Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 3:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ဖိလိတ္တိ​မင်း ငါး​ပါး​အပါအဝင် ခါနာန်​လူမျိုး​အားလုံး​၊ ဆီဒုန်​လူမျိုး​နှင့် ဗာလဟေရမုန်​တောင်​မှ လီဘိုဟာမတ်​တိုင်အောင် လက်ဘနွန်​တောင်​တစ်လျှောက်​တွင် နေထိုင်​ကြ​သော​ဟိဝိ​လူမျိုး တို့​ဖြစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ထို​ပြည်​တွင်​ကျန်​ရှိ​နေ​သော​လူ​မျိုး​များ​မှာ ဖိ​လိတ္တိ​မြို့​ငါး​မြို့​မှ​ဖိ​လိတ္တိ​လူ​မျိုး၊ ခါ​နာန် လူ​မျိုး​အား​လုံး၊ ဇိ​ဒုန်​လူ​မျိုး​နှင့်​ဗာ​လ​ဟေ ရ​မုန်​တောင်​မှ​ဟာ​မတ်​တောင်​ကြား​လမ်း​အ​ထိ တည်​ရှိ​သော​လေ​ဗ​နုန်​တောင်​ပေါ်​တွင်​နေ​ထိုင် သည့်​ဟိဝိ​လူ​မျိုး​တို့​ဖြစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ဖိ လိ တ္တိ မင်း ငါး ပါး နှင့် ခါ န နိ လူ မျိုး၊ ဇိ ဒုန် လူ မျိုး၊ ဗာ လ ဟေ ရ မုန် တောင် မှ စ၍ ဟာ မတ် မြို့ လမ်း ဝ တိုင် အောင် လေ ဗ နုန် တောင် ပေါ် မှာ နေ ထိုင် သော ဟိ ဝိ လူ မျိုး တို့ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​အ​စ​ရှိ​သော ခါ​န​နိ​လူ​အ​မျိုး​မျိုး၊ ဇိ​ဒုန်​လူ၊ ဗာ​လ​ဟေ​ရ​မုန်​တောင်​မှ​စ၍ ဟာ​မတ်​လမ်း​ဝ​တိုင်​အောင် လေ​ဗ​နုန်​တောင်​ပေါ်​မှာ​နေ​သော ဟိ​ဝိ​လူ​တို့​သည် ကျန်​ကြွင်း​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 3:3
31 ပူးပေါင်းရင်းမြစ်များ  

ဇာဗုလုန်​သည် ပင်လယ်​ကမ်းခြေ​၌​နေထိုင်​၍ သူ​သည် သင်္ဘောဆိပ်​ဖြစ်​လိမ့်မည်​။ သူ​၏​နယ်​သည် ဆီဒုန်​မြို့​တိုင်အောင်​ရောက်​လိမ့်မည်​။


ထိုမှ တိုင်ရာ​ခံတပ်​မြို့​၊ ဟိဝိ​လူမျိုး​နှင့် ခါနာန်​လူမျိုး​တို့ နေထိုင်​ရာ​မြို့​ရှိသမျှ​တို့​သို့ သွား​၏​။ ယုဒ​ပြည်​၊ နေဂေ့​အရပ်​ရှိ​ဗေရရှေဘ​မြို့​သို့​လည်း သွား​ကြ​၏​။


ထို​အချိန်​တွင်ပင် ရှောလမုန်​မင်းကြီး​သည် လီဘိုဟာမတ်​အရပ်​မှ အီဂျစ်​မြစ်​တိုင်အောင် အရပ်ရပ်​မှ​ရောက်လာ​သော အစ္စရေး​လူအုပ်ကြီး​နှင့်အတူ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ ခုနစ်​ရက်​ပြီး နောက်ထပ်​ခုနစ်​ရက် စုစုပေါင်း​တစ်ဆယ့်​လေး​ရက်​တိုင် ပွဲတော်​ကျင်းပ​လေ​၏​။


အစ္စရေး​လူမျိုး​မ​ဟုတ်​သော အာမောရိ​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​ထဲမှ ကြွင်းကျန်​သော​လူမျိုး​အားလုံး​နှင့်


အနောက်​ဘက်ခြမ်း​တွင် မြေထဲပင်လယ်​မှ လီဘိုဟာမတ်​မျက်နှာမူ​ရာ​အရပ်​နယ်နိမိတ်​အထိ ဖြစ်​၏​။ ဤသည်ကား အနောက်ဘက်​နယ်နိမိတ်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏​။


အာမလက်​လူမျိုး​တို့​သည် နေဂေ့​အရပ်​၌ နေထိုင်​ကြ​၏​။ ဟိတ္တိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​နှင့် အာမောရိ​လူမျိုး​တို့​သည် တောင်ပေါ်ဒေသ​၌ နေထိုင်​ကြ​၏​။ ခါနာန်​လူမျိုး​တို့​သည် ပင်လယ်​ကမ်းနားဒေသ​နှင့်​ဂျော်ဒန်​မြစ်​ကမ်းနား​တစ်လျှောက်​တွင် နေထိုင်​ကြ​၏​”​ဟု ဆို​ကြ​၏​။


ဟောရ​တောင်​မှ လီဘိုဟာမတ်​အရပ်​အထိ ပိုင်းခြား​၍ ထိုမှ နယ်နိမိတ်​သည် ဇေဒဒ်​အရပ်​အထိ​ရောက်​ရ​မည်​။


ခရီးစပြု​ကြ​လော့​။ အာမောရိ​တောင်ပေါ်ဒေသ​နှင့် ထို​ဒေသ​အနီး​ရှိ အရာဗ​လွင်ပြင်​၊ တောင်ပေါ်ဒေသ​၊ မြေနိမ့်ဒေသ​၊ နေဂေ့​အရပ်​သို့​လည်းကောင်း​၊ ပင်လယ်​ကမ်းခြေဒေသ​သို့​လည်းကောင်း​၊ ခါနာန်​ပြည်​သို့​လည်းကောင်း​၊ လက်ဘနွန်​တောင်​မှ ယူဖရေးတီး​မြစ်​ကြီး​တိုင်အောင်​လည်းကောင်း လှည့်​သွား​လော့​။


(​ဟေရမုန်​တောင်​ကို​ဆီဒုန်​လူမျိုး​တို့​က စိရုန် ဟု​ခေါ်​ကြ​၍ အာမောရိ​လူမျိုး​တို့​က စနိရ ဟု​ခေါ်​ကြ​၏​။​)


ဂိဗောင်​မြို့သား​၊ ဟိဝိ​လူမျိုး​တို့​မှတစ်ပါး အခြား​မည်သည့်​မြို့​မျှ အစ္စရေး​လူမျိုး​တို့​ကို မိတ်​မ​ဖွဲ့​ကြ​။ ထို့ကြောင့် အခြား​မြို့​ရှိသမျှ​တို့​ကို တိုက်ခိုက်​သိမ်းပိုက်​ကြ​လေ​၏​။


အရှေ့​အနောက်​တစ်ခွင်​ရှိ ခါနာန်​လူမျိုး​များ​၊ တောင်ပေါ်ဒေသ​ရှိ အာမောရိ​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​၊ ဟေရမုန်​တောင်ခြေ မိဇပါ​ပြည်​ရှိ ဟိဝိ​လူမျိုး​များ စသည်​တို့​ထံသို့​လည်းကောင်း သတင်းပို့​လေ​၏​။


ခါနာန်​လူမျိုး​တို့​နေထိုင်​ရာ အီဂျစ်​ပြည်​အရှေ့ဘက်​ရှိဟောရ​မြစ်​မှ မြောက်ဘက်​ဧကြုန်​နယ်နိမိတ်​အထိ​၊ ဖိလိတ္တိ​ဘုရင်​ငါး​ပါး​အုပ်ချုပ်​သည့် ဂါဇ​ပြည်​၊ အာဇုတ်​ပြည်​၊ အာရှကေလုန်​ပြည်​၊ ဂိတ္တိ​ပြည်​၊ ဧကြုန်​ပြည်​မှစ၍ အာဝိ​ပြည်​အပါအဝင်


ဂေဗလ​ပြည်​၊ လက်ဘနွန်​ပြည်​အရှေ့ဘက်​တစ်ခုလုံး​၊ ဟေရမုန်​တောင်​ခြေ​ရှိ ဗာလဂဒ်​ပြည်​မှ လီဘိုဟာမတ်​ပြည်​အထိ​ဖြစ်​၏​။


ဧဗြုန်​မြို့​၊ ရဟောဘ​မြို့​၊ ဟမ္မုန်​မြို့​၊ ကာန​မြို့​မှ ဆီဒုန်​မြို့​ကြီး​အထိ ဆက်သွား​၏​။


အစ္စရေး​အမျိုးသား​တို့​က​လည်း “​သင်​တို့​နှင့် မိတ်​မ​ဖွဲ့​နိုင်​။ သင်​တို့​သည် ငါ​တို့ အနီးအနား​၌ နေထိုင်​သူ​များ​လည်း ဖြစ်​နိုင်​ပါ​သည်​”​ဟု ဟိဝိ​လူမျိုး​တို့​အား ပြန်ပြော​၏​။


ဆီဒုန်​လူမျိုး​၊ အာမလက်​လူမျိုး​၊ မောန​လူမျိုး​တို့​သည် သင်​တို့​ကို ညှဉ်းဆဲ​၍ သင်​တို့​သည် ငါ့​ကို​အော်ဟစ်​သောအခါ ငါ​သည် သင်​တို့​ကို ထို​သူ​တို့​လက်​မှ​လည်း ကယ်တင်​ခဲ့​၏​။


ထို့ကြောင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို အမျက်ထွက်​၍ သူ​တို့​ကို ဖိလိတ္တိ​လူမျိုး​၊ အမ္မုန်​လူမျိုး​တို့​လက်​သို့ ရောင်း​လိုက်​လေ​၏​။


ဖိလိတ္တိ​လူမျိုး​တို့​ကို ရန်ရှာ​တိုက်ခိုက်ခွင့်​ရ​အောင် ထာဝရဘုရား​ပြု​တော်မူ​သည်​ကို သူ့​မိဘ​မ​သိ​။ ထိုစဉ်က ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို အုပ်စိုး​နေ​ချိန်​ဖြစ်​၏​။


ထို့နောက် ထို​လူ​ငါး​ယောက်​သည် ခရီး​ဆက်သွား​၍ လဲရှ​မြို့​သို့​ရောက်​သော် ထို​မြို့သား​တို့​သည် ဆီဒုန်​လူမျိုး​တို့​စရိုက်​အတိုင်း စိုးရိမ်ပူပန်မှု​မ​ရှိ​၊ ဘေးအန္တရာယ်​ကင်းကင်း​နှင့် စိတ်အေးလက်အေး​နေထိုင်​ကြ​ကြောင်း​၊ ထို​ပြည်​သည် လိုလေသေးမရှိ စည်းစိမ်ဥစ္စာ​ကြွယ်ဝ​ကြောင်း​၊ ဆီဒုန်​မြို့​နှင့်​ကွာဝေး​သည့်​အပြင် မည်သူ​နှင့်​မျှ​အဆက်အဆံ​မ​ရှိ​ကြောင်း စူးစမ်းသိရှိ​ရ​ကြ​၏​။


(​ဤသည်ကား စစ်ပွဲ​အတွေ့အကြုံ​မ​ရှိ​သေး​သော အစ္စရေး​လူမျိုး မျိုးဆက်သစ်​များ စစ်မှုရေးရာ သင်ယူ​စေရန်​ဖြစ်​၏​။​)


ထို့ကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို ဟာဇော်​မြို့​၌​စိုးစံ​သော ခါနာန်​ဘုရင်​ယာဘိန်​မင်းကြီး​လက်​သို့ ရောင်းလိုက်​လေ​၏​။ ထို​ဘုရင်​၏​စစ်သူကြီး​မှာ ဟာရောရှက်​ဟာဂေါအိမ်​မြို့​၌​နေထိုင်​သော သိသရ​ဖြစ်​၏​။


ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း အစ္စရေး​လူမျိုး​တို့​ကို ပြန်လည်​တိုက်ခိုက်​ရန် စုဝေး​ကြ​ပြီးလျှင် စစ်ရထား​သုံးသောင်း​၊ မြင်းစီးသူရဲ​ခြောက်​ထောင်​၊ ပင်လယ်​ကမ်းခြေ​ရှိ​သဲလုံး​နှင့်အမျှ​များပြား​သော​စစ်သည်​တို့​နှင့်တကွ ချီတက်​လာ​၍ ဗေသဝင်​မြို့​အရှေ့ဘက် မိတ်မတ်​မြို့​၌ စခန်းချ​ကြ​၏​။


ဖိလိတ္တိ​မင်း​တို့​သည် ရာချီ​တပ်​၊ ထောင်ချီ​တပ်​တို့​နှင့် ချီတက်​ကြ​၏​။ ဒါဝိဒ်​နှင့်​သူ့​နောက်လိုက်​တို့​သည်​လည်း အာခိတ်​မင်းကြီး​နှင့်အတူ သူ​တို့​နောက်​မှ​လိုက်​၍ ချီသွား​ကြ​၏​။


ဖိလိတ္တိ​မင်း​ငါး​ပါး​သည် ဤ​အဖြစ်အပျက်​ကို ကြည့်​ပြီး ထို​နေ့​တွင်ပင် ဧကြုန်​မြို့​သို့ ပြန်သွား​ကြ​၏​။


ရွှေ​ကြွက်​ရုပ်​များ​မှာ ခံတပ်​မြို့​နှင့် ကျေးလက်ဒေသ​များ​အပါအဝင် ဖိလိတ္တိ​မင်း​ငါး​ပါး​အုပ်ချုပ်​သော​မြို့ရွာ​တို့​၏​အရေအတွက်​အတိုင်း ဖြစ်​၏​။ ထာဝရဘုရား​၏​သေတ္တာ​တော်​တင်ထား​ခဲ့​သော​ကျောက်တုံး​ကြီး​သည် ယနေ့​တိုင်အောင် ဗက်ရှေမက်​မြို့သား ယောရှု​၏​လယ်​ထဲတွင် သက်သေ​အဖြစ် ရှိ​နေ​သေး​၏​။


ဖိလိတ္တိ​လူမျိုး​တို့​က​လည်း “​မည်သည့်​အပြစ်ဒဏ်ဖြေရာယဇ်​ဖြင့် ပို့​လိုက်​ရ​မည်နည်း​”​ဟု မေး​လျှင် သူ​တို့​က “​ဖိလိတ္တိ​မင်း​အရေအတွက်​နှင့်အညီ ရွှေ​ပလိပ်နာဖု​အရုပ်​ငါး​ခု​နှင့် ရွှေ​ကြွက်​ရုပ်​ငါး​ခု​ကို ထုလုပ်​၍ ပေးလိုက်​ရ​မည်​။ သင်​တို့​နှင့် သင်​တို့​၏​မင်း​များ ခံစား​ရ​သော​ရောဂါ​မှာ တစ်မျိုးတည်း​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ