု သူ့​အား ဆို​ပြီး


ဂိလဗော​တောင်​များ​ပေါ်တွင် နှင်း​မ​ကျ​ပါစေ​နှင့်​။ မိုး​လည်း မ​ရွာ​ပါစေ​နှင့်​။ လယ်မြေ​တို့​တွင်​လည်း လှူဖွယ်ကောက်နှံ​တို့ မ​ဖြစ်ထွန်း​ပါစေ​နှင့်​။ အကြောင်းမှာ ထို​အရပ်​တွင် သူရဲကောင်း​တို့​၏​ဒိုင်းလွှား​များ ရှုံးနိမ့်​ရ​လေ​ပြီ​။ ရှောလု​မင်းကြီး​၏​ဒိုင်းလွှား​သည်​လည်း ဆီသ​ထား​ခြင်း မ​ရှိ​တော့​ပြီ​။


သို့သော် သူ​တို့​က “​အရှင်မင်းကြီး ချီ​တော်​မ​မူ​ပါ​နှင့်​။ စင်စစ် အကျွန်ုပ်​တို့ ထွက်ပြေး​သွား​လျှင်လည်း သူ​တို့ အရေးထား​မည်​မ​ဟုတ်​ပါ​။ အကျွန်ုပ်​တို့ တစ်ဝက်​မျှ သေ​သွား​လျှင်လည်း သူ​တို့ အရေးထား​မည်​မ​ဟုတ်​ပါ​။ အရှင်မင်းကြီး​တစ်ပါးတည်း​သည် အကျွန်ုပ်​တို့ လူ​တစ်သောင်း​နှင့် ညီမျှ​ပါ​၏​။ အရှင်မင်းကြီး မြို့​ထဲ၌​နေရစ်​ပြီး အကျွန်ုပ်​တို့​ကို ကူညီ​ခြင်း​က ပိုကောင်း​ပါ​လိမ့်မည်​”​ဟု လျှောက်တင်​ကြ​၏​။


ထိုအခါ ဇေရုယာ​၏​သား အဘိရှဲ​က “​ရှိမိ​သည် ထာဝရဘုရား ဘိသိက်ပေး​တော်မူ​သော​သူ​ကို ကျိန်ဆဲ​ခဲ့​လေ​ပြီ​။ ထို့အတွက်ကြောင့် သူ​အသေသတ်​ခြင်း​ခံရ​မည် မ​ဟုတ်​လော​”​ဟု ဆို​လျှင်


ယေရမိ​သည် ယောရှိ​မင်းကြီး​အတွက် ငိုချင်း​ကို ဖွဲ့​ခဲ့​၏​။ သီချင်းသည်​ယောက်ျား​မိန်းမ​အပေါင်း​တို့​သည်​လည်း ယောရှိ​မင်းကြီး​အတွက် ငိုချင်း​များ​ကို ယနေ့​တိုင် သီဆို​နေ​ကြ​၏​။ ထို​ငိုချင်း​တို့​ကို အစ္စရေး​ပြည်​၏​ဓလေ့ထုံးတမ်း​တစ်​ခု​အဖြစ်​ထားရှိ​ပြီး မြည်တမ်းစာ​၌​ရေးမှတ်​ထား​ကြ​၏​။


သူ​တို့​သည် လေဘေး​မှ​ခိုလှုံ​ရာ​၊ မုန်တိုင်းဘေး​မှ​ကွယ်ကာ​ရာ​ကဲ့သို့​၊ ခြောက်သွေ့​သော​အရပ်​မှ စမ်းချောင်း​ကဲ့သို့​၊ ပူပြင်း​သော​အရပ်​မှ ကျောက်ဆောင်​ကြီး​၏​အရိပ်​ကဲ့သို့ ဖြစ်​ကြ​မည်​။


ခါလဒဲ​စစ်သည်​တို့​က​လည်း သူ​တို့​နောက်သို့​လိုက်​ရာ ဂျေရိခေါ​လွင်ပြင်​တွင် ဇေဒကိ​မင်းကြီး​ကို​မီ​သဖြင့် သူ့​ကို​ဖမ်း​ပြီး ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ရှိ​ရာ ဟာမတ်​ပြည်​၊ ရိဗလ​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၍ ဘေဘီလုံ​ဘုရင်​သည် ဇေဒကိ​မင်းကြီး​ကို စီရင်ချက်​ချ​လေ​၏​။


ခါလဒဲ​စစ်သည်​တို့​သည်​လည်း ရှင်ဘုရင်​နောက်သို့​လိုက်​ကြ​ရာ ဇေဒကိ​မင်းကြီး​ကို ဂျေရိခေါ​လွင်ပြင်​၌ မီ​လေ​၏​။ သူ​၏​စစ်သည်​အပေါင်း​တို့​သည်​လည်း တကွဲတပြား​ထွက်ပြေး​ကြ​၏​။


ခါလဒဲ​စစ်သည်​တို့​သည် ဇေဒကိ​မင်းကြီး​ကို​ဖမ်းဆီး​ပြီး ဘေဘီလုံ​ဘုရင်​ရှိ​ရာ ဟာမတ်​ပြည်​၊ ရိဗလ​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၍ ဘေဘီလုံ​ဘုရင်​သည် သူ့​ကို စီရင်ချက်​ချ​လေ​၏​။


မြို့​တံခါး​တို့​သည် မြေကြီး​ထဲသို့​နစ်ဝင်​သွား​ကြ​ပြီ​။ ကန့်လန့်ကျင်​တို့​ကို ကျိုးပဲ့​ပျက်စီး​စေ​တော်မူ​ပြီ​။ ရှင်ဘုရင်​နှင့်​မှူးမတ်​တို့​သည် လူမျိုးခြား​တို့​တွင် နေ​ရ​လေ​ပြီ​။ ပညတ်တရား​လည်း​မ​ရှိ​တော့​ပြီ​။ ပရောဖက်​တို့​သည်​လည်း ထာဝရဘုရား​ထံ​တော်​မှ ဗျာဒိတ်နိမိတ်​ကို​မ​ရ​ကြ​တော့​ပြီ​။


ထို​မင်း​ကို ပိုက်ကွန်​နှင့်​အုပ်​သဖြင့် သူ​သည် ပိုက်ကွန်​၌​မိ​လိမ့်မည်​။ သူ့​ကို ခါလဒဲ​ပြည်​၊ ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​မည်​ဖြစ်​သော်လည်း ထို​မြို့​ကို သူ​မြင်​ခွင့်​ရ​မည်​မ​ဟုတ်​။ ထို​မြို့​တွင်ပင် သူ​သေ​ရ​လိမ့်မည်​။


သူ​သည် ပဋိညာဉ်​ကို​ချိုးဖောက်​ခြင်း​ဖြင့် ကျိန်ဆို​ခဲ့​သည်​ကို​မထီမဲ့မြင်ပြု​လျက် တစ်ပါးသူ​ကို အကူအညီ​တောင်း​၏​။ ထိုသို့​ပြု​သောကြောင့် သူ​သည် ဘေးလွတ်​မည်​မ​ဟုတ်’​ဟု မိန့်​တော်မူ​၏​။


လူမျိုးတကာ​တို့​တွင် သူ့​အရိပ်​ကို​ခိုနေ​သော သူ့​လက်ရုံး​တို့​သည်​လည်း ဓား​ဖြင့်​အသတ်ခံရ​သူ​များ​ရှိ​ရာ မရဏာနိုင်ငံ​သို့ သူ​နှင့်အတူ ကျသွား​လိမ့်မည်​။


အရွက်​များ ဝေဆာ​လှပ​ပြီး အသီး​လည်း လှိုင်လှိုင်သီး​သောကြောင့် ထို​အပင်​ကို မှီခို​သော​သတ္တဝါ​အားလုံး စားစရာ​ရရှိ​ကြ​၏​။ တောတိရစ္ဆာန်​တို့​သည် ထို​အပင်​အောက်​၌ အရိပ်ခို​ကြ​ပြီး မိုးကောင်းကင်​ငှက်​တို့​သည်​လည်း ထို​အပင်​၏​အကိုင်းအခက်​များ​တွင် အသိုက်​ကို​လုပ်​ကြ​၏​။ သက်ရှိသတ္တဝါ​အားလုံး​တို့​သည် ထို​အပင်​ကို မှီခို​စားသုံး​ကြ​၏​။


အမြို့မြို့​တွင်​နေ​သော​သင်​တို့​ကို ကယ်တင်​မည့်​ဘုရင်​ကား အဘယ်မှာ​နည်း​။ ‘အကျွန်ုပ်​တို့​အား ရှင်ဘုရင်​၊ အကြီးအကဲ​ကို ပေး​ပါ’​ဟု သင်​တို့​တောင်းဆို​ခဲ့​သော အုပ်ချုပ်သူ​ကား အဘယ်မှာ​နည်း​။


ဆူးလေပင်​က​လည်း သစ်ပင်​တို့​အား ‘​စင်စစ် သင်​တို့​သည် ငါ့​ကို ဘိသိက်ပေး​၍ သင်​တို့​ကို အုပ်စိုး​စေ​လို​လျှင် လာ​ကြ​၊ ငါ့​အရိပ်​၌ ခိုလှုံ​ကြ​။ သို့မဟုတ်လျှင် ဆူးလေပင်​ထဲက မီး​ထွက်​ပြီး လက်ဘနွန်​တောင်​ရှိ သစ်ကတိုးပင်​များ​ကို လောင်ကျွမ်း​ပစ်​မည်​’​ဟု ဆို​လေ​၏​။


ယခု သင်​တို့​ရှေ့​မှာ ငါ​ရှိ​၏​။ မည်သူ့​နွား​ကို ငါ​ယူ​ဖူး​သနည်း​၊ မည်သူ့​မြည်း​ကို ငါ​ယူ​ဖူး​သနည်း​။ မည်သူ့​ကို ငါ​လှည့်စား​ဖူး​သနည်း​။ မည်သူ့​ကို ငါ​ညှဉ်းဆဲ​ဖူး​သနည်း​။ မသိကျိုးကျွန်​ပြု​ရန်​အတွက် မည်သူ့​ထံမှ ငါ​လာဘ်​ယူ​ဖူး​သနည်း​။ ထာဝရဘုရား​ရှေ့​၊ ဘိသိက်ခံ​ဘုရင်​၏​ရှေ့​တွင် သင်​တို့​သက်သေ​ပြ​လော့​။ ရှိ​ခဲ့​လျှင် ငါ​ပြန်​ပေးဆပ်​မည်​”​ဟု ဆို​၏​။


ရှမွေလ​က​လည်း “​သင်​တို့​ထံမှ မည်သည့်​ပစ္စည်း​တစ်စုံတစ်ရာ​မျှ မ​ယူ​ခဲ့​ကြောင်း ထာဝရဘုရား​သည် သက်သေ​ဖြစ်​တော်မူ​၏​။ ယနေ့ ကိုယ်တော်​၏​ဘိသိက်ခံ​သူ​လည်း သက်သေ​ဖြစ်​၏​”​ဟု ဆို​လျှင် သူ​တို့​က​လည်း “​သက်သေ​ဖြစ်​ပါ​၏​”​ဟု ဆို​ကြ​၏​။


သူ​တို့​ရောက်လာ​ကြ​သောအခါ ရှမွေလ​သည် ဧလျာဘ​ကို​မြင်​လျှင် “​ထာဝရဘုရား ဘိသိက်ပေး​မည့်​သူ​သည် ရှေ့မှောက်​တော်​သို့ ရောက်​ပြီ​”​ဟု တွေး​၏​။


ယခုပင်​ကြည့်​ပါ​လော့​။ ထာဝရဘုရား​သည် လိုဏ်ဂူ​ထဲ​ရောက်​နေ​သော​အရှင်မင်းကြီး​အား အကျွန်ုပ်​လက်​သို့ အပ်​တော်မူ​သည်​ကို ယနေ့ အရှင်မင်းကြီး​အမြင်​ပင် ဖြစ်​ပါ​၏​။ အရှင်မင်းကြီး​ကို ကွပ်မျက်​ရန်​ပြောဆို​ကြ​သော်လည်း အရှင်မင်းကြီး​ကို အကျွန်ုပ်​နှမြော​သည်​ဖြစ်၍ အကျွန်ုပ်​က ‘ငါ​သည် ငါ့​သခင်​ကို ကိုယ်ထိလက်ရောက်​မ​ပြု​။ အကြောင်းမှာ သူ​သည် ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​ဖြစ်​၏’​ဟု ပြန်ပြော​ပါ​၏​။


ထို့ကြောင့် သူ့​နောက်လိုက်​တို့​အား “​ထာဝရဘုရား ဘိသိက်ပေး​တော်မူ​သော ငါ့​သခင်​ကို ကိုယ်ထိလက်ရောက်​ပြု​ခြင်း​မှ ထာဝရဘုရား​သည် ငါ့​ကို ဆီးတား​တော်မူ​ပါစေသော​။ အကြောင်းမူကား ထို​သခင်​သည် ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​ဖြစ်​၏​”​ဟု ဆို​၏​။


သင် ဤသို့​ပြု​သည်​မှာ မကောင်းမသင့်​ပေ​။ ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ထာဝရဘုရား​၏​ဘိသိက်ခံ သင်​၏​ရှင်ဘုရင်​ကို သင်​မ​စောင့်ရှောက်​နိုင်​သောကြောင့် သင်​သည် အမှန်ပင် သေ​သင့်​သော​သူ​ဖြစ်​၏​။ ယခု ကြည့်​ပါ​။ ရှင်ဘုရင်​၏​ခေါင်းရင်း​၌​ထား​သော လှံ​နှင့်​ရေဘူး​ကား အဘယ်မှာ​နည်း​”​ဟု အော်ပြော​လေ​၏​။


သို့သော် ဒါဝိဒ်​က အဘိရှဲ​အား “​သူ့​ကို မ​သတ်​နှင့်​။ ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​ကို ကိုယ်ထိလက်ရောက်​ပြု​သော​သူ​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​လော”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ