Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 40:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ယေရမိ​သည်​လည်း အဟိကံ​၏​သား ဂေဒလိ​ရှိ​ရာ မိဇပါ​မြို့​သို့​ပြန်သွား​၍ ပြည်​၌​ကျန်ရစ်​သော​ပြည်သား​တို့​နှင့်အတူ နေထိုင်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ငါ​သည်​လည်း​ဂေ​ဒ​လိ​ထံ​သို့​သွား​၍​မိ​ဇ​ပါ မြို့​တွင်​ကြွင်း​ကျန်​လျက်​ရှိ​သည့်​ပြည်​သူ​ပြည် သား​တို့​နှင့်​အ​တူ​နေ​ထိုင်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ယေ ရ မိ သွား ၍ မိ ဇ ပါ မြို့ ရှိ အ ဟိ ကံ့ သား ဂေ ဒ လိ ထံ၊ ပြည် တော် တွင် ကျန် သေး သူ တို့ နှင့် အ တူ နေ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​အ​ခါ ယေ​ရ​မိ​သည် အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ရှိ​ရာ မိ​ဇ​ပါ​မြို့​သို့​သွား၍၊ ပြည်၌​ကျန်​ကြွင်း​သေး​သော သူ​တို့​နှင့် အ​တူ​နေ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 40:6
8 ပူးပေါင်းရင်းမြစ်များ  

အာသ​မင်းကြီး​သည်​လည်း ယုဒ​ပြည်သူပြည်သား​အပေါင်း​တို့​ကို ခေါ်ဆောင်​လာ​၍ ရာမ​မြို့​ကို​ဗာရှာ​မင်းကြီး​တည်​ရာ​၌ အသုံးပြု​ခဲ့​သော ကျောက်တုံး​၊ သစ်သား​များ​ကို ယူဆောင်​သွား​စေ​ကာ ထို​ပစ္စည်း​များ​ဖြင့် ဂေဗ​မြို့​နှင့် မိဇပါ​မြို့​ကို တည်​လေ​၏​။


သူ​တို့​သည် ယေရမိ​ကို ထောင်ဝင်း​ထဲမှ ထုတ်ယူ​ပြီးလျှင် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား ဂေဒလိ​ထံသို့ သူ့​ကို​အပ်​၍ အိမ်​သို့​ပြန်ပို့​စေ​၏​။ ဤသို့ဖြင့် ယေရမိ​သည် မိမိ​လူမျိုး​တို့​နှင့်အတူ နေထိုင်​ရ​လေ​၏​။


သတ္တမ​လ​တွင် တော်ဝင်​မင်းမျိုးမင်းနွယ်​ဖြစ်​သော ဧလိရှမာ​၏​မြေး​၊ နေသနိ​၏​သား​၊ ဘုရင်​၏​ကိုယ်ရံတော်မှူး ဣရှမေလ​သည် လူ​ဆယ်​ယောက်​နှင့်အတူ မိဇပါ​မြို့​ရှိ အဟိကံ​၏​မြေး​ဂေဒလိ​ထံသို့ ရောက်လာ​ကြ​၏​။ ထို​မိဇပါ​မြို့​တွင် အတူတကွ စားသောက်​နေ​ကြ​စဉ်


ဒိလန်​မြို့​၊ မိဇပါ​မြို့​၊ ယောကသေလ​မြို့​၊


မိဇပါ​မြို့​၊ ခေဖိရ​မြို့​၊ မောဇ​မြို့​၊


ဂိလဒ်​ပြည်​အပါအဝင် ဒန်​မြို့​မှ ဗေရရှေဘ​မြို့​တိုင်အောင်​နေထိုင်​သော အစ္စရေး​အမျိုးသား​အပေါင်း လူအုပ်ကြီး​တို့​သည် မိဇပါ​မြို့​သို့​ရောက်လာ​၍ ထာဝရဘုရား​ရှေ့​တော်​တွင် တစ်စိတ်တစ်သဘောတည်း စုရုံး​ကြ​၏​။


အစ္စရေး​အမျိုးသား​တို့​က “​ငါ​တို့​သမီးပျို​ကို ဗင်္ယာမိန်​အမျိုးသား​တို့​နှင့် လုံးဝ​မ​ပေးစား​”​ဟု မိဇပါ​မြို့​တွင် ကျိန်ဆို​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ