ဖာရောနေခေါမင်းကြီးသည် ယောရှိမင်းကြီး၏သားတော်ဧလျာကိမ်ကို ခမည်းတော်ယောရှိ၏အရိုက်အရာကို ဆက်ခံစေပြီး ယောယကိမ် ဟုအမည်ပြောင်းပေး၏။ ယောခတ်မင်းကြီးကို အီဂျစ်ပြည်သို့ ခေါ်ဆောင်သွားပြီး ထိုပြည်တွင်ပင် သူအနိစ္စရောက်လေ၏။
ယေဇကျေလ 19:1 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးခေါင်းဆောင်တို့နှင့်ဆိုင်သော ငိုချင်းကို ဖွဲ့ဆိုလော့။ Common Language Bible ဣသရေလမင်းသားတို့အတွက်ငိုချင်း ကိုအောက်ပါအတိုင်းဖွဲ့ဆိုရန် ထာဝရ ဘုရားသည်ငါ့အားအမိန့်ပေးတော်မူ၏။ Garrad Bible သင် က လည်း၊ ဣ သ ရေ လ မင်း တို့ နှင့် ဆိုင် ရာ ငို ချင်း ကို ဖွဲ့ ဆို ရ မည် မှာ၊ Judson Bible ထိုမှတစ်ပါး၊ ဣသရေလမင်းသားတို့အတွက် ငိုကြွေးမြည်တမ်းလျက်ပြောရမည်မှာ၊ |
ဖာရောနေခေါမင်းကြီးသည် ယောရှိမင်းကြီး၏သားတော်ဧလျာကိမ်ကို ခမည်းတော်ယောရှိ၏အရိုက်အရာကို ဆက်ခံစေပြီး ယောယကိမ် ဟုအမည်ပြောင်းပေး၏။ ယောခတ်မင်းကြီးကို အီဂျစ်ပြည်သို့ ခေါ်ဆောင်သွားပြီး ထိုပြည်တွင်ပင် သူအနိစ္စရောက်လေ၏။
ထိုအခါ ယုဒဘုရင်ယောယခိမ်မင်းကြီးသည် မယ်တော်မှစ၍ မင်းမှုထမ်းများ၊ မှူးမတ်များနှင့် မိန်းမစိုးများပါလျက် ဘေဘီလုံဘုရင်ထံ အညံ့ခံလေ၏။ ထို့ကြောင့် ဘေဘီလုံဘုရင်သည် နန်းစံရှစ်နှစ်တွင် ယောယခိမ်မင်းကြီးကို ဖမ်းခေါ်သွား၏။
ယောယကိမ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ၏သားတော်ယောယခိမ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ယေရမိသည် ယောရှိမင်းကြီးအတွက် ငိုချင်းကို ဖွဲ့ခဲ့၏။ သီချင်းသည်ယောက်ျားမိန်းမအပေါင်းတို့သည်လည်း ယောရှိမင်းကြီးအတွက် ငိုချင်းများကို ယနေ့တိုင် သီဆိုနေကြ၏။ ထိုငိုချင်းတို့ကို အစ္စရေးပြည်၏ဓလေ့ထုံးတမ်းတစ်ခုအဖြစ်ထားရှိပြီး မြည်တမ်းစာ၌ရေးမှတ်ထားကြ၏။
နှစ်လည်သောအခါ နေဗုခဒ်နေဇာမင်းကြီးသည် ရဲမက်များကိုစေလွှတ်၍ ယောယခိမ်မင်းကြီးကို ဘေဘီလုံမြို့သို့ ခေါ်ဆောင်လာစေ၏။ ထာဝရဘုရား၏အိမ်တော်မှအဖိုးတန်အသုံးအဆောင်များကိုလည်း သိမ်းယူလာစေ၏။ ထို့ပြင် ယောယခိမ်မင်းကြီး၏ညီတော်ဇေဒကိကို မင်းမြှောက်ပြီး ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို အုပ်စိုးစေ၏။
အီဂျစ်ဘုရင်သည် သူ့ကို ဂျေရုဆလင်မြို့တွင်နန်းချပြီး တိုင်းပြည်ကိုလည်း ငွေတာလန်တစ်ရာ၊ ရွှေတစ်တာလန် ဒဏ်တပ်လေ၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ချီလာ၍ သူ့ကိုတိုက်ခိုက်ပြီး ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
“ခေါနိဟူသော ဤလူသည် အသုံးမဝင်သောအိုးကွဲလော။ မည်သူမျှအလိုမရှိသောအိုးလော။ အဘယ်ကြောင့် သူနှင့်သူ့အမျိုးအနွယ်ကို စွန့်ပစ်ရသနည်း။ အဘယ်ကြောင့် သူတို့မသိသောပြည်သို့ သူတို့ကို နှင်ထုတ်ရသနည်း။
‘ဤလူကို သားသမီးမထွန်းကားသောသူ၊ တစ်သက်လုံး အောင်မြင်မှုမရသောသူ’ဟု မှတ်တမ်းတင်ကြလော့။ သူ၏အမျိုးအနွယ်တစ်စုံတစ်ယောက်မျှ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်၌ စံမြန်းခွင့်၊ ယုဒပြည်ကို အုပ်စိုးခွင့် ရတော့မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့ရှိ ယောယကိမ်မင်းကြီး၏သားတော် ယုဒဘုရင်ယေခေါနိမင်းကြီးနှင့်တကွ ယုဒလူမျိုးအကြီးအကဲများ၊ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီးနောက်ပိုင်းတွင် ထာဝရဘုရားသည် ငါ့အား ထာဝရဘုရား၏ဗိမာန်တော်ရှေ့၌ရှိသော သဖန်းသီးခြင်းတောင်းနှစ်တောင်းကိုပြ၏။
ထာဝရဘုရားက ‘ငါသည် ယုဒဘုရင်ဇေဒကိမှစ၍ သူ၏မှူးမတ်များနှင့် ဤပြည်၌ကျန်ရစ်သော ဂျေရုဆလင်မြို့သူမြို့သားများ၊ အီဂျစ်ပြည်သို့ပြောင်းရွှေ့နေထိုင်သောသူများကို စား၍မရအောင်ပုပ်နေသောသဖန်းသီးကဲ့သို့ ဖြစ်စေမည်။
မည်သူသည် ငါ့ခေါင်းကို ရေတွင်းဖြစ်စေမည်နည်း။ မည်သူသည် ငါ့မျက်စိကို မျက်ရည်ထွက်သောစမ်းဖြစ်စေမည်နည်း။ သို့ဖြစ်လျှင် အသတ်ခံရသောငါ့လူမျိုးသမီးပျိုအတွက် ငါသည် နေ့ညမပြတ်ငိုကြွေးနိုင်လိမ့်မည်။
ငါသည် တောင်များအတွက် ငိုကြွေးမြည်တမ်းမည်။ စားကျက်တောကြီးများအတွက် ကြေကွဲဝမ်းနည်းမည်။ အကြောင်းမူကား ထိုနေရာတို့ကို မီးလောင်သွားပြီ။ ဖြတ်သန်းသွားလာသောသူတစ်ယောက်မျှမရှိ။ သိုးနွားတို့၏အသံကိုမကြားရ။ ကောင်းကင်ငှက်များ၊ တိရစ္ဆာန်များသည်လည်း အဝေးသို့ထွက်ပြေးသွားကြပြီ။
ငါတို့က “လူမျိုးခြားတို့တွင် ထိုသူ၏အရိပ်အောက်၌ ငါတို့ခိုလှုံအသက်ရှင်ကြမည်”ဟု ဆိုခဲ့သော်လည်း ငါတို့၏အသက်သခင်ဖြစ်သော၊ ထာဝရဘုရားဘိသိက်ပေးသော ထိုသူသည် သူတို့တူးသောတွင်းထဲသို့ ကျလေပြီ။
မိမိတို့လက်ဖြင့် အကြီးအကဲတို့ကို ချိတ်ဆွဲထားကြပါ၏။ သက်ကြီးဝါကြီးတို့ကိုလည်း မလေးစားကြပါ။
အကိုင်းတစ်ကိုင်းမှ မီးထွက်လာ၍ အသီးတို့ကို လောင်ကျွမ်းလေ၏။ ထို့ကြောင့် ရာဇလှံတံအဖြစ် အသုံးပြုနိုင်သည့် သန်မာသောအကိုင်းအခက်တစ်ခုမျှမရှိတော့ပေဟု သီဆိုလော့။ ဤသည်ကား ငိုကြွေးမြည်တမ်းစရာ ငိုချင်းတစ်ပုဒ်ပေတည်း’ဟူ၍ မြွက်ဆိုလော့”ဟု မိန့်ဆို၏။
‘သင့်မိခင်ကား မည်သို့သောသူနည်း။ ခြင်္သေ့ပျိုတို့နှင့်အတူနေထိုင်၍ သားပေါက်တို့ကိုကျွေးမွေးသောခြင်္သေ့မ၊ ခြင်္သေ့များကြားမှ ခြင်္သေ့မဖြစ်သည်မဟုတ်လော။
ငါ့ရှေ့တွင် ထိုစာလိပ်ကို ဖြန့်ပြသောအခါ စာလိပ်နှစ်ဖက်စလုံးတွင် ငိုကြွေးမြည်တမ်းခြင်းအကြောင်းများ၊ အမင်္ဂလာအကြောင်းများ ရေးသားထားသည်ကို ငါတွေ့ရ၏။
သူတို့သည် သင့်ကြောင့်ငိုကြွေးလျက် အို ပင်လယ်သားနေသောမြို့၊ ပင်လယ်ပြင်မှာအားကြီးသောမြို့၊ ကျော်စောသောမြို့၊ သင်သည် ပျက်စီးလေပြီတကား။ မြို့သားတို့သည် ပင်လယ်သားအားလုံးကို ကြောက်ရွံ့တုန်လှုပ်စေခဲ့၏။
သူတို့သည် သင့်ကြောင့် ငိုကြွေးမြည်တမ်းလျက် သင်နှင့်ပတ်သက်၍ တိုင်ရာမြို့ကဲ့သို့ပင်လယ်ပြင်၌ မည်သူအဖျက်ဆီးခံရဖူးသနည်းဟု ငိုချင်းဖွဲ့လေပြီ။
“အချင်းလူသား၊ တိုင်ရာဘုရင်နှင့်ပတ်သက်၍ ငိုချင်းချလျက် သူ့အား ဤသို့ ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘သင်သည် စံတင်လောက်အောင် ပြီးပြည့်စုံသောသူ၊ ဉာဏ်ပညာပြည့်ဝသူ၊ အပြစ်ပြောစရာမရှိအောင်လှသူ ဖြစ်၏။
လူမျိုးတကာတို့မှ ငိုချင်းသည်မိန်းမတို့က ငိုချင်းဆိုကြလိမ့်မည်။ အီဂျစ်ပြည်နှင့် သူ၏လူအလုံးအရင်းတို့ကြောင့် ငိုချင်းဆိုကြလိမ့်မည်။ ဤသည်ကား အီဂျစ်ပြည်အတွက် ငိုချင်းဖြစ်၏’ဟူ၍ ဘုရားရှင်ထာဝရဘုရား မိန့်တော်မူသည်”ဟု မိန့်ဆို၏။
“အချင်းလူသား၊ အီဂျစ်လူအုပ်ကြီးအတွက် ငိုကြွေးမြည်တမ်းလော့။ အီဂျစ်ပြည်နှင့် အင်အားကြီးသောလူမျိုးတို့၏သမီးပျိုတို့ကို တွင်းထဲကျသွားသောသူတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ပစ်ချလျက်
“အချင်းလူသား၊ အီဂျစ်ဘုရင်ဖာရောမင်းကြီးအတွက် ငိုကြွေးမြည်တမ်းလျက် ‘သင်သည် လူမျိုးတကာတို့တွင် ခြင်္သေ့ပျိုနှင့်တူ၏။ မြစ်ချောင်းတို့တွင် ကူးခတ်သွားလာပြီး ထိုမြစ်ချောင်းတို့ကို ခြေဖြင့်မွှေနှောက်ကာ နောက်ကျိစေသော ပင်လယ်မြွေနဂါးနှင့်တူ၏’ဟု သူ့အား ဆင့်ဆိုလော့။
အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့အကြောင်းကို ငါငိုချင်းဖွဲ့သီဆိုမည်။ ဤအကြောင်းကို သင်တို့ နားထောင်ကြလော့။