၂ ရာချုပ် 13:17 - မြန်မာ့စံမီသမ္မာကျမ်း17 အဘိယမင်းကြီးနှင့် သူ၏လူတို့သည် အစ္စရေးစစ်သူရဲတို့ကို အပြင်းအထန်တိုက်ခိုက်သဖြင့် လက်ရွေးစင်စစ်သူရဲပေါင်း ငါးသိန်းမျှ ကျဆုံး၏။ အခန်းကိုကြည့်ပါ။Common Language Bible17 အဘိယနှင့်သူ၏တပ်မတော်သည်ဣသရေလ အမျိုးသားတို့ကိုချေမှုန်းလိုက်ကြသဖြင့် ဣသရေလလက်ရွေးစင်တပ်သားငါးသိန်း ကျဆုံးလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible17 အ ဘိ ယ မင်း နှင့် ဘက် ပါ ရဲ မက် တို့ သည် လုပ် ကြံ သတ် ဖြတ်၍၊ ဣ သ ရေ လ လက် ရွေး သူ ရဲ ငါး သိန်း ကျ ဆုံး သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible17 အဘိယနှင့် သူ၏လူတို့သည် ကြီးစွာသောလုပ်ကြံခြင်းကို ပြု၍၊ ရွေးချယ်သော ဣသရေလလူ ငါးသိန်းလဲသေသဖြင့်၊ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်သည် ငါတို့နှင့်အတူ ရှိတော်မူသော ငါတို့၏ခေါင်းဆောင် ဖြစ်၏။ ယဇ်ပုရောဟိတ်များသည်လည်း သင်တို့နှင့်တိုက်ခိုက်ရန် တံပိုးခရာမှုတ်၍စစ်ငြာသံပေးလျက် ရှိ၏။ အို အစ္စရေးအမျိုးတို့၊ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားနှင့် စစ်မတိုက်ကြနှင့်။ သင်တို့အောင်နိုင်မည်မဟုတ်”ဟု အော်ပြော၏။