တောလည် 25:2 - မြန်မာ့စံမီသမ္မာကျမ်း2 ထိုအမျိုးသမီးတို့သည် မိမိတို့ဘုရားများ၏ယဇ်ပူဇော်ပွဲများသို့ အစ္စရေးအမျိုးသားတို့ကို ခေါ်သွား၏။ သူတို့သည် စားသောက်ကြ၍ ထိုအမျိုးသမီးတို့၏ဘုရားများကိုလည်း ရှိခိုးကိုးကွယ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible2 ထိုအမျိုးသမီးတို့က မောဘဘုရားယဇ်ပူဇော် ပွဲများသို့သူတို့ကိုခေါ်သွားကြ၏။ ဣသရေလ အမျိုးသားတို့သည်ပေဂုရဒေသခံဗာလ ဘုရားအား ပူဇော်သောအစားအစာကိုစား ၍ထိုဘုရားကိုဦးချရှိခိုးကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible2 မော ဘ အ မျိုး သ မီး တို့ နှင့် မှား ယွင်း၍ ၎င်း တို့ ဘု ရား ပူ ဇော် ပွဲ သို့ အ ဖိတ် ခံ ရ သည့် အ လျောက် စား သောက် လျက် ထို ဘု ရား ကို ရှိ ခိုး ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ထိုမိန်းမတို့သည် မိမိတို့ဘုရားရှေ့မှာ ယဇ်ပူဇော်ရာပွဲသို့ ဣသရေလလူတို့ကို ခေါ်သွားသဖြင့်၊ ယောက်ျားတို့သည် ယဇ်သားကိုစား၍ ထိုဘုရားရှေ့မှာ ဦးချကြ၏။ အခန်းကိုကြည့်ပါ။ |
“တောကန္တာရရှိ စပျစ်သီးကဲ့သို့ အစ္စရေးကို ငါတွေ့ခဲ့၏။ အဦးဆုံးသီး၍ အဦးဆုံးမှည့်သောသဖန်းသီးကဲ့သို့ သင်တို့၏ဘိုးဘေးတို့ကိုလည်း ငါမြင်ခဲ့၏။ သို့သော် သူတို့သည် ဗာလပေဂုရဘုရားထံသို့သွားပြီး မိမိတို့ကိုယ်ကို ရှက်ဖွယ်သောအရာလက်သို့ အပ်လိုက်ကြ၏။ ထို့ကြောင့် သူတို့သည် သူတို့ချစ်သောအရာကဲ့သို့ ရွံရှာဖွယ်ရာဖြစ်လေ၏။
အို ငါ့လူမျိုးတော်၊ ထာဝရဘုရားဖြောင့်မတ်တော်မူကြောင်း သင် သိနိုင်ရန် မောဘဘုရင်ဗာလက်မင်းကြီး မည်သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ သူ့အား ဗောရသား ဗာလမ် မည်သို့ပြန်လည်ဖြေကြားခဲ့သည်ကိုလည်းကောင်း၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ကြား မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကိုလည်းကောင်း အောက်မေ့လော့”ဟု မိန့်တော်မူ၏။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်ပဋိညာဉ်ကို သင်တို့ချိုးဖောက်၍ အခြားဘုရားများအား သွားရောက်ဝတ်ပြုကိုးကွယ်လျှင် ထာဝရဘုရားသည် သင်တို့အပေါ် အမျက်ထွက်တော်မူသဖြင့် သင်တို့သည် ကိုယ်တော်ပေးတော်မူသည့်သာယာဝပြောသောပြည်တွင် အလျင်အမြန်ပျက်စီးသွားရလိမ့်မည်”ဟု ဆိုလေ၏။
သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။