Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယာ​ကုပ် 3:6 - Common Language Bible

6 လျှာ​သည်​မီး​နှင့်​တူ​၍​အ​ပြစ်​ဒု​စ​ရိုက်​ဖြင့် ပြည့်​ဝ​သော​ကမ္ဘာ​ဖြစ်​၏။ ယင်း​သည်​ကိုယ်​အင်္ဂါ အ​စိတ်​အ​ပိုင်း​တစ်​ခု​အ​ဖြစ်​ဖြင့်​တည်​ရှိ​ကာ၊ ငါ​တို့​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သို့​အ​ပြစ်​ဒု​စ​ရိုက် ကူး​စက်​ပျံ့​နှံ့​စေ​လေ​သည်။ လျှာ​သည်​င​ရဲ​မှ ရ​ရှိ​သည့်​မီး​ဖြင့်​ငါ​တို့​၏​ဘ​ဝ​တစ်​ခု လုံး​ကို​ကျွမ်း​လောင်​စေ​တတ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 လျှာ လည်း မီး သ ဖွယ်၊ ဒု စ ရိုက် လော က သ ဖွယ် ဖြစ်၏။ ငါ တို့ အင်္ဂါ များ တွင် တည်၍ တစ် ကိုယ် လုံး ညစ် ညူး စေ သည့် ပြင် င ရဲ မီး ဖြင့် ကူး လောင် သည့် အ လျောက် ငါ တို့ ဇာ တိ စက် ကို စွဲ လောင် တတ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 လျှာ​သည် မီး​ဖြစ်၏။ ဒု​စ​ရိုက်၏ လော​က​ဓာတ်​လည်း​ဖြစ်၏။ ထို​သို့​နှင့်​အ​ညီ၊ လျှာ​သည် ငါ​တို့၏​အင်္ဂါ​တို့​တွင်​တည်၍ တစ်​ကိုယ်​လုံး​ကို ညစ်​ညူး​စေ၏။ ဇာ​တိ​စက်​ကို​လည်း ရှို့​တတ်၏။ မိ​မိ​သည်​လည်း င​ရဲ​မီး​ရှို့​ခြင်း​ကို ခံ​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 လျှာ​သည် မီး​ဖြစ်​၏။ မတရားမှု​၏​လောက​လည်း​ဖြစ်​၏။ လျှာ​သည် ငါ​တို့​၏​အင်္ဂါ​အစိတ်အပိုင်း​ထဲက တစ်​ခု​ဖြစ်​ပြီး ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို ညစ်ညူး​စွန်းထင်း​စေ​လျက် ဘဝ​တစ်ခုလုံး​ကို လောင်ကျွမ်း​စေ​ကာ မိမိ​သည်​လည်း ငရဲ​မီး​၏​လောင်ကျွမ်း​ခြင်း​ကို​ခံရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 လျှာ​သည် မီး​ဖြစ်၏။ ဒုစရိုက်​လောက​လည်း ဖြစ်၏။ ၎င်း​သည် ကျွန်ုပ်တို့​၏ အင်္ဂါ​အစိတ်အပိုင်းများ​အနက် တစ်ခု​ဖြစ်ပြီး ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို ညစ်ညူးစေတတ်၏။ လူ့​ဘဝ​တစ်ခုလုံး​ကိုလည်း လောင်ကျွမ်း​စေနိုင်၏။ လျှာ​သည် မီး​ကို ငရဲ​မှ ထွန်းညှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာ​ကုပ် 3:6
62 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​အ​ဗ​ရှ​လုံ​သည်​အ​ဟိ​သော​ဖေ​လ ၏​ဘက်​သို့​လှည့်​၍``ငါ​တို့​သည်​အ​ဘယ်​အ​မှု ကို​ပြု​ရ​ကြ​ပါ​မည်​နည်း။ ငါ​တို့​အား​အ​ကြံ ပေး​လော့'' ဟု​ဆို​၏။


ဣသ​ရေ​လ​ပြည်​သား​အ​ပေါင်း​တို့​က``ဒါ​ဝိဒ် မင်း​သည်​သင်​တို့​ပြော​သည့်​အ​တိုင်း​သင်​တို့ အ​နွယ်​ဝင်​ပင်​ဖြစ်​စေ​ကာ​မူ ငါ​တို့​သည်​သင် တို့​ထက်​ဆယ်​ဆ​ပို​၍​သူ့​အား​ပိုင်​ဆိုင်​ခွင့်​ရှိ ပါ​၏။ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ​တို့ အား​အ​ထင်​သေး​ကြ​ပါ​သ​နည်း။ အ​မှန် စင်​စစ်​မင်း​ကြီး​အား​ပြန်​လည်​ဖိတ်​ခေါ်​ရန် ဦး​စွာ​ပ​ထ​မ​ပြော​ဆို​ကြ​သူ​များ​ကား ငါ​တို့​ပင်​ဖြစ်​ပါ​၏'' ဟု​ဆို​၏။ သို့​ရာ​တွင်​ဤ​သို့​အ​ရေး​ဆို​ရာ​တွင်​ယု​ဒ ပြည်​သား​တို့​က​ဣ​သ​ရေ​လ​ပြည်​သား​တို့ ထက်​ပို​၍​ပြင်း​ထန်​ကြ​၏။


အ​ဘိ​ယ​နှင့်​သူ​၏​တပ်​မ​တော်​သည်​ဣသ​ရေ​လ အ​မျိုး​သား​တို့​ကို​ချေ​မှုန်း​လိုက်​ကြ​သ​ဖြင့် ဣသ​ရေ​လ​လက်​ရွေး​စင်​တပ်​သား​ငါး​သိန်း ကျ​ဆုံး​လေ​၏။-


သူ​တို့​၏​လျှာ​သည်​အ​ဆိပ်​ပြင်း​သော​မြွေ​နှင့်​တူ​၍ သူ​တို့​၏​စ​ကား​သည်​မြွေ​ဟောက်​၏ အ​ဆိပ်​နှင့်​တူ​ပါ​၏။


သူ​တို့​သည်​မိ​မိ​တို့​၏​လျှာ​ကို​ဋ္ဌား​သ​ဖွယ် သွေး​ကြ​ပါ​၏။ သ​နား​ကြင်​နာ​ခြင်း​ကင်း​မဲ့​သော​စ​ကား များ​ဖြစ်​သော မြား​များ​ကို​ချိန်​ရွယ်​ကြ​၏။


ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ် ၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော် တတ်၏။


အဓမ္မလူသည် မကောင်းသော အမှုကိုကြိုးစား ၍ ကြံစည်တတ်၏။ သူ၏နှုတ်ခမ်း၌ လောင်သောမီးကဲ့သို့ ရှိ၏။


မုသာစကားကိုပြော၍ မမှန်သောသက်သေ တပါး၊ အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှါ ပြုတတ် သော သူတပါးတည်း။


သို့ပြုလျှင်သူတို့သည် အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့် ချော့မော့တတ်သော ပြည်တန်ဆာမိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည်။


ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ တော်​ကို​အ​ဝေး​မှ​ပင်​မြင်​နိုင်​ပါ​သည်​တ​ကား။ မီး​လျှံ​နှင့်​မီး​ခိုး​တို့​သည်​ကိုယ်​တော်​၏​အ​မျက် တော်​ကို​ဖော်​ပြ​ကြ​၏။ ကိုယ်​တော်​မိန့်​မြွက်​တော် မူ​သော​အ​ခါ​နှုတ်​တော်​ထွက်​စ​ကား​များ​သည် မီး​ကဲ့​သို့​လောင်​ကျွမ်း​စေ​တတ်​၏။-


သူ​တစ်​ပါး​တို့​အား​သုတ်​သင်​ဖျက်​ဆီး​ရန်​လျှို့​ဝှက် ကြံ​စည်​သူ​အ​ပေါင်း​တို့၊ သင်​တို့​သည်​မိ​မိ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​ဖြင့်​ပင် ဆုံး​ပါး​ပျက်​စီး​ရကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ဤ​အ​မှု​အ​ရာ​တို့​ကို ဖြစ်​စေ​မည်။ သူ​တို့​သည်​အ​တိ​ဒုက္ခ​နှင့်​ကြုံ​တွေ့​ရကြ​လိမ့်​မည်။


ကျွန်​တော်​မျိုး​သည်​လူ​တို့​တီး​တိုး​ပြော​ဆို​နေ​သံ​ကို ကြား​ရ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား``နေ​ရာ​တိုင်း​တွင် ထိတ်​လန့်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သူ'' ဟု နာ​မည်​ပေး​ပြီး​လျှင်``သူ့​အ​ကြောင်း​ကို အာ​ဏာ​ပိုင်​တို့​အား​သ​တင်း​ပေး​ကြ​ကုန်​အံ့၊'' ဟု​ဆို​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ရင်း​နှီး​သော​မိတ်​ဆွေ​များ​ပင်​လျှင် ကျွန်​တော်​မျိုး​ပြို​လဲ​သည်​ကို​စောင့်​မျှော်​နေ​ကြ ပါ​၏။ သူ​တို့​က``သူ့​အား​ငါ​တို့​လှည့်​စား​၍ ရ​ကောင်း​ရ​ပေ​လိမ့်​မည်။ အ​ငိုက်​ဖမ်း​၍​လက်​စား​ချေ​နိုင်​လိမ့်​မည်'' ဟု ဆို​ကြ​ပါ​၏။


သင့်​အား​ဖယ်​ရှား​ပစ်​တော်​မူ​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​မိန့်​တော်​မူ လေ​ပြီ။ သင်​သည်​ပြည်​သူ​တို့​အား ထာ​ဝ​ရ ဘု​ရား​ကို​ပုန်​ကန်​ရန်​လှုံ့​ဆော်​ပြော​ဆို​သည် ဖြစ်​၍​ဤ​နှစ်​မ​ကုန်​မီ​သေ​ရ​လိမ့်​မည်'' ဟု ဆို​၏။


ထို​အ​မျိုး​သ​မီး​တို့​က မော​ဘ​ဘုရား​ယဇ်​ပူ​ဇော် ပွဲ​များ​သို့​သူ​တို့​ကို​ခေါ်​သွား​ကြ​၏။ ဣသ​ရေ​လ အ​မျိုး​သား​တို့​သည်​ပေ​ဂု​ရ​ဒေ​သ​ခံ​ဗာ​လ ဘု​ရား​အား ပူ​ဇော်​သော​အ​စား​အ​စာ​ကို​စား ၍​ထို​ဘု​ရား​ကို​ဦး​ချ​ရှိ​ခိုး​ကြ​၏။-


ဤ​အ​မျိုး​သ​မီး​များ​သည်​ဗာ​လမ်​၏​အ​ကြံ ပေး​ချက်​အ​ရ​ပေ​ဂု​ရ​အ​ရပ်​တွင် ဣသ​ရေ​လ အ​မျိုး​သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ ဖောက်​စေ​ခဲ့​ကြောင်း​သ​တိ​ရ​ကြ​လော့။ ထို အ​ပြစ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု တွင်​ကပ်​ရော​ဂါ​ကျ​ရောက်​ခဲ့​၏။-


ဤ​သို့​ပြော​ဆို​သည်​ကို​ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြ သော​အ​ခါ ``ဤ​သူ​သည်​နတ်​မိစ္ဆာ​ဘု​ရင်​ဗေ​လ ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ် သူ​ဖြစ်​၏'' ဟု​ဆို​ကြ​၏။


သို့​ရာ​တွင်​မိ​မိ​၏​ညီ​အစ်​ကို​အား​အ​မျက် ထွက်​သော​သူ​သည် တ​ရား​သူ​ကြီး​၏​ရှေ့​မှောက် သို့​ရောက်​ရ​မည်​ဟု​သင်​တို့​အား​ငါ​ဆို​၏။ အ​ချင်း ချင်း​ဆဲ​ရေး​တိုင်း​ထွာ​သူ​သည်​တ​ရား​ရုံး​တော် တွင်​အ​ပြစ်​ပေး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ညီ​အစ်​ကို အ​ချင်း​ချင်း​မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည်​င​ရဲ သို့​လား​ရ​လိမ့်​မည်။-


လူ​၏​အ​ပြင်​အ​ပ​မှ​ဝင်​သည့်​အ​ရာ​သည်​လူ​ကို မ​ညစ်​ညမ်း​စေ​နိုင်။ အ​တွင်း​မှ​ထွက်​သည့်​အ​ရာ သည်​သာ​လူ​ကို​ညစ်​ညမ်း​စေ​နိုင်​၏။-


သူ​ဌေး​က `အ​ဖ​အာဗြဟံ၊ အ​ကျွန်ုပ်​ကို​သ​နား တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​ဤ​မီး​လျှံ​ထဲ​တွင် ပြင်း​စွာ​ဝေ​ဒ​နာ​ခံ​နေ​ရ​ပါ​၏။ လာ​ဇ​ရု​သည် လက်​ဖျား​ကို​ရေ​မှာ​နှစ်​၍​အ​ကျွန်ုပ်​၏​လျှာ ကို​အေး​စေ​မည့်​အ​ကြောင်း သူ့​အား​အ​ကျွန်ုပ် ထံ​သို့​စေ​လွှတ်​တော်​မူ​ပါ' ဟု​အော်​၍​လျှောက်​၏။


သင်​တို့​အ​ထဲ​မှ​အ​ချို့​သော​သူ​တို့​သည်​လိမ် လည်​ပြော​ဆို​ကာ​ယုံ​ကြည်​သူ​များ​ကို သူ​တို့ နောက်​သို့​ဆွဲ​ဆောင်​သွား​သည့်​အ​ချိန်​ကာ​လ ရောက်​ရှိ​လာ​လိမ့်​မည်။-


ပေ​တ​ရု​က ``အာ​န​နိ၊ သင်​သည်​လယ်​ရောင်း​ရ ငွေ​အ​ချို့​အ​ဝက်​ကို​မိ​မိ​အ​ဖို့​ဖယ်​ထား​ခြင်း အား​ဖြင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​လှည့် စား​လေ​ပြီ။ အ​ဘယ်​ကြောင့်​စာ​တန်​အား​သင် ၏​စိတ်​နှ​လုံး​ကို​စိုး​မိုး​ခွင့်​ပေး​ပါ​သ​နည်း။-


ထို့​နောက်​သူ​တို့​သည်​မု​သား​သက်​သေ​များ​ကို ခေါ်​ဆောင်​ခဲ့​ကြ​၏။ ထို​သက်​သေ​များ​က``ဤ​သူ သည်​ဗိ​မာန်​တော်​နှင့်​ပ​ညတ်​တ​ရား​တော်​တို့ ကို​ဆန့်​ကျင်​၍ အ​မြဲ​ပြော​ဆို​လျက်​နေ​ပါ​၏။-


``သင်​၏​ညီ​အစ်​ကို၊ သင်​၏​သား​သ​မီး၊ သင်​ချစ် သော​ဇ​နီး၊ သင်​နှင့်​အ​လွန်​ရင်း​နှီး​သော​မိတ်​ဆွေ တစ်​ဦး​ဦး​က​ပင်​လျှင် သင်​နှင့်​သင်​၏​ဘိုး​ဘေး တို့​ယ​ခင်​က​ဝတ်​မ​ပြု​မ​ကိုး​ကွယ်​ဘူး​သော အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ရန်​တိတ်​တ​ဆိတ်​သွေး​ဆောင်​ပေ​လိမ့်​မည်။-


ထို​သူ​တို့​၏​နှုတ်​ကို​ပိတ်​ရန်​လို​အပ်​လာ​ပေ ပြီ။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ငွေ ရ​ရှိ​ရေး​ရည်​ရွယ်​ချက်​ဖြင့် မ​သွန်​သင်​သင့် သော​အ​ရာ​များ​ကို​သွန်​သင်​ခြင်း​အား​ဖြင့် အိမ်​ထောင်​စု​များ​ကို​က​မောက်​က​မ​ဖြစ်​စေ ကြ​သော​ကြောင့်​တည်း။-


သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​နာ​မ​တော်​မြတ်​ကို ကဲ့​ရဲ့​ကြ​သည်​မ​ဟုတ်​လော။


လူ​သည်​အ​ခြား​သတ္တဝါ​များ​ဖြစ်​သော​သား​ရဲ တိ​ရစ္ဆာန်၊ ငှက်၊ တွား​တတ်​သည့်​သတ္တ​ဝါ၊ ငါး​တို့ ကို​ကျိုး​နွံ​ယဉ်​ပါး​အောင်​ပြု​နိုင်​၏။ ပြု​လည်း ပြု​ခဲ့​ပေ​ပြီ။-


အ​ဆုံး​စွန်​သော​ကာ​လ​၌​မိ​မိ​တို့​၏​ကိ​လေ သာ​စိတ်​အ​လို​သို့​လိုက်​၍ အ​သက်​ရှင်​သော​သူ များ​ပေါ်​ပေါက်​လိမ့်​မည်​ဖြစ်​ကြောင်း​သင်​တို့ ဦး​စွာ​နား​လည်​ရ​ကြ​မည်။ ထို​သူ​တို့​သည် သင်​တို့​အား​ပြက်​ရယ်​ပြု​လျက်၊-


သို့​ဖြစ်​၍​ငါ​လာ​သော​အ​ခါ​မှ​သူ​ပြု​သ​မျှ သော​အ​မှု​တို့​ကို​ထုတ်​ဖော်​ပြော​ဆို​မည်။ သူ သည်​ငါ​တို့​အား​မ​လို​မုန်း​ထား​စွပ်​စွဲ​ပြော ဆို​၏။ ဤ​မျှ​နှင့်​မ​ကျေ​နပ်​သေး​ဘဲ​သူ​ကိုယ် တိုင်​ပင်​လျှင် ညီ​အစ်​ကို​များ​ကို​လက်​မ​ခံ၊ လက်​ခံ​လို​သူ​များ​အား​လည်း​တား​မြစ် လျက်​အ​သင်း​တော်​မှ​နှင်​ထုတ်​ရန်​ကြိုး စား​၏။


ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​လှည့်​ဖြား​သူ​နတ် မိစ္ဆာ​ဘု​ရင်​ဟူ​၍​လည်း​ကောင်း၊ စာ​တန်​ဟူ​၍ လည်း​ကောင်း​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သူ​ရှေး​မြွေ န​ဂါး​ကြီး​သည် မိ​မိ​၏​ဘက်​သား​ကောင်း​ကင် တ​မန်​များ​နှင့်​အ​တူ​ကမ္ဘာ​မြေ​ပေါ်​သို့​ပစ်​ချ ခြင်း​ကို​ခံ​ရ​လေ​သည်။


သူ​သည်​ပ​ထ​မ​သား​ရဲ​၏​ရှေ့​၌​ပြ​ပိုင်​ခွင့် ရှိ​သည့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​၍ ကမ္ဘာ သူ​ကမ္ဘာ​သား​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ လေ​သည်။ ဋ္ဌား​ဒဏ်​ရာ​ကို​ရ​ရှိ​သော်​လည်း မ​သေ​ဘဲ​ရှင်​နေ​သူ​ထို​သား​ရဲ​အား ရို​သေ ဂုဏ်​ပြု​သည့်​အ​နေ​ဖြင့်​သူ​၏​ရုပ်​တု​ကို​ပြု လုပ်​ရန်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​စေ​ခိုင်း ၏။-


သင်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဆီ​မီး​၏​အ​လင်း ရောင်​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။ မင်္ဂ​လာ​ဆောင်​သ​တို့ သား​နှင့်​သ​တို့​သ​မီး​၏​အ​သံ​ကို​လည်း​အ​ဘယ် အ​ခါ​၌​မျှ​ကြား​ရ​လိမ့်​မည်​မ​ဟုတ်။ သင်​၏​ကုန် သည်​ကြီး​များ​ကား​ကမ္ဘာ​တစ်​ဝန်း​လုံး​တွင်​သြ​ဇာ အာ​ဏာ​ကြီး​မား​သူ​များ​ဖြစ်​ကြ​၏။ သင်​သည် လူ​မျိုး​တ​ကာ​တို့​ကို​စုန်း​အ​တတ်​ဖြင့်​ပြု​စား ကာ​မှောက်​မှား​လမ်း​လွဲ​စေ​လေ​ပြီ'' ဟု​ဆို​လေ​၏။


သား​ရဲ​နှင့်​တ​ကွ​သူ​၏​ရှေ့​တွင်​နိ​မိတ်​လက္ခ​ဏာ များ​ကို​ပြ​သော​မိစ္ဆာ​ပ​ရော​ဖက်​သည်​အ​ဖမ်း​ခံ ရ​၏။ (ထို​မိစ္ဆာ​ပ​ရော​ဖက်​ကား​သား​ရဲ​၏​အ​မှတ် တံ​ဆိပ်​ကို​ခံ​ယူ​၍ သူ​၏​ရုပ်​တု​ကို​ရှိ​ခိုး​သူ​များ အား​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​ခြင်း​အား​ဖြင့် မှောက်​မှား​လမ်း​လွဲ​စေ​သူ​ဖြစ်​သ​တည်း။) ထို​သူ နှစ်​ဦး​စ​လုံး​ပင်​လျှင်​တောက်​လောင်​နေ​သော​ကန့် မီး​အိုင်​ထဲ​သို့​အ​ရှင်​လတ်​လတ်​ပစ်​ချ​ခြင်း​ကို ခံ​ရ​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ