မိဇပါ ဟူ၍လည်းကောင်း ခေါ်၏။ အကြောင်းမူကား လာဗန်က “ငါတို့သည် တစ်ဦးနှင့်တစ်ဦးမတွေ့မမြင်နိုင်ကြသောအခါ သင်နှင့်ငါကြား၌ ထာဝရဘုရားစောင့်ကြည့်တော်မူပါစေ။
ယောရှု 11:3 - မြန်မာ့စံမီသမ္မာကျမ်း အရှေ့အနောက်တစ်ခွင်ရှိ ခါနာန်လူမျိုးများ၊ တောင်ပေါ်ဒေသရှိ အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ယေဗုသိလူမျိုး၊ ဟေရမုန်တောင်ခြေ မိဇပါပြည်ရှိ ဟိဝိလူမျိုးများ စသည်တို့ထံသို့လည်းကောင်း သတင်းပို့လေ၏။ Common Language Bible ထို့အပြင်သူသည်ယော်ဒန်မြစ်အရှေ့ ဘက်နှင့်အနောက်ဘက်တွင်နေထိုင်သော ဟိဝိအမျိုးသားတို့ထံသို့လည်း အကြောင်းကြားလိုက်လေသည်။- Garrad Bible အ ရှေ့ အ နောက်၌ နေ သော ခါ န နိ လူ မျိုး၊ ခင် တန်း တစ် လျှောက် နေ အာ မော ရိ၊ ဟိ တ္တိ၊ ဖေ ရ ဇိ၊ ယေ ဗု သိ လူ မျိုး၊ ဟေ ရ မုန် တောင် ခြေ ရင်း ရှိ မိ ဇ ပါ နယ်၌ နေ သော ဟိ ဝိ လူ မျိုး တို့ ထံ လည်း ကောင်း၊ Judson Bible အရှေ့အနောက်၌နေသော ခါနနိလူ၊ တောင်ပေါ်မှာနေသော အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗုသိလူ၊ မိဇပါပြည်၊ ဟေရမုန်တောင်ခြေရင်း၌နေသော ဟိဝိလူတို့ရှိရာသို့လည်းကောင်းစေလွှတ်၍၊ |
မိဇပါ ဟူ၍လည်းကောင်း ခေါ်၏။ အကြောင်းမူကား လာဗန်က “ငါတို့သည် တစ်ဦးနှင့်တစ်ဦးမတွေ့မမြင်နိုင်ကြသောအခါ သင်နှင့်ငါကြား၌ ထာဝရဘုရားစောင့်ကြည့်တော်မူပါစေ။
ကောင်းကင်တမန်သည် ဂျေရုဆလင်မြို့ကို ဖျက်ဆီးရန် လက်ကိုဆန့်တော်မူလျှင် ထာဝရဘုရားသည် ထိုကပ်ရောဂါဘေးကြောင့် စိတ်မကောင်းဖြစ်သဖြင့် လူတို့ကိုဖျက်ဆီးသည့်ကောင်းကင်တမန်အား “လုံလောက်ပြီ။ သင့်လက်ကို ပြန်ရုပ်လော့”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနား၌ ရှိနေ၏။
ထိုမှ တိုင်ရာခံတပ်မြို့၊ ဟိဝိလူမျိုးနှင့် ခါနာန်လူမျိုးတို့ နေထိုင်ရာမြို့ရှိသမျှတို့သို့ သွား၏။ ယုဒပြည်၊ နေဂေ့အရပ်ရှိဗေရရှေဘမြို့သို့လည်း သွားကြ၏။
အာသမင်းကြီးသည်လည်း ရာမမြို့ကို ဗာရှာမင်းကြီးတည်ရာ၌ အသုံးပြုခဲ့သော ကျောက်တုံးများ၊ သစ်သားများကို ပြည်သူပြည်သားတစ်ယောက်မကျန် သယ်ဆောင်ရမည်ဟု ယုဒပြည်တစ်ပြည်လုံးသို့ အမိန့်ထုတ်ပြန်၏။ ထို့နောက် အာသမင်းကြီးသည် ထိုပစ္စည်းများဖြင့် ဗင်္ယာမိန်နယ်တွင် ဂေဗမြို့နှင့် မိဇပါမြို့ကို တည်လေ၏။
အစ္စရေးလူမျိုးမဟုတ်သော အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့ထဲမှ ကြွင်းကျန်သောလူမျိုးအားလုံးနှင့်
ဇိအုန်တောင်များပေါ်သို့ကျသည့် ဟေရမုန်တောင်၏နှင်းစက်ကဲ့သို့လည်းဖြစ်၏။ အကြောင်းမူကား ထိုသို့နေထိုင်ကြသောအရပ်၌ အစဉ်အမြဲအသက်ရှင်ခြင်းတည်းဟူသော ကောင်းချီးမင်္ဂလာကို ထာဝရဘုရားအပ်နှင်းတော်မူ၏။
မြောက်အရပ်နှင့်တောင်အရပ်ကို ကိုယ်တော်ဖန်ဆင်းတော်မူ၏။ တာဗော်တောင်နှင့် ဟေရမုန်တောင်တို့သည်လည်း ကိုယ်တော်၏နာမတော်ကို ရွှင်လန်းစွာ ကြွေးကြော်ကြပါ၏။
အို ငါ့သတို့သမီး၊ လက်ဘနွန်တောင်မှ ငါနှင့်လိုက်ခဲ့ပါ။ လက်ဘနွန်တောင်မှ ငါခေါ်ရာသို့လိုက်ခဲ့ပါ။ အာမနတောင်ထိပ်၊ စနိရတောင်ထိပ်တို့မှစ၍ ဟေရမုန်တောင်၊ ခြင်္သေ့တွင်း၊ ကျားသစ်တို့ကျက်စားရာတောင်တို့မှ ဆင်းလာခဲ့ပါ။
ငါမူကား မိဇပါမြို့တွင်နေထိုင်ပြီး ငါတို့ထံရောက်လာမည့် ခါလဒဲလူမျိုးတို့ကို ရင်ဆိုင်ပေးမည်။ သင်တို့မူကား စပျစ်ဝိုင်မှစ၍ နွေရာသီသီးနှံ၊ ဆီတို့ကို စုသိမ်းပြီး အိုးများ၌ သိုထားကြလော့။ သင်တို့ရထားသောမြို့တို့တွင် နေထိုင်ကြလော့”ဟု ဆိုလေ၏။
ယေရမိသည်လည်း အဟိကံ၏သား ဂေဒလိရှိရာ မိဇပါမြို့သို့ပြန်သွား၍ ပြည်၌ကျန်ရစ်သောပြည်သားတို့နှင့်အတူ နေထိုင်လေ၏။
မိဇပါမြို့မှ ဣရှမေလဖမ်းဆီးခေါ်ဆောင်ခဲ့သော လူအားလုံးတို့သည် ကာရာ၏သားယောဟနန်ဘက်သို့ ပြန်ခိုဝင်လာကြလေ၏။
မိဇပါမြို့၌ ဂေဒလိနှင့်အတူရှိနေသော ဂျူးလူမျိုးအားလုံးနှင့် သူတို့တွေ့ရှိသော ခါလဒဲစစ်သူရဲတို့ကိုပါ သတ်လေ၏။
အာမလက်လူမျိုးတို့သည် နေဂေ့အရပ်၌ နေထိုင်ကြ၏။ ဟိတ္တိလူမျိုး၊ ယေဗုသိလူမျိုးနှင့် အာမောရိလူမျိုးတို့သည် တောင်ပေါ်ဒေသ၌ နေထိုင်ကြ၏။ ခါနာန်လူမျိုးတို့သည် ပင်လယ်ကမ်းနားဒေသနှင့်ဂျော်ဒန်မြစ်ကမ်းနားတစ်လျှောက်တွင် နေထိုင်ကြ၏”ဟု ဆိုကြ၏။
အာနုန်ချောင်းနံဘေးရှိအာရော်မြို့မှစ၍ ဟေရမုန်တောင်ဟုခေါ်သော စိအုန်တောင်တိုင်အောင်လည်းကောင်း၊
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်သို့ သင်တို့ကို ပို့ဆောင်သောအခါ လူမျိုးခြားများဖြစ်သောဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုး စသည့် သင့်ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးခုနစ်မျိုးကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူမည်။
စိရပြည်ဘက်သို့တက်သွားသော ဟာလက်တောင်အထိ၊ ထိုမှ ဟေရမုန်တောင်ခြေ လက်ဘနွန်ချိုင့်ဝှမ်းရှိ ဗာလဂဒ်အရပ်အထိ သိမ်းယူခဲ့၏။ ရှင်ဘုရင်အပေါင်းတို့ကိုလည်း ဖမ်းဆီးပြီး ရိုက်နှက်ကွပ်မျက်လေ၏။
ထာဝရဘုရားသည် ရန်သူတို့ကို အစ္စရေးစစ်သည်တို့လက်သို့ အပ်တော်မူသဖြင့် အစ္စရေးစစ်သည်တို့သည် ဆီဒုန်မြို့ကြီး၊ မိသရဖောသမိမ်မြို့၊ အရှေ့ဘက်အရပ်ရှိ မိဇပါချိုင့်ဝှမ်းတိုင်အောင် လိုက်လံတိုက်ခိုက်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိသည့်တိုင်အောင် လုပ်ကြံလေ၏။
ဂိလဒ်ပြည်၊ ဂေရှုရိလူမျိုးနှင့် မာခါသိလူမျိုးတို့၏နယ်မြေ၊ ဟေရမုန်တောင်တစ်တောင်လုံး၊ ဗာရှန်ပြည်တစ်ပြည်လုံးမှစ၍ သာလကမြို့အထိ
ဂေဗလပြည်၊ လက်ဘနွန်ပြည်အရှေ့ဘက်တစ်ခုလုံး၊ ဟေရမုန်တောင်ခြေရှိ ဗာလဂဒ်ပြည်မှ လီဘိုဟာမတ်ပြည်အထိဖြစ်၏။
ယုဒအမျိုးသားတို့သည် ဂျေရုဆလင်မြို့၌နေထိုင်သောယေဗုသိလူမျိုးတို့ကို နှင်ထုတ်၍မရသဖြင့် ယနေ့တိုင်အောင် ယေဗုသိလူမျိုးတို့နှင့်အတူ ဂျေရုဆလင်မြို့တွင် နေထိုင်ကြ၏။
တစ်ဖန် ယောရှုက “အသက်ရှင်တော်မူသောဘုရားသခင်သည် သင်တို့နှင့်အတူရှိ၍ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဟိဝိလူမျိုး၊ ဖေရဇိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ယေဗုသိလူမျိုးတို့ကို သင်တို့ရှေ့မှ မုချနှင်ထုတ်တော်မူမည်ဖြစ်ကြောင်းကို ဤသို့အားဖြင့် သင်တို့သိရမည်။
ဂိလဒ်ပြည်အပါအဝင် ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင်နေထိုင်သော အစ္စရေးအမျိုးသားအပေါင်း လူအုပ်ကြီးတို့သည် မိဇပါမြို့သို့ရောက်လာ၍ ထာဝရဘုရားရှေ့တော်တွင် တစ်စိတ်တစ်သဘောတည်း စုရုံးကြ၏။
အစ္စရေးအမျိုးသားတို့က “မိဇပါမြို့သို့ မလာသောသူ၊ ထာဝရဘုရားရှေ့တော်သို့ မလာသောသူသည် မုချအသတ်ခံရမည်”ဟု တင်းတင်းကျပ်ကျပ်ကျိန်ဆိုထားကြသည်ဖြစ်၍ “အစ္စရေးအမျိုးအနွယ်တို့တွင် မည်သူသည် ဤလူစုဝေးရာထာဝရဘုရားထံတော်သို့ မလာဘဲ နေကြသနည်း”ဟု စစ်ဆေးမေးမြန်းကြ၏။
သူတို့က “အစ္စရေးအမျိုးအနွယ်တို့တွင် မည်သူသည် မိဇပါမြို့သို့ မလာကြသနည်း။ မည်သူသည် ထာဝရဘုရားရှေ့တော်သို့ မလာကြသနည်း”ဟု စစ်ဆေးမေးမြန်းကြသောအခါ ယာဗက်ဂိလဒ်မြို့သားတစ်ယောက်မျှ လူစုဝေးရာစခန်းသို့ ရောက်မလာကြသည်ကို သိရလေ၏။
ဖိလိတ္တိမင်း ငါးပါးအပါအဝင် ခါနာန်လူမျိုးအားလုံး၊ ဆီဒုန်လူမျိုးနှင့် ဗာလဟေရမုန်တောင်မှ လီဘိုဟာမတ်တိုင်အောင် လက်ဘနွန်တောင်တစ်လျှောက်တွင် နေထိုင်ကြသောဟိဝိလူမျိုး တို့ဖြစ်ကြ၏။
အစ္စရေးအမျိုးသားတို့သည် ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့နှင့်အတူ နေထိုင်၍
ထို့နောက် ရှမွေလသည် မိဇပါမြို့တွင် လူတို့ကို ထာဝရဘုရားထံတော်သို့ ခေါ်ယူစုရုံးစေပြီး