ယေဇကျေလ 15:4 - မြန်မာ့စံမီသမ္မာကျမ်း4 လောင်စာအဖြစ် မီးထဲသို့ပစ်ချလိုက်လျှင် အရင်းရောအဖျားပါ မီးလောင်၍ အလယ်ပိုင်းလည်း ကျွမ်းသွားသောအခါ တစ်စုံတစ်ရာအသုံးဝင်သေးသလော။ အခန်းကိုကြည့်ပါ။Common Language Bible4 စပျစ်ပင်သည်မီးမွှေးရန်အတွက်သာလျှင် ကောင်း၏။ အဖျားပိုင်းများလောင်ကျွမ်း၍အလယ် ပိုင်းသည်ပြာဖြစ်သွားသောအခါ သင်သည် ထိုစပျစ်ပင်ကိုအဘယ်သို့အသုံးပြုနိုင် မည်နည်း။- အခန်းကိုကြည့်ပါ။Garrad Bible4 လောင် စာ အ ဖြစ် မီး သို့ ပစ် ချ၍၊ အ ရင်း အ ဖျား ကျွမ်း လောင် ခြင်း၊ အ လယ် လည်း မြိုက် ခြင်း ခံ ပြီး မှ၊ အ သုံး ဝင် သေး သ လော။ အခန်းကိုကြည့်ပါ။Judson Bible4 ထင်းဖို့ မီးထဲသို့ချတတ်၏။ မီးသည်လည်း အရင်းအဖျားအလယ်ကို လောင်တတ်၏။ အသုံးဝင်တတ်သလော။ အခန်းကိုကြည့်ပါ။ |
အကိုင်းအခက်တို့သည် ခြောက်သွေ့လျှင် ချိုးပစ်ခြင်းခံရလိမ့်မည်။ မိန်းမတို့သည် လာ၍ ချိုးယူမီးဆိုက်ကြလိမ့်မည်။ ဤလူမျိုးသည် အသိဉာဏ်မရှိသောကြောင့် သူ့ကိုဖန်ဆင်းသောအရှင်သည် သူ့ကိုသနားတော်မူမည်မဟုတ်။ သူ့ကိုပုံဖော်ဖန်ဆင်းသောအရှင်သည် သူ့ကိုမျက်နှာသာပေးတော်မူမည်မဟုတ်။
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။