Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 11:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထို​ဘုရင်​တို့​သည်​လည်း ပင်လယ်​ကမ်းခြေ​ရှိ​သဲလုံး​နှင့်အမျှ အရေအတွက်​များပြား​လှ​သော​စစ်သည်​များ​၊ မြင်း​များ​၊ စစ်ရထား​များ​နှင့်တကွ ချီတက်​လာ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 သူ​တို့​သည်​ပင်​လယ်​ကမ်း​ခြေ​ရှိ​သဲ​ပွင့် များ​တ​မျှ​များ​ပြား​သော စစ်​သူ​ရဲ​တို့ နှင့်​ချီ​တက်​လာ​ကြ​လေ​သည်။ သူ​တို့​တွင် မြင်း​နှင့်​စစ်​ရ​ထား​အ​မြောက်​အ​မြား ပါ​ရှိ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4-5 ရာ ဇ သံ စေ လွှတ် သည့် အ တိုင်း၊ ထို ဘု ရင် မင်း အ ပေါင်း တို့ သည် သ မု ဒ္ဒ ရာ ကမ်း ခြေ ရှိ သဲ လုံး အ မျှ များ ပြား သော အ လုံး အ ရင်း တို့ နှင့် တ ကွ၊ မြင်း တပ်၊ ရ ထား တပ်၊ အ မြောက် အ မြား ပါ ချီ ထွက် စု ပေါင်း ကြ ပြီး လျှင်၊ ဣ သ ရေ လ လူ မျိုး ကို စစ် တိုက် ရန် မေ ရုံ အိုင် အ နီး သို့ လာ ရောက် တပ် စွဲ ကြ ကုန် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထို​မင်း​ကြီး​များ​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ အ​လွန်​များ​စွာ​သော ဗိုလ်​ပါ​အ​ပေါင်း၊ မြင်း​များ၊ ရ​ထား​များ​အ​ပေါင်း​တို့​နှင့်​တ​ကွ ထွက်​လာ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 11:4
8 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​ကို အမှန်ပင်​ကောင်းချီးပေး​၍ သင်​၏​အမျိုးအနွယ်​ကို ကောင်းကင်​ကြယ်​နှင့်အမျှ​၊ ပင်လယ်​ကမ်းခြေ​ရှိ​သဲပွင့်​နှင့်အမျှ အလွန်​များပြား​စေ​မည်​။ သင်​၏​အမျိုးအနွယ်​သည် ရန်သူ​တို့​၏​မြို့​တံခါး​ကို သိမ်းပိုက်​လိမ့်မည်​။


သို့သော် ကိုယ်တော်​က ‘​ငါ​သည် သင့်​ကို​အမှန်ပင်​ကောင်းစား​စေ​၍ သင်​၏​သားစဉ်မြေးဆက်​တို့​ကို မ​ရေတွက်​နိုင်​အောင် များပြား​သော​ပင်လယ်​သဲပွင့်​ကဲ့သို့​ဖြစ်​စေ​မည်​’​ဟူ၍ မိန့်​တော်မူ​ခဲ့​ပါ​ပြီ​”​ဟု လျှောက်​လေ​၏​။


ထို့ကြောင့် အကျွန်ုပ်​အကြံပေး​လို​သည်​မှာ ဒန်​မြို့​မှစ၍ ဗေရရှေဘ​မြို့​အထိ သမုဒ္ဒရာ​သဲလုံး​နှင့်အမျှ များပြား​သော​အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို အကုန်​စုဝေး​စေ​ပြီး အရှင်​ကိုယ်တိုင် ဦးဆောင်​၍ စစ်ထွက်တိုက်​စေ​လို​ပါ​သည်​။


သမုဒ္ဒရာ​သဲလုံး​နှင့်အမျှ အရေအတွက်​များပြား​လှ​သော ယုဒ​လူမျိုး​၊ အစ္စရေး​လူမျိုး​တို့​သည် ဝမ်းမြောက်​ပျော်ရွှင်​စွာ စား​သောက်​နေထိုင်​ရ​လေ​၏​။


သူ​တို့​သည် ခွေယိုင်​လဲကျ​သွား​ကြ​၏​။ ငါ​တို့​မူကား ထ​၍​ခိုင်မြဲ​စွာ​ရပ်​နေ​ကြ​၏​။


ထို​ဘုရင်​အားလုံး စုရုံး​ကြ​၍ အစ္စရေး​လူမျိုး​တို့​ကို​တိုက်ခိုက်​ရန် မေရုံ​အိုင်​နား​တွင် လာရောက်​စခန်းချ​ကြ​၏​။


ကျိုင်းကောင်အုပ်​သဖွယ် များပြား​လှ​သော မိဒျန်​လူမျိုး​၊ အာမလက်​လူမျိုး​နှင့် အရှေ့​ပြည်သား​အပေါင်း​တို့​သည် ချိုင့်ဝှမ်းလွင်ပြင်​၌ စခန်းချ​လျက်​ရှိ​ကြ​၏​။ သူ​တို့​၏​ကုလားအုတ်​တို့​သည်​လည်း ပင်လယ်​ကမ်းခြေ​ရှိ​သဲလုံး​နှင့်အမျှ မ​ရေတွက်​နိုင်​အောင်​များပြား​၏​။


ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း အစ္စရေး​လူမျိုး​တို့​ကို ပြန်လည်​တိုက်ခိုက်​ရန် စုဝေး​ကြ​ပြီးလျှင် စစ်ရထား​သုံးသောင်း​၊ မြင်းစီးသူရဲ​ခြောက်​ထောင်​၊ ပင်လယ်​ကမ်းခြေ​ရှိ​သဲလုံး​နှင့်အမျှ​များပြား​သော​စစ်သည်​တို့​နှင့်တကွ ချီတက်​လာ​၍ ဗေသဝင်​မြို့​အရှေ့ဘက် မိတ်မတ်​မြို့​၌ စခန်းချ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ