သူကြီး 9:15 - မြန်မာ့စံမီသမ္မာကျမ်း15 ဆူးလေပင်ကလည်း သစ်ပင်တို့အား ‘စင်စစ် သင်တို့သည် ငါ့ကို ဘိသိက်ပေး၍ သင်တို့ကို အုပ်စိုးစေလိုလျှင် လာကြ၊ ငါ့အရိပ်၌ ခိုလှုံကြ။ သို့မဟုတ်လျှင် ဆူးလေပင်ထဲက မီးထွက်ပြီး လက်ဘနွန်တောင်ရှိ သစ်ကတိုးပင်များကို လောင်ကျွမ်းပစ်မည်’ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible15 ဆူးချုံကလည်း`အကယ်၍သင်တို့သည်ငါ့ အားအမှန်ပင် မိမိတို့အပေါ်၌မင်းလုပ် အုပ်စိုးစေလိုပါမူငါ၏အရိပ်တွင်ဝင် ရောက်ခိုလှုံ၍နေကြလော့။ ယင်းသို့ခိုလှုံခြင်း မပြုဘဲနေခဲ့သော်ငါ၏အခက်အလက် များအကြားမှမီးထွက်၍ လေဗနုန်အာရစ် ပင်တို့ကိုလောင်ကျွမ်းသွားစေလိမ့်မည်' ဟု ပြန်ပြောလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible15 ဆူး လေ ပင် က၊ သ စ္စာ တည် စွာ သင် တို့ အ ပေါ် တွင် ရာ ဇ ဘိ သိက် ဖြင့် ငါ့ ကို ချီး မြှင့် ပါ မူ ငါ့ အ ရိပ် တွင် ခို ဝင် ကြ လော့။ သို့ မ ဟုတ် လျှင် ဆူး လေ ပင် အ တွင်း မှ မီး ထွက်၍ လေ ဗ နုန် သစ် က တိုး ပင် များ ကို ကျွမ်း လောင် စေ ဟု သစ် ပင် တို့ အား ပြန် ဆို လေ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible15 ဆူးလေပင်က၊ သင်တို့သည် ငါ့ကို သင်တို့၏ ရှင်ဘုရင်ဖြစ်စေခြင်းငှာ ခန့်ထား၍ ဧကန်အမှန် ဘိသိက်ပေးလိုလျှင်၊ လာကြ၊ ငါ့အရိပ်ကို ခိုလှုံကြ။ သို့မဟုတ် ဆူးလေပင်ထဲက မီးထွက်၍ လေဗနုန်အာရစ်ပင်တို့ကို လောင်လိမ့်မည်ဟု သစ်ပင်တို့အား ပြန်ပြော၏။ အခန်းကိုကြည့်ပါ။ |
အရွက်များ ဝေဆာလှပပြီး အသီးလည်း လှိုင်လှိုင်သီးသောကြောင့် ထိုအပင်ကို မှီခိုသောသတ္တဝါအားလုံး စားစရာရရှိကြ၏။ တောတိရစ္ဆာန်တို့သည် ထိုအပင်အောက်၌ အရိပ်ခိုကြပြီး မိုးကောင်းကင်ငှက်တို့သည်လည်း ထိုအပင်၏အကိုင်းအခက်များတွင် အသိုက်ကိုလုပ်ကြ၏။ သက်ရှိသတ္တဝါအားလုံးတို့သည် ထိုအပင်ကို မှီခိုစားသုံးကြ၏။
သင်သည် သင့်မင်းမှုထမ်းတို့အားဖြင့် ဘုရားရှင်ကိုကဲ့ရဲ့ပြစ်တင်လျက် ငါ၏စစ်ရထားများစွာဖြင့် လက်ဘနွန်တောင်ထိပ်အစွန်အဖျားသို့ ငါတက်ခဲ့ပြီ။ ထိုတောင်ပေါ်ရှိ မြင့်မားသောသစ်ကတိုးပင်၊ အကောင်းဆုံးထင်းရှူးပင်တို့ကို ငါခုတ်လှဲခဲ့ပြီ။ တောနက်ကြီး၏အစွန်အဖျားသို့လည်း ငါရောက်ခဲ့ပြီ။
သို့သော် အစ္စရေးဘုရင်ယဟောရှမင်းကြီးသည် ယုဒဘုရင်အာမဇိမင်းကြီးအား “လက်ဘနွန်တောရှိဆူးပင်က ထိုလက်ဘနွန်တောရှိသစ်ကတိုးပင်ထံ လူလွှတ်၍ ‘သင့်သမီးကို ငါ့သားနှင့် စုံဖက်စေပါ’ဟု မှာလိုက်၏။ သို့သော် လက်ဘနွန်တောရှိတောရိုင်းတိရစ္ဆာန်တစ်ကောင် ဖြတ်လာပြီး ဆူးပင်ကို နင်းချေသွား၏။