သူကြီး 21:8 - မြန်မာ့စံမီသမ္မာကျမ်း8 သူတို့က “အစ္စရေးအမျိုးအနွယ်တို့တွင် မည်သူသည် မိဇပါမြို့သို့ မလာကြသနည်း။ မည်သူသည် ထာဝရဘုရားရှေ့တော်သို့ မလာကြသနည်း”ဟု စစ်ဆေးမေးမြန်းကြသောအခါ ယာဗက်ဂိလဒ်မြို့သားတစ်ယောက်မျှ လူစုဝေးရာစခန်းသို့ ရောက်မလာကြသည်ကို သိရလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 မိဇပါမြို့၌စုရုံးရာသို့ဣသရေလ အမျိုးအနွယ်များထဲမှ မလာမရောက် သောလူစုရှိပါသလောဟုစုံစမ်းကြ သောအခါ ဂိလဒ်ပြည်ယာဗက်မြို့မှမည် သူတစ်ဦးတစ်ယောက်မျှမလာမရောက် ကြောင်းကိုသိရှိရကြလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible8-9 မိ ဇ ပါ မြို့၊ ထာ ဝ ရ ဘု ရား အ ထံ တော် သို့ ဣ သ ရေ လ လူ မျိုး တို့ အ နက် မ လာ မ ရောက် သော အ နွယ် ကား မည် သည့် အ နွယ် နည်း ဟူ ၍ လည်း ကောင်း၊ နှီး နှော ပြီး မှ လူ မျိုး တော် စု ရုံး သည့် ကာ လ ဂိ လဒ် နယ်၊ ယာ ဗက် မြို့ သား တစ် ဦး တစ် ယောက် မ ပါ မ ဝင် သည့် အ လျောက် ထို မြို့ မှ စု ရုံး တပ် ချ ရာ သို့ မည် သူ မျှ မ လာ ကြောင်း သိ မြင် ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ဣသရေလ အမျိုးအနွယ်တို့တွင် အဘယ်သူသည် မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်း ဟူ၍လည်းကောင်း မေးမြန်းလျှင်၊ ဂိလဒ်ပြည်၊ ယာဗက်မြို့သားတစ်ယောက်မျှ စုဝေးရာတပ်သို့ မရောက်မလာကြောင်းကို သိကြ၏။ အခန်းကိုကြည့်ပါ။ |
နွားတစ်ရှဉ်းကိုယူ၍ အပိုင်းပိုင်းခုတ်ဖြတ်ပြီးမှ ထိုတမန်တို့၏လက်ဖြင့်ပင် အစ္စရေးနယ်ပယ်တစ်လျှောက်လုံးသို့ ပေးပို့ကာ “ရှောလုနှင့် ရှမွေလနောက်သို့မလိုက်သောသူတို့၏နွားများကို ဤကဲ့သို့ပြုမည်”ဟု မှာလိုက်၏။ ထိုအခါ ထာဝရဘုရားကိုကြောက်ရွံ့စိတ်ဝင်ကြသဖြင့် လူတို့သည် တညီတညွတ်တည်း ထွက်လာကြ၏။