Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ 16:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 အဗရှလုံ​က​လည်း အဟိသောဖေလ​အား “​ငါ​တို့ မည်သို့​ပြု​သင့်​သည်​ကို သင်​အကြံ​ပေး​ကြည့်​ပါ​”​ဟု ဆို​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ထို​နောက်​အ​ဗ​ရှ​လုံ​သည်​အ​ဟိ​သော​ဖေ​လ ၏​ဘက်​သို့​လှည့်​၍``ငါ​တို့​သည်​အ​ဘယ်​အ​မှု ကို​ပြု​ရ​ကြ​ပါ​မည်​နည်း။ ငါ​တို့​အား​အ​ကြံ ပေး​လော့'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ထို နောက် မည် သို့ ပြု ရ မည့် အ ရေး ကို အ ကြံ ပေး လော့ ဟု အ ဟိ သော ဖေ လ အား အ ဗ ရှ လုံ မေး လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 အ​ဗ​ရှ​လုံ​က​လည်း၊ ငါ​တို့​သည်​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​အ​ကြံ​ပေး​ပါ​ဟု အ​ဟိ​သော​ဖေ​လ​အား​ဆို​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 16:20
11 ပူးပေါင်းရင်းမြစ်များ  

အဗရှလုံ​သည် ယဇ်ပူဇော်​စဉ်တွင် ဒါဝိဒ်​မင်းကြီး​၏​အကြံပေး​ဖြစ်​သူ ဂိလော​မြို့သား အဟိသောဖေလ​ထံသို့ လူ​လွှတ်​၍ သူ့​နေရင်းမြို့​ဖြစ်​သော​ဂိလော​မြို့​မှ ခေါ်လာ​စေ​၏​။ အဗရှလုံ​ထံ၌ လူ​အင်အား​တိုးပွား​လာ​ပြီး လျှို့ဝှက်ကြံစည်မှု​သည်​လည်း အားကြီး​လာ​လေ​၏​။


ထို့ပြင် မည်သူ့​ထံ၌ အကျွန်ုပ် အမှုထမ်း​သင့်​သနည်း​။ ဘုရင့်​သား​တော်​ထံ၌ မ​ဟုတ်​လော​။ အရှင့်​ခမည်းတော်​ထံ၌ အမှုထမ်း​ခဲ့​သည့်​နည်းတူ အရှင့်​ထံ​၌​လည်း အမှုထမ်း​ပါ​မည်​”​ဟု ဆို​၏​။


အဟိသောဖေလ​က အဗရှလုံ​အား “​နန်းတော်​ကို​စောင့်ရှောက်​ရန် အရှင့်​ခမည်းတော်​ချန်ထား​ခဲ့​သော မောင်းမ​တို့​ထံ ဝင်​ပါ​။ ဤသို့ အရှင်​သည် ခမည်းတော်​စက်ဆုပ်ရွံရှာ​အောင်​ပြု​ကြောင်း​ကို အစ္စရေး​လူ​တစ်မျိုးနွယ်လုံး​ကြားသိ​လျှင် အရှင့်​ဘက်သား​အားလုံး အားတက်​လာ​လိမ့်မည်​”​ဟု လျှောက်တင်​၏​။


ကမ္ဘာမြေကြီး​ပေါ်ရှိ​ရှင်ဘုရင်​တို့​သည် ထ​ကြ​၍ အုပ်ချုပ်​သူ​တို့​သည် အတူတကွ​စုဝေး​ကြ​ကာ ထာဝရဘုရား​နှင့် ကိုယ်တော်​ဘိသိက်ပေး​ထား​သော​အရှင်​ကို ဆန့်ကျင်​လျက်


လာ​ကြ​။ သူ​တို့​ကို လိမ္မာပါးနပ်​စွာ​ပြု​ကြ​စို့​။ သို့မဟုတ်လျှင် သူ​တို့​သည် များပြား​လာ​ကြ​လိမ့်မည်​။ စစ်​ဖြစ်​လျှင် သူ​တို့​သည် ငါ​တို့​၏​ရန်သူ​တို့​နှင့်​ပေါင်း​၍ ငါ​တို့​ကို​တိုက်ခိုက်​ပြီး ဤ​ပြည်​မှ ထွက်သွား​ကြ​လိမ့်မည်​”​ဟု ဆို​လေ​၏​။


မည်သည့်​ဉာဏ်ပညာ​၊ ထိုးထွင်းဉာဏ်​၊ အကြံဉာဏ်​မျှ ထာဝရဘုရား​ကို​ဆန့်ကျင်​၍ မ​တည်​နိုင်​။


ထာဝရဘုရား​မ​သိ​အောင် မိမိ​တို့​အကြံအစည်​ကို အစွမ်းကုန်​ဖုံးကွယ်​၍ မိမိ​တို့​၏​အမှု​ကို မှောင်မိုက်​ထဲ၌​ပြု​လျက် “​ငါ​တို့​ကို​မည်သူ​မြင်​မည်နည်း​။ မည်သူ​သိ​မည်နည်း​”​ဟု ပြောဆို​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။


အကြံ​ထုတ်​ကြ​။ သို့သော် ပျက်သွား​လိမ့်မည်​။ တိုင်ပင်ဆွေးနွေး​ကြ​။ သို့သော် တည်​လိမ့်မည်​မ​ဟုတ်​။ အကြောင်းမူကား ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။


မိုးလင်း​ချိန်​ရောက်​သောအခါ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​သက်ကြီးဝါကြီး​အားလုံး​တို့​သည် ယေရှု​ကို​သေဒဏ်​ချမှတ်​နိုင်​ရန် တိုင်ပင်​ဆွေးနွေး​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ