မြည်တမ်းစကား 4:20 - Garrad Bible20 အ ရိပ် တော် အောက်၊ လူ မျိုး ခြား တို့ ဘောင် တွင် မှီ ခို ခွင့် ရ မည် ဟု၊ ငါ တို့ မျှော် လင့် ခဲ့ ကြ သော ထာ ဝ ရ ဘုရား၏ ဘိ သိက် တော် ခံ မင်း၊ ငါ တို့ ထွက် သက် ဝင် သက် တော် ကို၊ တွင်း ကျ ဖြင့် ဖမ်း မိ ကြ ၏။ အခန်းကိုကြည့်ပါ။Common Language Bible20 သူတို့သည်ထာဝရဘုရားရွေးချယ်သည့်ဘုရင် ငါတို့၏အသက်သခင်ရန်သူအပေါင်းတို့၏ဘေးမှ ကွယ်ကာစောင့်ရှောက်ရန်ငါတို့ယုံကြည်ကိုးစားသည့် အရှင်ကိုဖမ်းဆီးကြပါ၏။ အခန်းကိုကြည့်ပါ။Judson Bible20 ငါတို့ ထွက်သက်ဝင်သက်တည်းဟူသော၊ ထာဝရဘုရားသည်ပေးတော်မူ၍ ဘိသိက်ခံသောအရှင်ကို သူတို့သည် မြေတွင်း၌ ဖမ်းမိကြပြီ။ ထိုအရှင်၏ ဘုန်းတော်ကိုခိုလှုံ၍၊ ငါတို့သည် သာသနာပလူတို့တွင် အသက်ချမ်းသာရလိမ့်မည်ဟု အထက်ကဆိုတတ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ငါတို့က “လူမျိုးခြားတို့တွင် ထိုသူ၏အရိပ်အောက်၌ ငါတို့ခိုလှုံအသက်ရှင်ကြမည်”ဟု ဆိုခဲ့သော်လည်း ငါတို့၏အသက်သခင်ဖြစ်သော၊ ထာဝရဘုရားဘိသိက်ပေးသော ထိုသူသည် သူတို့တူးသောတွင်းထဲသို့ ကျလေပြီ။ အခန်းကိုကြည့်ပါ။ |
တပ် တော် သား တို့ က၊ ချီ တက် တော် မ မူ ပါ နှင့်။ ကျွန် တော် တို့ ဆုတ် ပြေး ရ သည် ဖြစ် စေ၊ ထက် ဝက် ကျ ဆုံး သည် ဖြစ် စေ၊ ရန် သူ တို့ အ ရေး မ ယူ လောက် ပါ။ ဘု ရင် မင်း မှာ မူ လူ တစ် သောင်း ထက် မြတ် ပါ သည်။ သို့ အ တွက် ကျွန် တော် တို့ ကို မ စ ရန် မြို့ တွင်း၌ အ သင့် စံ တော် မူ ပါ လျှင် သာ၍ ကောင်း ပါ လိမ့် မည် ဟု တင် လျှောက် ကြ သော်၊
သင် ပေါ့ လျော့ သည် မှာ မ ကောင်း လေ စွ။ ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း ဘိ သိက် တော် ခံ မင်း ကိုယ့် အ ရှင် ကို မ စောင့် ကြပ် သော သင် တို့ သည် သေ ဒဏ် ခံ ထိုက် ကြ လေ ပြီ။ ခေါင်း ရင်း တော် တွင် ထား သော လှံ တော် နှင့် သောက် တော် ရေ ဘူး အ ဘယ် မှာ ရှိ သည် ကို ကြည့် လော့ ဟု အာ ဗ နာ အား ဟစ် ပြော သော အ သံ ကို
ရှု တော် မူ ပါ။ ယ နေ့ တွင် အ ရှင် သိ တော် မူ သည့် အ တိုင်း ထာ ဝ ရ ဘု ရား သည် ဥမင် အ တွင်း အ ရှင် ကို ကျွန် တော့် လက် သို့ အပ် နှင်း တော် မူ သည် နှင့် လုပ် ကြံ ရန် တိုက် တွန်း ကြ သော် လည်း ထာ ဝ ရ ဘု ရား၏ ဘိ သိက် တော် ခံ မင်း ဖြစ် သော ကျွန် တော့် အ ရှင် ကို လက် ရောက် ကျူး လွန် မည် မ ဟုတ် ဟု ပြ ဌာန်း လျက် အ သက် တော် ကို ချမ်း သာ စေ ပါ၏။
ယ ခု ငါ ရှိ သေး စဉ် ထာ ဝ ရ ဘု ရား ရှေ့ ဘိ သိက် တော် ခံ မင်း ရှေ့၊ ငါ့ အ ပြစ် ကို ဖော် ပြ လော့။ ငါ သည် မည် သူ့ နွား မြည်း ကို လု ယူ ဘူး သ နည်း။ မည် သူ့ ကို ညှဉ်း ပန်း နှိပ် စက် ဘူး သ နည်း။ မည် သူ့ ထံ မှ မျက် နှာ ဖုံး အ ဖြစ် လက် ဆောင် ကို ခံ ဘူး သ နည်း။ ထို သို့ ပြု မိ လျှင် ငါ ပြန် ပေး မည် ဟု ဣ သ ရေ လ လူ အ ပေါင်း တို့ အား ဆို သော်