Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 5:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 မိမိ​တို့​လက်​ဖြင့် အကြီးအကဲ​တို့​ကို ချိတ်ဆွဲ​ထား​ကြ​ပါ​၏​။ သက်ကြီးဝါကြီး​တို့​ကို​လည်း မ​လေးစား​ကြ​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​တို့​၏ ခေါင်း​ဆောင်​များ​အား ဖမ်း​ဆီး​၍​စက်​တိုင်​တင်​ကြ​ပါ​၏။ သူ​တို့​သည်​အ​သက်​ကြီး​သူ​များ​ကို​လည်း ရို​သေ​လေး​စား​မှု​မ​ပြု​ကြ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 မှူး မတ် တို့ သည် လက် ကို ချည် ဆွဲ ခြင်း။ လူ ကြီး တို့ သည် မ ထီ လေး စား ပြု ခြင်း များ ကို ခံ ရ ကြ လေ စွ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 မှူး​မတ်​တို့​ကို လက်​ဖြင့် ဆွဲ​ထား​ကြ​ပါ၏။ အ​သက်​ကြီး​သူ​တို့​ကို​လည်း မ​ရို​သေ​ကြ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 5:12
8 ပူးပေါင်းရင်းမြစ်များ  

ငါ​၏​လူမျိုး​တော်​ကို ငါ​အမျက်ထွက်​၏​။ ငါ​၏​အမွေခံ​ကို ငါ​ရှုတ်ချ​၍ သူ​တို့​ကို သင့်​လက်​သို့​ငါ​အပ်​လိုက်​၏​။ သို့သော် သင်​သည် သူ​တို့​ကို သနားစုံမက်​ခြင်း​မ​ရှိ​။ အသက်ကြီး​သူ​တို့​ကို​ပင် အလွန်​လေးလံ​သော​ထမ်းပိုး​ကို ထမ်း​စေ​၏​။


ဇိအုန်​သမီးပျို​၏​သက်ကြီးဝါကြီး​တို့​သည် လျှော်တေအဝတ်​ကို​ဝတ်​လျက်​၊ မြေကြီး​ပေါ်၌ တိတ်ဆိတ်​စွာ​ထိုင်​လျက်​၊ မိမိ​တို့​ခေါင်း​ပေါ်သို့ မြေမှုန့်​ကို​ပစ်တင်​ကြ​ပြီ​။ ဂျေရုဆလင်​အပျိုကညာ​တို့​သည် မြေကြီး​သို့ ခေါင်း​ငိုက်စိုက်ကျ​လေ​ပြီ​။


အို ထာဝရဘုရား​၊ ကြည့်ရှု​၍​ဆင်ခြင်​တော်မူ​ပါ​။ ကိုယ်တော်​သည် မည်သူ့​ကို ဤကဲ့သို့​ပြု​တော်မူ​ခဲ့​သနည်း​။ အလိုလေး​၊ မိန်းမ​တို့​သည် မိမိ​ရင်ခွင်ပိုက်​ကလေးငယ်​၏​အသား​ကို စား​ရ​တော့​မည်လော​။ ယဇ်ပုရောဟိတ်​နှင့်​ပရောဖက်​တို့​လည်း ဘုရားရှင်​၏​သန့်ရှင်းရာဌာန​တော်​၌ ကွပ်မျက်​ခံရ​တော့​မည်လော​။


ထာဝရဘုရား​ကိုယ်တော်တိုင် သူ​တို့​ကို ကွဲလွင့်​စေ​တော်မူ​ပြီ​။ သူ​တို့​ကို မ​ကြည့်ရှု​တော့​ပေ​။ လူ​တို့​သည် ယဇ်ပုရောဟိတ်​တို့​ကို မ​ရိုသေ​ကြ​။ သက်ကြီးဝါကြီး​တို့​ကို မ​သနား​ကြ​။


ဆံပင်ဖြူသူ​ကို အရိုအသေပေး​ရ​မည်​။ အသက်ကြီး​သူ​ကို လေးစား​ရ​မည်​။ သင်​၏​ဘုရားသခင်​ကို ကြောက်ရွံ့​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ