Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 24:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထို​အစ္စရေး​အမျိုးသမီး​၏​သား​သည် နာမ​တော်​ကို​စော်ကားပြောဆို​လျက် ကျိန်ဆဲ​သောကြောင့် သူ့​ကို မောရှေ​ထံသို့​ခေါ်လာ​ကြ​၏​။ သူ့​မိခင်​၏​အမည်​မှာ ရှေလောမိတ်​ဖြစ်ပြီး ဒန်​အမျိုးအနွယ်​မှ ဒိဗရိ​၏​သမီး​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11-12 နာ မ တော် ကို တိုင်း ထွာ ဆဲ ရေး သ ဖြင့် ထို သူ့ ကို မော ရှေ ထံ ခေါ် သွင်း ကြ ပြီး လျှ င၊ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် စီ ရင် ချက် ကို ခံ ရန် အ ကျဉ်း ထား ကြ၏။ အ မိ အ မည် ကား၊ ဒန့် အ နွယ်၊ ဒိ ဗ ရိ သ မီး ရှေ လော မိတ် တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 နာ​မ​တော်​ကို​ပြစ်​မှား​လျက် ကျိန်​ဆဲ​လေ၏။ ထို​သူ၏​အ​မိ​ကား၊ ဒန်​အ​မျိုး၊ ဒိ​ဗ​ရိ​သ​မီး​ရှေ​လော​မိတ် ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 24:11
33 ပူးပေါင်းရင်းမြစ်များ  

သို့သော် အရှင်မင်းကြီး​သည် ဤ​အမှု​အားဖြင့် စင်စစ် ထာဝရဘုရား​၏​ရန်သူ​တို့ မထီလေးစားပြုစရာ ဖြစ်​စေ​လေ​ပြီ​။ ထို့ကြောင့် ယခု​မွေးဖွား​မည့် မင်းကြီး​၏​သား​တော်​သည် မုချ​သေ​ရ​လိမ့်မည်​”​ဟု ဆို​ပြီးလျှင်


သူ​နှင့်​မျက်နှာချင်းဆိုင်​တွင် လူမိုက်​နှစ်​ယောက်​ကို​ထိုင်​စေ​၍ ‘သင်​သည် ဘုရားသခင်​နှင့်​ရှင်ဘုရင်​ကို ကျိန်ဆဲ​လေ​ပြီ’​ဟု သက်သေခံ​စေ​ပြီးလျှင် သူ့​ကို​ဆွဲထုတ်​၍ ကျောက်ခဲ​နှင့်​ပေါက်သတ်​စေ​”​ဟု ရေးထား​၏​။


ထိုအခါ လူမိုက်​နှစ်​ဦး​က သူ​နှင့်​မျက်နှာချင်းဆိုင်​တွင် လာထိုင်​၍ “​နာဗုတ်​သည် ဘုရားသခင်​နှင့်​ရှင်ဘုရင်​ကို ကျိန်ဆဲ​ပါ​ပြီ​”​ဟု လူ​တို့​ရှေ့​တွင် သက်သေခံ​ကြ​၏​။ ထို့နောက် သူ့​ကို မြို့ပြင်​သို့​ဆွဲထုတ်​ပြီး ကျောက်ခဲ​နှင့်​ပေါက်​ကြ​သဖြင့် သူ​သေ​လေ​၏​။


ထာဝရဘုရား​သည် ငါ​တို့​ကို အမှန်ပင်​ကယ်နုတ်​တော်မူ​မည်​။ ဤ​မြို့​သည် အဆီးရီးယား​ဘုရင်​လက်​သို့​မ​ရောက်​ရ​ဟု ဆို​လျက် ထာဝရဘုရား​ကို ကိုးစား​လာ​အောင် ဟေဇကိ​လှည့်စား​သည်​ကို သင်​တို့​မ​ခံ​ကြ​နှင့်’​ဟု မိန့်ဆို​၏​။


ဤ​ပြည်​တို့​၏​ဘုရား​အပေါင်း​တို့​တွင် မည်သည့်​ဘုရား​က မိမိ​ပြည်​ကို ငါ့​လက်​မှ​ကယ်နုတ်​နိုင်​ခဲ့​သနည်း​။ ထာဝရဘုရား​သည်​လည်း ဂျေရုဆလင်​မြို့​ကို ငါ့​လက်​မှ ကယ်နုတ်​နိုင်​မည်လော​’​ဟူ၍ မိန့်ဆို​သည်​”​ဟု အသံ​ကျယ်လောင်​စွာ​အော်ဟစ်​လေ​၏​။


ထို့နောက် ဟိလခိ​၏​သား နန်းတော်အုပ်​ဧလျာကိမ်​၊ စာရေးတော်ကြီး​ရှေဗန​၊ အာသပ်​၏​သား အတွင်းဝန်​ယောအာ​တို့​သည် မိမိ​တို့​အဝတ်​ကို​ဆုတ်ဖြဲ​ပြီး ဟေဇကိ​မင်းကြီး​ထံသို့​ပြန်လာ​၍ ရာဗရှာခ​ပြော​သော​စကား​တို့​ကို လျှောက်ထား​ကြ​၏​။


“​သင်​တို့​သည် ယုဒ​ဘုရင် ဟေဇကိ​မင်းကြီး​အား ‘သင်​ယုံကြည်ကိုးစား​သော​သင်​၏​ဘုရားသခင်​က ဂျေရုဆလင်​မြို့​သည် အဆီးရီးယား​ဘုရင်​၏​လက်​သို့ ရောက်​မည်​မ​ဟုတ်’​ဟု သင့်​အား လှည့်စား​မိန့်ဆို​သည်​ကို သင်​မ​ခံ​နှင့်​။


သင်​မည်သူ့​ကို ကဲ့ရဲ့ပြစ်တင်​နေ​သနည်း​၊ မည်သူ့​ကို စော်ကားပြောဆို​နေ​သနည်း​၊ မည်သူ့​ကို အော်ဟစ်​နေ​သနည်း​၊ မည်သူ့​ကို မောက်မောက်မာမာ​ကြည့်​နေ​သနည်း​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကို​ပင် မ​ဟုတ်​လော​။


ဟေရှာယ​က သူ​တို့​အား “​သင်​တို့​သခင်​ကို ဤသို့​လျှောက်ထား​ကြ​လော့​။ ထာဝရဘုရား​က ‘​ငါ့​အား အဆီးရီးယား​ဘုရင်​၏​ငယ်သား​တို့ စော်ကားပြောဆို​သည့်​စကား​ကို သင်​ကြား​ရ​သည့်​အတွက် မ​ကြောက်​နှင့်​။


ယခု လက်​တော်​ကို​ဆန့်​၍ သူ​၌​ရှိသမျှ​ကို ဖျက်ဆီး​ကြည့်​ပါ​။ သူ​သည် ကိုယ်တော့်​ကို မျက်ဝါးထင်ထင်​ကျိန်ဆဲ​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​လေ​၏​။


ယောဘ​သည် ထို​အမှုအရာ​များ​ကြောင့် အပြစ်​မ​ပြု​၊ ဘုရားသခင်​ကို​လည်း အပြစ်​မ​တင်​ဘဲ​နေ​၏​။


စားသောက်ပွဲ​အလှည့်ကျ​ကျင်းပ​သော​နေ့​များ​ပြီး​သောအခါ​တွင်​လည်း ယောဘ​က “​ငါ့​သားသမီး​တို့​စိတ်​ထဲတွင် ဘုရားသခင်​ကို ကျိန်ဆဲ​၍ အပြစ်​ပြု​မိ​ကောင်း​ပြု​မိ​ကြ​လိမ့်မည်​”​ဟု တွေး​၍ သူ​တို့​ကို ခေါ်​ပြီး ကိုယ်ကို​သန့်ရှင်း​စေ​လျက် နံနက်​စောစောထ​၍ သူ​တို့​အားလုံး​အရေအတွက်​အတိုင်း မီးရှို့ရာယဇ်​ကို ပူဇော်​၏​။ ယောဘ​သည် ထိုသို့ အမြဲ​ပြု​လေ့​ရှိ​၏​။


လက်​တော်​ကို​ဆန့်​၍ သူ​၏​အရိုး​အသား​တို့​ကို ဖျက်ဆီး​ကြည့်​ပါ​။ သူ​သည် ကိုယ်တော်​ကို မျက်ဝါးထင်ထင် ကျိန်ဆဲ​မည်​မှာ မ​လွဲ​ပါ​”​ဟု ပြန်လျှောက်​၏​။


အို ထာဝရဘုရား​၊ ရန်သူ​သည် ကိုယ်တော့်​ကို​ကဲ့ရဲ့ပြစ်တင်​သည်​ကို​လည်းကောင်း​၊ မိုက်မဲ​သော​သူ​သည် ကိုယ်တော်​၏​နာမ​တော်​ကို မထီလေးစား​ပြု​သည်​ကို​လည်းကောင်း အောက်မေ့​တော်မူ​ပါ​။


အို ဘုရားသခင်​၊ ထ​တော်မူ​ပါ​။ ကိုယ်တော်​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​တော်မူ​ပါ​။ မိုက်မဲ​သော​သူ​သည် ကိုယ်တော်​ကို တစ်နေ့လုံး ကဲ့ရဲ့ပြစ်တင်​သည်​ကို အောက်မေ့​တော်မူ​ပါ​။


သူ​တို့​သည် လူ​တို့​ကို အချိန်မရွေး စီရင်​ပေး​ကြ​စေ​။ ကြီး​သော​အမှု​ရှိသမျှ​ကို သင့်​ထံသို့​တင်သွင်း​၍ သေးငယ်​သော​အမှု​ရှိသမျှ​ကို သူ​တို့​ကိုယ်တိုင်​စီရင်​ပေး​ကြ​စေ​။ ဤသို့ သူ​တို့​သည် သင့်​ဝန်​ကို ကူထမ်း​ပေး​သဖြင့် သင့်​အတွက် ဝန်ပေါ့​လိမ့်မည်​။


ထို​သူ​တို့​သည်​လည်း လူ​တို့​အား အချိန်မရွေး စီရင်​ပေး​ကြ​၏​။ ခက်ခဲ​သော​အမှု​ကို မောရှေ​ထံသို့​တင်သွင်း​၍ သေးငယ်​သော​အမှု​ရှိသမျှ​ကို သူ​တို့​ကိုယ်တိုင် စီရင်​ကြ​၏​။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​ကို အချည်းနှီး​မ​မြွက်ဆို​ရ​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​၏​နာမ​တော်​ကို အချည်းနှီး​မြွက်ဆို​သော​သူ​အား အပြစ်​မ​ပေး​ဘဲ​နေ​တော်မူ​မည်​မ​ဟုတ်​။


ဘုရားသခင်​အား ပြစ်မှား​ပြောဆို​ခြင်း​မ​ပြု​ရ​။ သင့်​လူမျိုး​၏​ခေါင်းဆောင်​ကို မ​ကျိန်ဆဲ​ရ​။


တစ်ဖန် ဘုရားသခင်​က မောရှေ​အား “​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘​သင်​တို့​ဘိုးဘေး​တို့​၏​ဘုရား​၊ အာဗြဟံ​၏​ဘုရား​၊ ဣဇက်​၏​ဘုရား​၊ ယာကုပ်​၏​ဘုရား​တည်းဟူသော ထာဝရဘုရား​သည် ငါ့​ကို သင်​တို့​ထံသို့ စေလွှတ်​တော်မူ​ပြီ​။ ဤ​နာမ​သည် ငါ​၏​ထာဝရ​နာမ​ဖြစ်​၏​။ မျိုးဆက်​အစဉ်အဆက် သိမှတ်​ရ​မည့် ငါ​၏​နာမ​ဖြစ်​၏’​ဟု ပြော​ရ​မည်​။


သူ​တို့​သည် ခက်ခဲ​ပင်ပန်း​လျက်​၊ ဆာလောင်မွတ်သိပ်​လျက် ပြည်​တစ်လျှောက်​ဖြတ်သန်း​သွား​ရ​မည်​။ ဆာလောင်​သောအခါ အမျက်ထွက်​၍ မိမိ​ဘုရင်​၊ မိမိ​ဘုရားသခင်​ကို ကျိန်ဆဲ​မည်​။ အထက်​သို့ မော့ကြည့်​လျှင်​ဖြစ်စေ​၊


အစ္စရေး​အမျိုးသမီး​နှင့် အီဂျစ်​အမျိုးသား​မှ မွေးဖွား​သော​သား​တစ်​ယောက်​သည် အစ္စရေး​အမျိုးသား​တို့​ထဲမှ​ထွက်သွား​၏​။ တစ်နေ့၌ ထို​အစ္စရေး​အမျိုးသမီး​၏​သား​သည် တပ်စခန်း​ထဲ၌ အစ္စရေး​အမျိုးသား​တစ်​ယောက်​နှင့်​ရန်ဖြစ်​၏​။


ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည် မိမိ​၏​ဝတ်ရုံ​ကို​ဆုတ်ဖြဲ​လျက် “သူ​သည် ဘုရားသခင်​ကို စော်ကား​ပြောဆို​လေ​ပြီ။ နောက်ထပ် မည်သည့်​သက်သေ​များ​လို​သေး​သနည်း။ ဘုရားသခင်​အား​စော်ကား​ပြောဆို​သော​စကား​ကို ယခု​ပင် သင်​တို့​ကြား​ရ​ကြ​ပြီ။


ဤသည်ကား “ဘုရားသခင်​၏​နာမ​တော်​သည် သင်​တို့​ကြောင့် လူမျိုးခြား​တို့​တွင် စော်ကား​ပြောဆို​ခြင်း​ကို​ခံရ​လျက်​ရှိ​၏”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။


ငါ​သည် ယခင်​က စော်ကား​ပြောဆို​သော​သူ၊ ညှဉ်းဆဲ​သော​သူ၊ မိုက်ရိုင်း​သော​သူ​ဖြစ်​ခဲ့​သော်လည်း ယုံကြည်​ခြင်း​မ​ရှိ​စဉ် မ​သိ​နား​မ​လည်​ဘဲ ထိုသို့​ပြု​ခဲ့​သည်​ဖြစ်၍ ကရုဏာ​တော်​ကို​ခံစား​ရ​၏။


လူ​တို့​သည် သူ​တို့​ခံရ​သော​နာကျင်​ခြင်း​ဝေဒနာ​နှင့် သူ​တို့​၏​အနာစိမ်း​တို့​ကြောင့် ကောင်းကင်​ဘုံ​ရှင်​ဘုရားသခင်​ကို စော်ကား​ပြောဆို​၍ မိမိ​တို့​ပြု​သော​အမှု​များ​အတွက် နောင်တ​မ​ရ​ကြ​ပေ။


ကောင်းကင်​မှ​လည်း ပေါင်​တစ်ရာ​ခန့်​လေး​သော​မိုးသီး​ကြီး​များ​သည် လူ​တို့​အပေါ်သို့​ကျ​လေ​၏။ ဤ​ဘေးဒဏ်​သည် အလွန်​ပြင်းထန်​သဖြင့် လူ​တို့​သည် ထို​မိုးသီး​၏​ဘေးဒဏ်​ကြောင့် ဘုရားသခင်​ကို​စော်ကား​ပြောဆို​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ