Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




အာ​မုတ် 9:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထို​နေ့ရက်​၌ ပြိုလဲ​ခဲ့​သည့်​ဒါဝိဒ်​၏​တဲ​ကို ပြန်လည်​ထူထောင်​မည်​။ ပေါက်ပြဲ​ရာ​များ​ကို ပြန်လည်​ဖာထေး​မည်​။ ပျက်စီး​ရာ​များ​ကို ပြန်လည်​ပြုပြင်​မည်​။ ရှေး​ကာလ​ကဲ့သို့ ပြန်လည်​တည်ဆောက်​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ထာ​ဝ​ရ​ဘု​ရား​က``ပြို​ပျက်​နေ​သော​အိုး​အိမ် ပ​မာ​ဖြစ်​နေ​သည့်​ဒါ​ဝိဒ်​နိုင်​ငံ​ကို ငါ​သည်​ပြန် လည်​၍​တည်​ဆောက်​သော​အ​ချိန်​ရောက်​လိမ့်​မည်။ ကွဲ​အက်​နေ​သော​နံ​ရံ​တံ​တိုင်း​တို့​ကို​ငါ​ပြန် ပြု​ပြင်​မည်။ ရှေး​အ​ခါ​က​တည်​နေ​သ​ကဲ့ သို့​ငါ​ပြန်​လည်​ထူ​ထောင်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11-12 ထို ကာ လ၊ ဧ ဒုံ လူ မျိုး အ ကြွင်း အ ကျန် တို့ မှ စ၍၊ နာ မ တော် ဖြင့် သ မုတ် ခံ သော ပြည် တောင် များ ကို အ ပိုင် ပေး အံ့ သော ငှာ၊ ငါ သည် ဒါ ဝိဒ် မင်း၏ ပြို လဲ ခဲ့ သော တဲ ကို ထူ စိုက် လျက်၊ ရှေး ကာ လ ကဲ့ သို့၊ မြို့ ပျက် ကို ပြု စု ပြင် ဆင်၍၊ အ ပေါက် အ ကွဲ များ ကို ထေး ဖာ မည် ဟု၊ ထို သို့ စီ ရင် သော ငါ ထာ ဝ ရ ဘု ရား မိန့် ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ကျန်​ကြွင်း​ရစ်​သော ဧ​ဒုံ​အ​မျိုး​သား​မှ​စ၍ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​ကို သိမ်း​ယူ​စေ​ခြင်း​ငှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




အာ​မုတ် 9:11
37 ပူးပေါင်းရင်းမြစ်များ  

သူ​နှင့်​သူ့​အိမ်သူအိမ်သား​များ​၊ သူ​၌​ရှိသမျှ​တို့​ကို ကိုယ်တော် ဝိုင်းရံ​ကာကွယ်​ပေး​ထား​သည်​မ​ဟုတ်​ပါ​လော​။ သူ​လုပ်ဆောင်​သမျှ​တို့​ကို ကောင်းချီးပေး​သဖြင့် သူ​ပိုင်​သော​တိရစ္ဆာန်​များ​သည်​လည်း မြေကြီး​တစ်ခွင် တိုးပွား​နေ​သည်​မ​ဟုတ်​ပါ​လော​။


အကျွန်ုပ်​သည် လွန်ခဲ့သော​နေ့ရက်​များ​ကို သတိရ​လျက် ကိုယ်တော်​၏​လုပ်ဆောင်​တော်မူ​ချက်​ရှိသမျှ​တို့​ကို ဆင်ခြင်အောက်မေ့​ပါ​၏​။ ကိုယ်တော်​၏​လက်​တော်​ဖြင့်​ပြုလုပ်​သော​အရာ​များ​ကို အကျွန်ုပ်​တွေးတောဆင်ခြင်​ပါ​၏​။


ကိုယ်တော်​သည် အဘယ်ကြောင့် ၎င်း​၏​ခြံစည်းရိုး​တို့​ကို​ဖြိုဖျက်​တော်မူ​သနည်း​။ ယခုမှာမူ လမ်း​၌​ဖြတ်သွား​သော​သူ​အားလုံး​သည် ၎င်း​၏​အသီး​ကို​ဆွတ်ခူး​ကြ​ပါ​၏​။


ကိုယ်တော်​သည် သူ​၏​တံတိုင်း​ရှိသမျှ​တို့​ကို​ဖြိုဖျက်​၍ သူ​၏​ခံတပ်​များ​ကို ဖျက်ဆီး​တော်မူ​ပြီ​။


ရာဇပလ္လင်​သည် မေတ္တာကရုဏာ​တော်​အားဖြင့် တည်​လိမ့်မည်​။ ဒါဝိဒ်​မင်းကြီး​၏​တဲ​တော်​ရှိ ထို​ပလ္လင်​ပေါ်၌ သစ္စာရှိ​သော​သူ​သည် ထိုင်​တော်မူ​လျက် တရားစီရင်​မည်​။ တရားမျှတ​ခြင်း​ကို​ရှာဖွေ​မည်​။ ဖြောင့်မတ်​ခြင်း​၌ စိတ်အားထက်သန်​မည်​။


ယခု ငါ​၏​စပျစ်ခြံ​ကို ငါ​မည်သို့​ပြု​မည်​ကို သင်​တို့​အား ငါ​ပြော​မည်​။ ခြံစည်းရိုး​ကို ငါ​ဖယ်ရှား​သဖြင့် စပျစ်ခြံ​သည် ဝါးမျို​ဖျက်ဆီး​ခြင်း​ခံရ​မည်​။ တံတိုင်း​ကို ငါ​ဖြိုဖျက်​သဖြင့် စပျစ်ခြံ​သည် နင်းချေ​ခြင်း​ခံရ​မည်​။


သင့်​လူမျိုး​တို့​သည် ရှေး​အပြိုအပျက်​တို့​ကို ပြန်လည်​တည်ဆောက်​ကြ​မည်​။ ခေတ်ကာလ​အဆက်ဆက်​မှ ပျက်စီး​ခဲ့​သော​အုတ်မြစ်​တို့​ကို ပြန်ချ​မည်​။ သင့်​ကို​လည်း ပြိုပျက်​သော​မြို့ရိုး​ကို​ပြန်တည်ဆောက်​သူ​၊ လူ​နေ​လမ်း​များ​ကို​ပြန်​ပြုပြင်​သူ​ဟု ခေါ်ဆို​ကြ​မည်​။


ထိုအခါ ကိုယ်တော်​သည် မောရှေ​နှင့်​လူမျိုး​တော်​တို့​ခေတ်​မှ​အချိန်​ကာလ​ကို အောက်မေ့​တော်မူ​၏​။ သိုးစု​ကို သိုးထိန်း​တို့​နှင့်အတူ ပင်လယ်​ထဲမှ​ခေါ်ဆောင်​လာ​သော​သူ​ကား အဘယ်မှာ​နည်း​။ သူ​တို့​အလယ်​၌ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ချပေး​သော​သူ​ကား အဘယ်မှာ​နည်း​။


ယာကုပ်​မှ သားမြေး​များ​ကို​ထွန်းကား​စေ​၍ ယုဒ​အမျိုးအနွယ်​မှ ငါ့​တောင်​များ​ပိုင်ဆိုင်​မည့်​သူ​ကို ငါ​ထွက်ပေါ်​စေ​မည်​။ ငါ​ရွေးချယ်​သော​သူ​များ​သည် အမွေဆက်ခံ​၍ ငါ​၏​အစေအပါး​များ​သည် ထို​အရပ်​၌​နေ​ကြ​လိမ့်မည်​။


ငါ​သည် လူမျိုး​တစ်​မျိုး​၊ တိုင်းနိုင်ငံ​တစ်​နိုင်ငံ​ကို တစ်ခဏအတွင်း တည်ထောင်​ပြုစု​နိုင်​သည်​ဟု ငါ​မိန့်ဆို​ခဲ့​ပြီ​။


သူ​တို့​၏​ဘုရားသခင် ငါ​ထာဝရဘုရား​နှင့် သူ​တို့​အတွက် ငါ​ပေါ်ထွန်း​စေ​မည့် သူ​တို့​၏​ဘုရင် ဒါဝိဒ်​မင်းကြီး​ကို​အစေခံ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “သူ​တို့​၏​အသက်​ကို​ရန်ရှာ​သော ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​နှင့် သူ့​အစေအပါး​များ​လက်​သို့ သူ​တို့​ကို ငါ​အပ်​မည်​။ နောက်မှ အီဂျစ်​ပြည်​တွင် ယခင်က​ကဲ့သို့ ပြန်လည်​နေထိုင်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​ကို ကိုယ်တော့်​ထံသို့ ပြန်လာ​စေ​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​တို့​ပြန်လာ​ကြ​ပါ​မည်​။ ရှေးကာလ​က​ကဲ့သို့ အကျွန်ုပ်​တို့​၏​နေ့ရက်​များ​ကို အသစ်​ဖြစ်​စေ​တော်မူ​ပါ​။


ငါ​ထာဝရဘုရား​သည် မြင့်​သော​အပင်​ကို​နိမ့်​စေ​၍ နိမ့်​သော​အပင်​ကို​မြင့်​စေ​ကြောင်း​၊ စိမ်းလန်း​သော​အပင်​ကို​ခြောက်သွေ့​စေ​၍ ခြောက်သွေ့​သော​အပင်​ကို​ဝေဆာ​စေ​ကြောင်း ကွင်းပြင်​မှ​သစ်ပင်​ရှိသမျှ​တို့ သိ​ကြ​ရ​လိမ့်မည်​။ ငါ​ထာဝရဘုရား​သည် မိန့်ဆို​သည့်​အတိုင်း​ပြု​မည်’​ဟူ၍ မိန့်​တော်မူ​၏”​ဟု မိန့်ဆို​၏​။


သင်​တို့​ပေါ်တွင် လူ​နှင့်​တိရစ္ဆာန်​တို့​ကို​လည်း တိုးပွား​စေ​သဖြင့် အမြောက်အမြား​တိုးပွား​ကြ​လိမ့်မည်​။ သင်​တို့​ကို ယခင်က​ကဲ့သို့ လူ​နေထိုင်​ရာ​ပြန်ဖြစ်​စေ​မည်​။ ယခင်က​ထက် ပို၍​ကောင်းစား​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်​။


ထို့နောက်မှ အစ္စရေး​အမျိုးသား​တို့​သည် ပြန်လာ​၍ မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ရှာ​ကြ​လိမ့်မည်​။ သူ​တို့​၏​ဘုရင် ဒါဝိဒ်​မင်းကြီး​ကို ရှာ​ကြ​လိမ့်မည်​။ နောက်ဆုံး​သော​နေ့​တွင် ထာဝရဘုရား​ထံမှ ကောင်းချီးခံစား​ရ​မည့်​အကြောင်း ထာဝရဘုရား​ထံ ကြောက်ရွံ့ရိုသေ​စွာ ပြန်လာ​ကြ​လိမ့်မည်​။


သို့သော် ဇိအုန်​တောင်​ပေါ်တွင် အသက်ရှင်​ကျန်ရစ်​သူ ရှိ​လိမ့်မည်​။ ထို​တောင်​သည် သန့်ရှင်း​ရာ​တောင်​ဖြစ်​၍ ယာကုပ်​အမျိုးအနွယ်​တို့​သည် အမွေ​အဖြစ် ပိုင်ဆိုင်​ရ​လိမ့်မည်​။


“အို ဧဖရတ်​ဗက်လင်​မြို့​၊ ယုဒ​မြို့​များ​တွင် သင်​သည် သေးငယ်​သော​မြို့​ဖြစ်​သော်လည်း ငါ့​အဖို့ အစ္စရေး​လူမျိုး​ကို အုပ်စိုးသူမင်း​သည် သင့်​အထဲ​မှ​ပေါ်ထွန်း​လိမ့်မည်​။ ထို​သခင်​သည် ရှေးမဆွ​ကပင် ရှိ​နှင့်​ပြီး​ဖြစ်​၏​။”


သင့်​မြို့ရိုး တည်ဆောက်​ရ​သော​နေ့ ရောက်​လိမ့်မည်​။ ထို​နေ့​တွင် သင့်​နယ်မြေ ကျယ်ဝန်း​လာ​လိမ့်မည်​။


စားကျက်မြေ​ကောင်း​သည့်​တောမြိုင်​အလယ်​တွင် သီးသန့်​နေ​သော ကိုယ်တော်​၏​အမွေ​တော်​သိုးစု​ဖြစ်​သည့် ကိုယ်တော်​၏​လူမျိုး​တော်​ကို တောင်ဝှေး​တော်​ဖြင့် ထိန်းကျောင်း​တော်မူ​ပါ​။ ရှေးယခင် ဗာရှန်​ပြည်​၊ ဂိလဒ်​ပြည်​မှာ​ကဲ့သို့ သူ​တို့​ကို ကျွေးမွေး​တော်မူ​ပါ​။


အို အချင်း​ရန်သူ​၊ ငါ့​ကြောင့် သင်​ဝမ်း​မ​မြောက်​နှင့်​။ ငါ​သည် လဲကျ​သော်လည်း ပြန်ထ​မည်​။ မှောင်မိုက်​၌ နေ​ရ​သော်လည်း ထာဝရဘုရား​သည် ငါ​၏​အလင်း​ဖြစ်​တော်မူ​လိမ့်မည်​။


ဒါဝိဒ်​အမျိုးအနွယ်​၊ ဂျေရုဆလင်​မြို့သား​တို့​၏​ဂုဏ်ကျက်သရေ​သည် ယုဒ​အမျိုး​တို့​ထက် မ​ကြီးမြတ်​စေရန် ထာဝရဘုရား​သည် ယုဒ​အမျိုး​၏​တဲ​များ​ကို ဦးစွာ​ကယ်တင်​တော်မူ​မည်​။


ဂေဗ​မြို့​မှ​ဂျေရုဆလင်​မြို့​တောင်ဘက် ရိမ္မုန်​မြို့​တိုင်အောင် မြေ​တစ်ပြင်လုံး​သည် လွင်ပြင်​ဖြစ်​လိမ့်မည်​။ ဂျေရုဆလင်​မြို့​ကား မြှင့်တင်​ခြင်း​ကို​ခံရ​၍ ဗင်္ယာမိန်​တံခါး​မှ မြို့​တံခါး​ဟောင်း​နေရာ​မြို့​ထောင့်​တံခါး​အထိ​လည်းကောင်း​၊ ရှိ​ဟာနနေလ​မျှော်စင်​မှ​သည် တော်ဝင်​စပျစ်သီးနယ်ရာကျင်း​အထိ​လည်းကောင်း ယခင်​နေရာ​၌ တည်ရှိ​လိမ့်မည်​။


ထို့နောက် သူ့​အား ‘ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ကြည့်ရှု​လော့​။ အတက် ဟု​အမည်​ရှိ​သော​သူ​တစ်​ယောက် ပေါ်လာ​မည်​။ သူ​သည် ထာဝရဘုရား​၏​ဗိမာန်တော်​ကို​တည်ဆောက်​လိမ့်မည်​။


ဧဒုံ​ပြည်​သည် သိမ်းယူ​ခြင်း​ကို ခံရ​လိမ့်မည်​။ စိရ​ပြည်​သည် မိမိ​ရန်သူ​၏​သိမ်းယူ​ခြင်း​ကို ခံရ​လိမ့်မည်​။ အစ္စရေး​လူမျိုး​တို့​မူကား ရဲစွမ်းသတ္တိ​နှင့်​ပြည့်​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ