၂ ရာချုပ် 36:13 - မြန်မာ့စံမီသမ္မာကျမ်း13 သူ့အား ဘုရားသခင်ထံတိုင်တည်ကျိန်ဆိုစေခဲ့သောနေဗုခဒ်နေဇာမင်းကြီးကိုလည်း ပုန်ကန်၏။ သူသည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ ပြန်မလှည့်၊ ခေါင်းမာလျက်၊ စိတ်နှလုံးမာကျောလျက်သာ နေ၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ဇေဒကိသည်နေဗုခဒ်နေဇာမင်းကိုပုန်ကန် လေ၏။ နေဗုခဒ်နေဇာသည်မိမိ၏ကျေးဇူး သစ္စာတော်ကိုစောင့်ထိန်းရန် သူ့အားအတင်း အကြပ်ဘုရားသခင်၏နာမတော်ကိုတိုင် တည်ကျိန်ဆိုစေတော်မူခဲ့၏။ ဇေဒကိသည် ခေါင်းမာ၍နောင်တမရ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်မလာဘဲနေလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible13 ဘု ရား သ ခင် ထံ တိုင် တည် ၍ သ စ္စာ မူ စေ ခဲ့ သော နေ ဗု ခဒ် နေ ဇာ မင်း ကို ခြား နား သည့် ပြင်၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဘက် တော် သို့ မ ပြောင်း လဲ ဘဲ၊ စိတ် သ ဘော ခဲ ယဉ်း မြဲ ခဲ ယဉ်း လေ၏။ အခန်းကိုကြည့်ပါ။Judson Bible13 ဘုရားသခင် အကျိန်တိုက်ပြီးသော နေဗုခဒ်နေဇာမင်းကြီးကို ပုန်ကန်လေ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားထံတော်သို့ မပြန်မည်အကြောင်း၊ မိမိလည်ပင်းကိုလည်းကောင်း၊ မိမိနှလုံးကိုလည်းကောင်း ခိုင်မာစေ၏။ အခန်းကိုကြည့်ပါ။ |
ပညတ်တရားတော်ကို လိုက်နာရန် ကိုယ်တော်သည် သူတို့ကို သတိပေးခဲ့၏။ သို့သော် သူတို့သည် မာနထောင်လွှားလျက် ကိုယ်တော်၏ပညတ်ချက်တို့ကို မနာခံကြ။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော စီရင်ထုံးဖွဲ့ချက်များကို ဆန့်ကျင်၍ အပြစ်ပြုကြ၏။ သူတို့သည် ကိုယ်တော့်ကို ကျောခိုင်း၍ ဆန့်ကျင်ပုန်ကန်လျက်၊ ခေါင်းမာလျက် မနာခံဘဲနေကြ၏။
သို့သော် ဟောရှေမင်းကြီးသည် အီဂျစ်ဘုရင်သွာမင်းကြီးထံသို့ တမန်များစေလွှတ်ဆက်သွယ်သည့်အပြင် အဆီးရီးယားဘုရင်ထံ နှစ်စဉ်ဆက်သရမည့်အခွန်ကိုလည်း မဆက်သတော့ဘဲ ပုန်ကန်ဖို့လျှို့ဝှက်ကြံစည်နေသည်ကို အဆီးရီးယားဘုရင် သိရှိလျှင် အဆီးရီးယားဘုရင်သည် သူ့ကိုဖမ်းပြီး ထောင်ထဲ၌ အကျဉ်းချထားလေ၏။
ထိုအခါ ရှင်ဘုရင်သည် ဂိဗောင်မြို့သားတို့ကို ဆင့်ခေါ်ပြီးလျှင် သူတို့နှင့်စကားပြော၏။ ဂိဗောင်မြို့သားတို့သည် အစ္စရေးအနွယ်ဝင်မဟုတ်။ အာမောရိလူမျိုးအကြွင်းအကျန်များ ဖြစ်ကြ၏။ အစ္စရေးအမျိုးသားတို့သည် သူတို့နှင့်ကတိသစ္စာပြုခဲ့သော်လည်း ရှောလုမင်းကြီးသည် အစ္စရေးအမျိုးနှင့် ယုဒအမျိုးတို့အဖို့စိတ်အားကြီး၍ သူတို့ကို သုတ်သင်ရန် ကြိုးစားခဲ့၏။