Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ရာ 15:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 အာသ​မင်းကြီး​သည်​လည်း ရာမ​မြို့​ကို ဗာရှာ​မင်းကြီး​တည်​ရာ​၌ အသုံးပြု​ခဲ့​သော ကျောက်တုံး​များ​၊ သစ်သား​များ​ကို ပြည်သူပြည်သား​တစ်ယောက်မကျန် သယ်ဆောင်​ရ​မည်​ဟု ယုဒ​ပြည်​တစ်ပြည်လုံး​သို့ အမိန့်ထုတ်ပြန်​၏​။ ထို့နောက် အာသ​မင်းကြီး​သည် ထို​ပစ္စည်း​များ​ဖြင့် ဗင်္ယာမိန်​နယ်​တွင် ဂေဗ​မြို့​နှင့် မိဇပါ​မြို့​ကို တည်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ထို​အ​ခါ​အာ​သ​မင်း​သည် ယု​ဒ​ပြည်​တစ်​လျှောက် လုံး​သို့​အ​မိန့်​ထုတ်​ပြန်​တော်​မူ​ပြီး​လျှင် ပြည်​သူ အ​ပေါင်း​တို့​အား​တစ်​ယောက်​မ​ကျန်​ရာ​မ​မြို့ တံ​တိုင်း​တည်​ဆောက်​ရန်​အ​တွက် ဗာ​ရှာ​မင်း​အ​သုံး ပြု​လျက်​နေ​ခဲ့​သည့်​ကျောက်​တုံး​များ​နှင့်​သစ် သား​များ​ကို​ဝိုင်း​ဝန်း​သယ်​ဆောင်​စေ​တော်​မူ​၏။ ထို​ပစ္စည်း​များ​ဖြင့်​အာ​သ​သည် မိ​ဇ​ပါ​မြို့​နှင့် ဗင်္ယာ​မိန်​နယ်​တွင်​ရှိ​သော​ဂေ​ဘ​မြို့​ကို​တံ​တိုင်း ကာ​ရံ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 တိ ရ ဇာ မြို့၌ စံ နေ စဉ် အာ သ မင်း သည် ယု ဒ တစ် မျိုး လုံး အား တစ် ယောက် မ ကျန်၊ အ မိန့် တော် ထုတ် ဆင့် ပြီး လျှင် ဗာ ရှာ မင်း တည် ဆဲ ဖြစ် သော ရာ မ မြို့ မှ ကျောက်၊ သစ် သား များ ကို သယ် ယူ၍ မိ ဇ ပါ မြို့ နှင့် ဗင်္ယာ မိန့် နယ် ရှိ ဂေဗ မြို့ များ ကို ချဲ့ တည် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ထို​အ​ခါ အာ​သ​မင်း​ကြီး​သည် ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​တွင် အ​မိန့်​တော်​ကို ကြော်​ငြာ​စေ​သ​ဖြင့်၊ ပြည်​သား​တစ်​ယောက်​မျှ​မ​လွတ်၊ ရှိ​သ​မျှ​တို့​သည် ရာ​မ​မြို့၌ ဗာ​ရှာ​မင်း​သွင်း​သော​ကျောက်​နှင့် သစ်​သား​ကို​ယူ​သွား​ကြ၍၊ အာ​သ​မင်း​ကြီး​သည် ဗင်္ယာ​မိန်​ခ​ရိုင်၌​ဂေ​ဘ​မြို့​နှင့် မိ​ဇ​ပါ​မြို့​ကို​တည်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ရာ 15:22
11 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​ဘုရင်​ဗာရှာ​မင်းကြီး​သည် ယုဒ​ပြည်​သို့​ချီလာ​၍ ယုဒ​ဘုရင်​အာသ​မင်းကြီး​ထံ မည်သူ​မျှ​ဝင်ထွက်သွားလာ​ခြင်း​မ​ပြု​နိုင်​အောင် ရာမ​မြို့​ကို​တည်​၏​။


ထို့နောက် ရှင်ဘုရင်​သည် ယုဒ​မြို့ရွာ​ရှိ ယဇ်ပုရောဟိတ်​များ​အားလုံး​ကို​လည်း ဆင့်ခေါ်​၍ ဂေဗ​မြို့​မှစ၍ ဗေရရှေဘ​မြို့​တိုင်အောင် ယဇ်ပုရောဟိတ်​တို့ နံ့သာပေါင်း​မီးရှို့ပူဇော်​သော​နေရာ​ဖြစ်​သည့် အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို မစင်ကြယ်​အောင် လုပ်​ပစ်​၏​။ ထို့ပြင် မြို့​တံခါးဝ​၏​ဝဲဘက်​၊ မြို့တော်ဝန်​ယောရှု​တံခါး​နားရှိ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို​လည်း ဖြိုဖျက်​ပစ်​လေ​၏​။


အာသ​မင်းကြီး​သည်​လည်း ယုဒ​ပြည်သူပြည်သား​အပေါင်း​တို့​ကို ခေါ်ဆောင်​လာ​၍ ရာမ​မြို့​ကို​ဗာရှာ​မင်းကြီး​တည်​ရာ​၌ အသုံးပြု​ခဲ့​သော ကျောက်တုံး​၊ သစ်သား​များ​ကို ယူဆောင်​သွား​စေ​ကာ ထို​ပစ္စည်း​များ​ဖြင့် ဂေဗ​မြို့​နှင့် မိဇပါ​မြို့​ကို တည်​လေ​၏​။


ငါ​မူကား မိဇပါ​မြို့​တွင်​နေထိုင်​ပြီး ငါ​တို့​ထံ​ရောက်လာ​မည့် ခါလဒဲ​လူမျိုး​တို့​ကို ရင်ဆိုင်​ပေး​မည်​။ သင်​တို့​မူကား စပျစ်ဝိုင်​မှစ၍ နွေရာသီသီးနှံ​၊ ဆီ​တို့​ကို စုသိမ်း​ပြီး အိုး​များ​၌ သို​ထား​ကြ​လော့​။ သင်​တို့​ရ​ထား​သော​မြို့​တို့​တွင် နေထိုင်​ကြ​လော့​”​ဟု ဆို​လေ​၏​။


ယေရမိ​သည်​လည်း အဟိကံ​၏​သား ဂေဒလိ​ရှိ​ရာ မိဇပါ​မြို့​သို့​ပြန်သွား​၍ ပြည်​၌​ကျန်ရစ်​သော​ပြည်သား​တို့​နှင့်အတူ နေထိုင်​လေ​၏​။


ဣရှမေလ​သတ်​ခဲ့​သော ဂေဒလိ​နှင့်​လူ​တို့​၏​အလောင်း​များ​ကို ပစ်ချ​ခဲ့​ရာ​တွင်း​သည် အစ္စရေး​ဘုရင်​ဗာရှာ​မင်းကြီး​ကို​ကြောက်​၍ အာသ​မင်းကြီး တူး​ထား​ခဲ့​သော​တွင်း​ဖြစ်​၏​။ ဤသို့ဖြင့် နေသနိ​၏​သား​ဣရှမေလ​သည် ထို​တွင်း​ကို လူသေအလောင်း​များ​ဖြင့် ပြည့်​စေ​၏​။


ဂေဗ​မြို့​မှ​ဂျေရုဆလင်​မြို့​တောင်ဘက် ရိမ္မုန်​မြို့​တိုင်အောင် မြေ​တစ်ပြင်လုံး​သည် လွင်ပြင်​ဖြစ်​လိမ့်မည်​။ ဂျေရုဆလင်​မြို့​ကား မြှင့်တင်​ခြင်း​ကို​ခံရ​၍ ဗင်္ယာမိန်​တံခါး​မှ မြို့​တံခါး​ဟောင်း​နေရာ​မြို့​ထောင့်​တံခါး​အထိ​လည်းကောင်း​၊ ရှိ​ဟာနနေလ​မျှော်စင်​မှ​သည် တော်ဝင်​စပျစ်သီးနယ်ရာကျင်း​အထိ​လည်းကောင်း ယခင်​နေရာ​၌ တည်ရှိ​လိမ့်မည်​။


ခေဖာဟာမောနဲ​မြို့​၊ ဩဖနိ​မြို့​၊ ဂေဗ​မြို့ စသည့်​မြို့​ပေါင်း တစ်ဆယ့်​နှစ်​မြို့​နှင့်​ရွာ​များ ပါ​၏​။


မိဇပါ​မြို့​၊ ခေဖိရ​မြို့​၊ မောဇ​မြို့​၊


ဗင်္ယာမိန်​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ ဂိဗောင်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂေဗ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊


ထိုအခါ ရှမွေလ​က သူ​တို့​အား “​အစ္စရေး​တစ်မျိုးသားလုံး​ကို မိဇပါ​မြို့​၌ စုဝေး​စေ​ကြ​လော့​။ သင်​တို့​အဖို့ ထာဝရဘုရား​ထံ ငါ​ဆုတောင်း​ပေး​မည်​”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ