အဗရှလုံကလည်း အဟိသောဖေလအား “ငါတို့ မည်သို့ပြုသင့်သည်ကို သင်အကြံပေးကြည့်ပါ”ဟု ဆိုလျှင်
ယာကုပ် 3:6 - မြန်မာ့စံမီသမ္မာကျမ်း လျှာသည် မီးဖြစ်၏။ မတရားမှု၏လောကလည်းဖြစ်၏။ လျှာသည် ငါတို့၏အင်္ဂါအစိတ်အပိုင်းထဲက တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးကို ညစ်ညူးစွန်းထင်းစေလျက် ဘဝတစ်ခုလုံးကို လောင်ကျွမ်းစေကာ မိမိသည်လည်း ငရဲမီး၏လောင်ကျွမ်းခြင်းကိုခံရ၏။ Common Language Bible လျှာသည်မီးနှင့်တူ၍အပြစ်ဒုစရိုက်ဖြင့် ပြည့်ဝသောကမ္ဘာဖြစ်၏။ ယင်းသည်ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုအဖြစ်ဖြင့်တည်ရှိကာ၊ ငါတို့၏ကိုယ်ခန္ဓာတစ်ခုလုံးသို့အပြစ်ဒုစရိုက် ကူးစက်ပျံ့နှံ့စေလေသည်။ လျှာသည်ငရဲမှ ရရှိသည့်မီးဖြင့်ငါတို့၏ဘဝတစ်ခု လုံးကိုကျွမ်းလောင်စေတတ်၏။- Garrad Bible လျှာ လည်း မီး သ ဖွယ်၊ ဒု စ ရိုက် လော က သ ဖွယ် ဖြစ်၏။ ငါ တို့ အင်္ဂါ များ တွင် တည်၍ တစ် ကိုယ် လုံး ညစ် ညူး စေ သည့် ပြင် င ရဲ မီး ဖြင့် ကူး လောင် သည့် အ လျောက် ငါ တို့ ဇာ တိ စက် ကို စွဲ လောင် တတ် ၏။ Judson Bible လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည် ငါတို့၏အင်္ဂါတို့တွင်တည်၍ တစ်ကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်ကိုလည်း ရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ခြင်းကို ခံလျက်ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လျှာသည် မီးဖြစ်၏။ ဒုစရိုက်လောကလည်း ဖြစ်၏။ ၎င်းသည် ကျွန်ုပ်တို့၏ အင်္ဂါအစိတ်အပိုင်းများအနက် တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးကို ညစ်ညူးစေတတ်၏။ လူ့ဘဝတစ်ခုလုံးကိုလည်း လောင်ကျွမ်းစေနိုင်၏။ လျှာသည် မီးကို ငရဲမှ ထွန်းညှိ၏။ |
အဗရှလုံကလည်း အဟိသောဖေလအား “ငါတို့ မည်သို့ပြုသင့်သည်ကို သင်အကြံပေးကြည့်ပါ”ဟု ဆိုလျှင်
အစ္စရေးအမျိုးသားတို့ကလည်း ယုဒအမျိုးသားတို့အား “ရှင်ဘုရင်၌ ငါတို့ဝေစုဆယ်စုရှိ၏။ ထို့ကြောင့် သင်တို့နှင့်ယှဉ်လျှင် ငါတို့သည် ဒါဝိဒ်မင်းကြီးနှင့်ပို၍စပ်ဆိုင်၏။ အဘယ်ကြောင့် ငါတို့ကို မထီလေးစားပြုရသနည်း။ ငါတို့ဘုရင်ကို ငါတို့ အဦးဆုံးပြန်ခေါ်ရမည်မဟုတ်လော”ဟု ပြန်ပြောကြ၏။ သို့သော် ယုဒအမျိုးသားတို့၏စကားသည် အစ္စရေးအမျိုးသားတို့၏စကားထက် ပို၍ခိုင်မာ၏။
အဘိယမင်းကြီးနှင့် သူ၏လူတို့သည် အစ္စရေးစစ်သူရဲတို့ကို အပြင်းအထန်တိုက်ခိုက်သဖြင့် လက်ရွေးစင်စစ်သူရဲပေါင်း ငါးသိန်းမျှ ကျဆုံး၏။
သူတို့သည် မိမိတို့လျှာကို မြွေ၏လျှာကဲ့သို့ ချွန်ထက်စေတတ်ကြပါ၏။ သူတို့၏နှုတ်ခမ်းအောက်တွင် မြွေဆိုး၏အဆိပ်ရှိပါ၏။(စေလာ)
သူတို့သည် မိမိတို့လျှာကို ဓားကဲ့သို့ထက်စေပြီး မိမိတို့၏ခါးသီးသောစကားများကို မြားကဲ့သို့ချိန်ရွယ်လျက်
ညင်သာစွာဖြေကြားသောစကားသည် အမျက်ဒေါသကိုပြေစေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုလှုံ့ဆော်တတ်၏။
ဆိုးညစ်သောသူသည် မကောင်းမှုကိုတူးဆွတတ်၏။ သူ၏စကားသည်လည်း တောက်လောင်နေသော မီးကဲ့သို့ဖြစ်၏။
လိမ်လည်ထွက်ဆိုသောမုသားသက်သေနှင့် ညီအစ်ကိုတို့ကြား၌ အငြင်းပွားမှုများဖြစ်ပွားစေသော သူတို့ဖြစ်ကြ၏။
သို့ပြုလျှင် ၎င်းတို့သည် အကျင့်ဖောက်ပြားသောမိန်းမ၏ ဘေးရန်မှလည်းကောင်း၊ စကားများဖြင့်မြှူဆွယ်တတ်သည့် ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ ဘေးရန်မှလည်းကောင်း သင့်ကိုစောင့်ရှောက်လိမ့်မည်။
ကြည့်ရှုလော့။ ထာဝရဘုရား၏နာမတော်သည် တောက်လောင်နေသောအမျက်တော်၊ ထူထပ်သည့်မီးခိုးလုံးတို့ဖြင့် ဝေးလံသောအရပ်မှလာ၏။ ကိုယ်တော်၏နှုတ်သည် အမျက်ဒေါသနှင့်ပြည့်၏။ ကိုယ်တော်၏လျှာသည် တောက်လောင်နေသောမီးကဲ့သို့ဖြစ်၏။
မီးမွှေးသောသူအပေါင်းတို့၊ မီးတုတ် အသင့်ပြင်ထားသောသူအပေါင်းတို့၊ သင်တို့၏မီး၊ သင်တို့မီးစွဲစေသောမီးတုတ်၏အလင်းထဲ၌ သွားလာကြလော့။ ငါ့လက်မှသင်တို့ရရှိမည့်အကျိုးကား သင်တို့သည် ဆင်းရဲခြင်းဝေဒနာထဲ၌ အိပ်ရလိမ့်မည်။
အကြောင်းမူကား လူအများတို့က “ပတ်ပတ်လည်၌ ကြောက်လန့်စရာရှိ၏။ သတင်းပို့ကြစို့။ ငါတို့သတင်းပို့ကြစို့”ဟူ၍ တီးတိုးပြောသံကိုသာ ငါကြားရ၏။ အကျွန်ုပ်၏မိတ်ဆွေရင်းချာအပေါင်းတို့လည်း အကျွန်ုပ်ပြိုလဲသည်ကို စောင့်ကြည့်၍ “သူ့ကို လှည့်စား၍ ရကောင်းရနိုင်လိမ့်မည်။ သူ့ကို အနိုင်ယူမည်။ လက်တုံ့ပြန်မည်”ဟု ဆိုကြ၏။
ထို့ကြောင့် ထာဝရဘုရားက ‘ကြည့်ရှုလော့။ သင်သည် ထာဝရဘုရားအား ပုန်ကန်ပြောဆိုသည်ဖြစ်၍ သင့်ကို ကမ္ဘာမြေပေါ်မှ ထွက်သွားစေမည်။ ဤနှစ်တွင် သင်သေရမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆိုလေ၏။
ထိုအစ္စရေးအမျိုးသမီး၏သားသည် နာမတော်ကိုစော်ကားပြောဆိုလျက် ကျိန်ဆဲသောကြောင့် သူ့ကို မောရှေထံသို့ခေါ်လာကြ၏။ သူ့မိခင်၏အမည်မှာ ရှေလောမိတ်ဖြစ်ပြီး ဒန်အမျိုးအနွယ်မှ ဒိဗရိ၏သမီးဖြစ်၏။
ထိုအမျိုးသမီးတို့သည် မိမိတို့ဘုရားများ၏ယဇ်ပူဇော်ပွဲများသို့ အစ္စရေးအမျိုးသားတို့ကို ခေါ်သွား၏။ သူတို့သည် စားသောက်ကြ၍ ထိုအမျိုးသမီးတို့၏ဘုရားများကိုလည်း ရှိခိုးကိုးကွယ်ကြ၏။
ဤမိန်းမတို့သည် ဗာလမ်၏အကြံပြုချက်အရ အစ္စရေးအမျိုးသားတို့ကို ပေဂုရဘုရားအမှုအားဖြင့် ထာဝရဘုရားအပေါ် သစ္စာမဲ့သောသူဖြစ်စေ၍ ထာဝရဘုရား၏လူထုအပေါ်သို့ ဘေးဒဏ်ကျရောက်စေ၏။
ဖာရိရှဲတို့သည်ကြားလျှင် “ဤသူသည် နတ်ဆိုးတို့၏အကြီးအကဲ ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်နေခြင်းသာဖြစ်သည်”ဟု ပြောဆိုကြ၏။
သို့သော် သင်တို့အား ငါဆိုသည်ကား မိမိညီအစ်ကိုအပေါ် အမျက်ထွက်သောသူတိုင်းသည် အပြစ်စီရင်ခြင်းကိုခံထိုက်၏။ မိမိညီအစ်ကိုအား ‘အလကားလူ’ဟု ပြောသောသူသည် တရားလွှတ်တော်လက်သို့ အပ်နှံခြင်းခံထိုက်၍ ‘လူမိုက်’ဟု ပြောသောသူသည် ငရဲမီးဒဏ်ကိုခံထိုက်၏။
လူ၏ပြင်ပမှ လူ့အထဲသို့ဝင်၍ လူကိုညစ်ညူးစေနိုင်သောအရာ တစ်စုံတစ်ခုမျှမရှိ။ လူ့အတွင်းမှထွက်လာသောအရာများကသာ လူကိုညစ်ညူးစေကြ၏။
ထိုအခါ သူက ‘အဖအာဗြဟံ၊ အကျွန်ုပ်ကိုသနားပါ။ အကျွန်ုပ်သည် ဤမီးလျှံထဲတွင် ဝေဒနာပြင်းစွာခံစားနေရသောကြောင့် လာဇရုသည် သူ၏လက်ဖျားကိုရေ၌နှစ်၍ အကျွန်ုပ်၏လျှာကိုအေးစေဖို့ရန် သူ့ကိုစေလွှတ်ပေးပါ’ဟု အော်ဟစ်ပြောဆိုလေ၏။
သင်တို့အထဲမှလည်း တပည့်တော်များကို မိမိတို့ဘက်သို့ဆွယ်ရန် ဖောက်ပြန်လမ်းလွဲသောအရာများကို ပြောဆိုသောသူအချို့တို့ ပေါ်လာကြလိမ့်မည်။
ထိုအခါ ပေတရုက “အာနနိ၊ သင်သည် အဘယ်ကြောင့် စာတန်အား သင်၏စိတ်နှလုံးကိုအုပ်စိုးခွင့်ပေး၍ သန့်ရှင်းသောဝိညာဉ်တော်ကိုလိမ်ညာကာ မြေဖိုးထဲမှအချို့ကို ထိမ်ချန်ထားသနည်း။
ထို့နောက် သူတို့သည် မမှန်သောသက်သေများကိုခေါ်လာ၍ “ဤသူသည် သန့်ရှင်းရာဌာနတော်နှင့်ပညတ်တရားတို့အား ဆန့်ကျင်သည့်စကားကို အစဉ်မပြတ်ပြောဆိုနေပါသည်။
သင်၏မအေတူဖအေကွဲညီအစ်ကိုဖြစ်စေ၊ သင်၏သားသမီးဖြစ်စေ၊ သင်၏ရင်ခွင်၌ရှိသောမယားဖြစ်စေ၊ အရင်းနှီးဆုံးမိတ်ဆွေဖြစ်စေ သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသောအခြားဘုရားများဖြစ်သည့်
ထိုသူတို့ကို နှုတ်ဆိတ်စေရမည်။ သူတို့သည် မစင်ကြယ်သောအကျိုးစီးပွားအတွက် မသွန်သင်အပ်သောအရာများကိုသွန်သင်လျက် မိသားစုများကို အစုလိုက်ချွတ်ချော်လွဲမှားစေကြ၏။
သင်တို့နှင့်စပ်လျဉ်း၍ ခေါ်ဝေါ်သမုတ်သည့် ကောင်းမြတ်သောနာမကို သူတို့စော်ကားပြောဆိုကြသည်မဟုတ်လော။
လူသားတို့သည် သားရဲတိရစ္ဆာန်နှင့်ကျေးငှက်မျိုးမှစ၍ တွားသွားသတ္တဝါနှင့်ရေသတ္တဝါမျိုးအပေါင်းတို့ကို ယဉ်ပါးစေနိုင်သကဲ့သို့ ယဉ်လည်းယဉ်ပါးစေခဲ့ကြ၏။
ပထမဦးစွာ သင်တို့သိထားရမည့်အချက်မှာ ပြက်ရယ်ပြုတတ်သောသူတို့သည် နောက်ဆုံးသောနေ့ရက်ကာလ၌ ပြက်ရယ်ပြုလျက်ပေါ်လာ၍ မိမိတို့၏တပ်မက်ခြင်းများအတိုင်း လျှောက်လှမ်းကာ
ထို့ကြောင့် ငါလာသောအခါ သူပြုနေသောအမှုကိုထောက်ပြမည်။ သူသည် မကောင်းသောစကားအမျိုးမျိုးတို့ဖြင့် ငါတို့ကို ကဲ့ရဲ့ပြစ်တင်ပြီး ဤမျှနှင့်သာမကျေနပ်ဘဲ သူကိုယ်တိုင်လည်း ညီအစ်ကိုတို့ကိုလက်မခံ၊ လက်ခံလိုသောသူများကိုလည်း တားမြစ်၍ အသင်းတော်မှ နှင်ထုတ်၏။
ထိုအခါ တစ်ကမ္ဘာလုံးကိုလှည့်ဖြား၍ မာရ်နတ်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍လည်းကောင်း အခေါ်ခံရသည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီးသည် မြေကြီးပေါ်သို့ပစ်ချခြင်းခံရလေ၏။ သူနှင့်အတူ သူ၏စေတမန်တို့သည်လည်း ပစ်ချခြင်းခံရကြ၏။
သူသည် ပထမသားရဲရှေ့၌ ပြုခွင့်ရရှိထားသောနိမိတ်လက္ခဏာများအားဖြင့် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သောသူအားလုံးတို့ကိုလှည့်ဖြား၍ ဓားဒဏ်ရာရှိသော်လည်း အသက်ရှင်ခဲ့သောသားရဲ၏ရုပ်တုကိုပြုလုပ်ရန် ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့အားစေခိုင်း၏။
ဆီမီး၏အလင်းကိုလည်း သင့်အထဲ၌ လုံးဝထွန်းလင်းတော့မည်မဟုတ်။ မင်္ဂလာဆောင်သတို့သားနှင့်သတို့သမီးတို့၏အသံကိုလည်း သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။ အကြောင်းမူကား သင်၏ကုန်သည်တို့သည် ကမ္ဘာမြေကြီး၏မှူးကြီးမတ်ရာများဖြစ်ကြ၏။ လူမျိုးတကာတို့သည်လည်း သင်၏ပြုစားခြင်းဖြင့် လှည့်ဖြားခြင်းကိုခံခဲ့ရကြ၏။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။