ဗျာဒိတ် 18:23 - မြန်မာ့စံမီသမ္မာကျမ်း
23 ဆီမီး၏အလင်းကိုလည်း သင့်အထဲ၌ လုံးဝထွန်းလင်းတော့မည်မဟုတ်။ မင်္ဂလာဆောင်သတို့သားနှင့်သတို့သမီးတို့၏အသံကိုလည်း သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။ အကြောင်းမူကား သင်၏ကုန်သည်တို့သည် ကမ္ဘာမြေကြီး၏မှူးကြီးမတ်ရာများဖြစ်ကြ၏။ လူမျိုးတကာတို့သည်လည်း သင်၏ပြုစားခြင်းဖြင့် လှည့်ဖြားခြင်းကိုခံခဲ့ရကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
23 သင်သည်အဘယ်အခါ၌မျှဆီမီး၏အလင်း ရောင်ကိုမြင်ရလိမ့်မည်မဟုတ်။ မင်္ဂလာဆောင်သတို့ သားနှင့်သတို့သမီး၏အသံကိုလည်းအဘယ် အခါ၌မျှကြားရလိမ့်မည်မဟုတ်။ သင်၏ကုန် သည်ကြီးများကားကမ္ဘာတစ်ဝန်းလုံးတွင်သြဇာ အာဏာကြီးမားသူများဖြစ်ကြ၏။ သင်သည် လူမျိုးတကာတို့ကိုစုန်းအတတ်ဖြင့်ပြုစား ကာမှောက်မှားလမ်းလွဲစေလေပြီ'' ဟုဆိုလေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
23 မီး အ လင်း ထွန်း ရ တော့ မည် မ ဟုတ်။ မင်္ဂ လာ ဆောင် သ တို့ သား နှင့် သ တို့ သ မီး ကြွေး ကြော် သံ ကို ကြား ရ တော့ မည် မ ဟုတ်။ အ သို့ ဆို သော် သင့် ကုန် သည် တို့ သည် မြေ ပေါ် တွင် အ ကြီး အ မှူး ဖြစ် ခဲ့ ကြ ရာ သင့် နတ် မှော် ဟော ခြင်း ဖြင့် လူ အ မျိုး မျိုး တို့ လှည့် ဖြား ခံ ရ ကြ သည့် ပြင်၊
အခန်းကိုကြည့်ပါ။ ကော်ပီ
23 ဆီမီးအလင်းလည်း သင့်အထဲ၌ နောက်တစ်ဖန် မထွန်းမလင်းရ။ မင်္ဂလာဆောင် သတို့သားသတို့သမီး အသံကိုလည်း သင့်အထဲ၌ နောက်တစ်ဖန် မကြားရ။ အကြောင်းမူကား၊ လောကီမှူးမတ်တို့သည် သင်၏ ကုန်သည်ဖြစ်ကြပြီ။ လူအမျိုးမျိုးတို့သည် သင်၏ ပြုစားခြင်း ပရိယာယ်အားဖြင့် လှည့်ဖြားခြင်းကို ခံရကြပြီဟု ကောင်းကင်တမန် ပြောဆို၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
23 ဆီမီးအလင်းသည်လည်း သင့်ထဲ၌ မည်သည့်အခါမျှ ထွန်းလင်းတော့မည် မဟုတ်။ သတို့သားနှင့် သတို့သမီးတို့၏ ပျော်ရွှင်သောအသံကိုလည်း သင့်ထဲ၌ မည်သည့်အခါမျှ ကြားရတော့မည် မဟုတ်။ သင်၏ ကုန်သည်ကြီးများသည် ဤကမ္ဘာလောကတွင် အရှိန်အဝါကြီးသူများ ဖြစ်ကြ၏။ လူမျိုးအပေါင်းတို့သည် သင်၏ ပြုစားခြင်းဖြင့် လှည့်ဖြားခံကြရပြီ။
အခန်းကိုကြည့်ပါ။ ကော်ပီ