Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၄ ရာ 23:34 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 ဖာရော​နေခေါ​မင်းကြီး​သည် ယောရှိ​မင်းကြီး​၏​သား​တော်​ဧလျာကိမ်​ကို ခမည်းတော်​ယောရှိ​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​ပြီး ယောယကိမ် ဟု​အမည်​ပြောင်း​ပေး​၏​။ ယောခတ်​မင်းကြီး​ကို အီဂျစ်​ပြည်​သို့ ခေါ်ဆောင်​သွား​ပြီး ထို​ပြည်​တွင်​ပင် သူ​အနိစ္စရောက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 နေ​ခေါ​မင်း​သည်​ယော​ရှ​၏​သား​တော်​ဧ​လျာ​ကိမ် အား ယော​ယ​ကိမ်​ဟူ​သော​နာ​မည်​သစ်​ကို​ပေး​၍ ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​၌​နန်း​တင်​လေ သည်။ ယော​ခတ်​ကို​မူ​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင် သွား​၏။ ယော​ခတ်​သည်​ထို​ပြည်​၌​ပင်​ကွယ်​လွန် လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 ဖာ ရော နေ ခေါ မင်း သည် ယော ရှိ မင်း သား တော် ဧ လျာ ကိမ် ကို ယော ယ ကိမ် အ မည် သစ် ပြောင်း ၍ ခ မည်း တော့် အ ရိုက် အ ရာ၌ နန်း တင် လျက် ယော ခတ် မင်း ကို အိ ဂျစ် ပြည် သို့ ယူ သွား ရာ ထို ပြည် တွင် ကွယ် လွန် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ဖာ​ရော​နေ​ခေါ​သည်​လည်း၊ ယော​ရှိ​သား​ဧ​လျာ​ကိမ်​ကို ခ​မည်း​တော်​အ​ရာ၌ နန်း​တင်၍ ယော​ယ​ကိမ် အ​မည်​သစ်​ကို ပေး၏။ ယော​ခတ်​ကို အဲ​ဂု​တ္တု​ပြည်​သို့​ယူ​သွား၍ ထို​ပြည်၌ ယော​ခတ်​သည် သေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၄ ရာ 23:34
11 ပူးပေါင်းရင်းမြစ်များ  

ဖာရော​မင်းကြီး​သည် ယောသပ်​၏​အမည်​ကို ဇာဖဏာသဖာဏ ဟု​မှည့်ခေါ်​၍ ယောသပ်​ကို ဩန​မြို့​၏​ယဇ်ပုရောဟိတ် ပေါတိဖေရ​၏​သမီး အာသနတ်​နှင့်​ထိမ်းမြားပေး​၏​။ ထို့နောက် ယောသပ်​သည် အီဂျစ်​ပြည်​ကို​လှည့်လည်​ကြည့်ရှု​ရန်​ထွက်သွား​၏​။


ယောရှိ​မင်းကြီး​လက်ထက်​တွင် အီဂျစ်​ဘုရင်​ဖာရော​နေခေါ​မင်းကြီး​သည် အဆီးရီးယား​ဘုရင်​ကို​တိုက်ခိုက်​ရန် ယူဖရေးတီး​မြစ်​သို့ စစ်ချီ​သွား​သည်​ကို ယောရှိ​မင်းကြီး​ထွက်လာ​၍ မေဂိဒ္ဒေါ​အရပ်​တွင် သူ့​ကို​ရင်ဆိုင်တိုက်ခိုက်​ရာ သူ​သည် ယောရှိ​မင်းကြီး​ကို​တွေ့​ပြီး ကွပ်မျက်​လိုက်​လေ​၏​။


ထို့ပြင် ဘေဘီလုံ​ဘုရင်​သည် ယောယခိမ်​မင်းကြီး​၏​ဘထွေး​တော်​မတ္တနိ​ကို မင်းကြီး​၏​အရိုက်အရာ​ဆက်ခံ​စေ​ပြီး ဇေဒကိ​ဟု​အမည်​ပြောင်း​ပေး​၏​။


ယောရှိ​၏​သား​များ​မှာ သားဦး​ယောဟနန်​၊ ဒုတိယ​သား​ယောယကိမ်​၊ တတိယ​သား​ဇေဒကိ​၊ စတုတ္ထ​သား​ရှလ္လုံ တို့​ဖြစ်​ကြ​၏​။


ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​လက်ထက်​နှင့် ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး နန်းစံ​တစ်ဆယ့်တစ်​နှစ်​၊ ပဉ္စမ​လ ဂျေရုဆလင်​မြို့သား​တို့ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သည့်​အချိန်​ထိ ယေရမိ​ထံသို့ ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကား ဤသို့​ဖြစ်​၏​။


ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​အုပ်စိုး​ချိန်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​၍


နန်းတော်အုပ်​က သူ​တို့​အား နာမည်​သစ်​များ​ပေး​၏​။ ဒံယေလ​ကို ဗေလတရှာဇာ​၊ ဟာနနိယ​ကို ရှာဒရက်​၊ မိရှေလ​ကို မေရှက်​၊ အာဇရိ​ကို အဗေဒနေဂေါ ဟု​အမည်ပေး​၏​။


ထိုမှ အရာဗ​လွင်ပြင်​မြောက်ဘက်​မျက်နှာချင်းဆိုင် တောင်စောင်း​တစ်လျှောက် ဆက်ဆင်းလာ​ပြီး အရာဗ​လွင်ပြင်​သို့ ရောက်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ