Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ဟော​ရှေ 3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


ပြန်လည်ပြုပြင်ခြင်းအတွက် စောင့်စားခြင်း

1 တစ်ဖန် ထာဝရဘုရား​က ငါ့​အား “​အခြား​ဘုရား​နောက်​သို့​လိုက်​၍ စပျစ်ပျဉ်​ကို​နှစ်သက်​သော အစ္စရေး​အမျိုးသား​တို့​အား ထာဝရဘုရား ချစ်​သည့်​နည်းတူ အိမ်ထောင်ရှိ​လျက်ပင် အခြား​သူ​တို့​နှင့် အိမ်ထောင်ရေးဖောက်ပြန်​သော​မိန်းမ​ကို တစ်ဖန်​သွား​၍​ချစ်​လော့​”​ဟု မိန့်​တော်မူ​၏​။

2 ထို့ကြောင့် ငါ​သည် ထို​မိန်းမ​ကို ငွေ​တစ်ဆယ့်​ငါး​ရှယ်ကယ်​နှင့် မုယောဆန်​တစ်​ဟောမဲ​ခွဲ​ဖြင့် ဝယ်ယူ​၏​။

3 ထို့နောက် သူ့​အား “​သင်​သည် ငါ​နှင့်အတူ ရက်ပေါင်း​များစွာ​နေ​ရ​မည်​။ ပြည့်တန်ဆာ ပြန်​မ​လုပ်​ရ​။ အခြား​ယောက်ျား​တို့​နှင့် မ​ပေါင်းဖော်​ရ​။ ငါ​သည်​လည်း သင့်​အပေါ် ထိုသို့​ပြု​မည်​”​ဟု ငါ​ဆို​၏​။

4 အစ္စရေး​အမျိုးသား​တို့​သည် ရှင်ဘုရင်​နှင့် အကြီးအကဲ မ​ရှိ​၊ ယဇ်ပူဇော်​ခြင်း မ​ရှိ​၊ အထွတ်အမြတ်​ကျောက်တိုင် မ​ရှိ​၊ ဧဖုဒ် မ​ရှိ​၊ တေရပ်ရုပ်တု မ​ရှိ​။ ထိုကဲ့သို့ နေ့ရက်​များစွာ နေ​ရ​လိမ့်မည်​။

5 ထို့နောက်မှ အစ္စရေး​အမျိုးသား​တို့​သည် ပြန်လာ​၍ မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ရှာ​ကြ​လိမ့်မည်​။ သူ​တို့​၏​ဘုရင် ဒါဝိဒ်​မင်းကြီး​ကို ရှာ​ကြ​လိမ့်မည်​။ နောက်ဆုံး​သော​နေ့​တွင် ထာဝရဘုရား​ထံမှ ကောင်းချီးခံစား​ရ​မည့်​အကြောင်း ထာဝရဘုရား​ထံ ကြောက်ရွံ့ရိုသေ​စွာ ပြန်လာ​ကြ​လိမ့်မည်​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ