ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
မဿဲ 5:12 - မြန်မာ့စံမီသမ္မာကျမ်း ဝမ်းမြောက်ရွှင်မြူးကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှပေ၏။ သူတို့သည် သင်တို့ရှေ့က ပရောဖက်များကိုလည်း ထိုနည်းတူညှဉ်းဆဲခဲ့ကြ၏။ Common Language Bible ``ဝမ်းမြောက်ရွှင်မြူးကြလော့။ ကောင်းကင်ဘုံတွင် သင်တို့ခံစားရမည့်အကျိုးသည်ကြီးလှပေ၏။ ရှေးပရောဖက်တို့ကိုထိုနည်းတူညှဉ်းဆဲကြပြီ။ Garrad Bible ကောင်း ကင် ဘုံ၌ စံ စား ရ မည့် အ ကျိုး ဆက် ကြီး မြတ် ကြောင်း ပွင့် ခဲ့ ပြီး သော ပ ရော ဖက် တို့ ကို ထို သို့ ညှဉ်း ပန်း ခဲ့ ကြ ကြောင်း များ ကို ထောက်၍ အား ရ ရွှင် လန်း ကြ လော့။ Judson Bible ဝမ်းမြောက်ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူ ညှဉ်းဆဲကြပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအရာအတွက် ဝမ်းမြောက်ပျော်ရွှင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှ၏။ ရှေးပရောဖက်များသည်လည်း ထိုနည်းတူ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ကြရ၏။ မြန်မာ ဝမ်းမြောက်ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူ ညှဉ်းဆဲကြပြီ။- |
ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က အကျွန်ုပ်မည်သို့ပြုပေးခဲ့သည်ကို အရှင်မကြားမိပါသလော။ အကျွန်ုပ်သည် ထာဝရဘုရား၏ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့ပါ၏။
ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က ဩဗဒိသည် ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့၏။
ယေဇဗေလသည် ဧလိယထံ တမန်ကိုစေလွှတ်၍ “မနက်ဖြန် ယခုလိုအချိန်တွင် သင့်အသက်ကို ထိုပရောဖက်တို့၏အသက်ကဲ့သို့ မဖြစ်စေလျှင် ဘုရားအများတို့သည် ငါ့ကို ထိုထက်မက ပြုပါစေသော”ဟု ဆိုစေ၏။
ထိုအခါ အာဟပ်မင်းကြီးက ဧလိယအား “အို ငါ့ရန်သူ၊ သင်သည် ငါ့ကိုတွေ့ပြီလော”ဟု ဆိုလျှင် ဧလိယက “သင်သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုပြုရန် သင့်ကိုယ်သင်ရောင်းစားသောကြောင့် သင့်ကိုငါတွေ့ပြီ။
အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ထာဝရဘုရားကို မေးမြန်းပေးမည့်သူတစ်ဦး ရှိပါသေး၏။ သို့သော် သူ့ကိုငါမုန်း၏။ အကြောင်းမူကား သူသည် ငါနှင့်ပတ်သက်လျှင် အကောင်းကိုမဟော။ အဆိုးကိုသာ ဟောလေ့ရှိ၏။ သူသည် ဣမလ၏သားမိက္ခာယဖြစ်၏”ဟု ပြန်ပြော၏။ ယောရှဖတ်မင်းကြီးကလည်း သူ့အား “မင်းကြီး၊ ထိုသို့မပြောပါနှင့်”ဟု ပြန်ပြော၏။
ထို့နောက် ရှင်ဘုရင်က တပ်သားငါးဆယ်အုပ်တပ်မှူးနှင့် သူ၏တပ်သားငါးဆယ်ကို ဧလိယထံသို့ စေလွှတ်၏။ တပ်မှူးက ဧလိယနေထိုင်ရာ တောင်ထိပ်သို့ တက်သွားပြီး “အို ဘုရားသခင်၏လူ၊ ‘ဆင်းလာပါ’ဟူ၍ ရှင်ဘုရင်မိန့်မှာလိုက်ပါ၏”ဟု ဆို၏။
ထိုသို့ဆင့်ဆိုသောကြောင့် အာသမင်းကြီးသည် စိတ်အာရုံရသူကို အမျက်ထွက်လေ၏။ အမျက်ပြင်းစွာထွက်၍ သူ့ကို ထောင်ထဲ၌ထည့်ထားလေ၏။ ပြည်သားအချို့တို့ကိုလည်း ထိုအချိန်မှစ၍ အာသမင်းကြီးသည် ညှဉ်းဆဲလေ၏။
သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
သို့သော် သူတို့သည် နာခံမှုမရှိ။ ကိုယ်တော်ကိုပုန်ကန်ကြ၏။ ပညတ်တရားကို ကျောခိုင်းကြ၏။ ကိုယ်တော့်ထံသို့ပြန်လာရန် သူတို့ကိုသတိပေးသော ကိုယ်တော်၏ပရောဖက်များကိုသတ်ဖြတ်ကြ၏။ လွန်စွာပြစ်မှားစော်ကားကြ၏။
၎င်းတို့အားဖြင့် ကိုယ်တော်၏အစေအပါးသည် သတိပေးခြင်းကိုခံရပါ၏။ ၎င်းတို့ကိုစောင့်ထိန်းခြင်းအကျိုးသည် ကြီးမားလှပါ၏။
ထိုအခါ လူတို့က “ဖြောင့်မတ်သောသူသည် ဆုလာဘ်ကို အမှန်ပင်ခံရ၏။ ကမ္ဘာမြေကြီးကို တရားစီရင်တော်မူသော ဘုရားသခင်သည် အမှန်ပင်ရှိတော်မူ၏”ဟု ဆိုကြလိမ့်မည်။
ဆိုးယုတ်သောသူသည် လှည့်ဖြားသောအဖိုးအခကိုရတတ်၏။ ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲသောသူမူကား မှန်ကန်သောအကျိုးကိုရတတ်၏။
ဖြောင့်မတ်သောသူတို့သည် မိမိတို့လုပ်ဆောင်မှု၏အသီးအပွင့်ကိုစားရမည်ဖြစ်သောကြောင့် ကောင်းပေသည်ဟု သူတို့အား ပြောကြားလော့။
“ငါသည် သင်တို့၏သားသမီးများကို ဆုံးမသော်လည်း အကျိုးမရှိ။ သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကိုလက်မခံကြ။ သင်တို့၏ဓားသည် သွေးဆာနေသောခြင်္သေ့ကဲ့သို့ ပရောဖက်များကို ဝါးမျိုလေပြီ။
ယေရမိသည် ထာဝရဘုရားမိန့်မှာတော်မူသောစကားအလုံးစုံတို့ကို ပြည်သူပြည်သားအပေါင်းတို့အား ဆင့်ဆိုပြီးသောအခါ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့် လူအပေါင်းတို့သည် သူ့ကိုဖမ်းဆီး၍ “သင်သည် မုချသေရမည်။
ယေရမိကလည်း “မဟုတ်ပါ၊ ခါလဒဲတပ်ဘက်သို့ ငါမကူးပါ”ဟု ဆိုသော်လည်း ဣရိယသည် သူ၏စကားကိုနားမထောင်ဘဲ ယေရမိကို မှူးမတ်များထံသို့ ခေါ်ဆောင်သွားလေ၏။
အကြောင်းမူကား လူ့သားသည် မိမိ၏ကောင်းကင်တမန်များနှင့်အတူ မိမိခမည်းတော်၏ဘုန်းအသရေကိုဆောင်လျက် ကြွလာလိမ့်မည်။ ထိုအခါ လူအသီးသီးတို့အား သူတို့၏လုပ်ဆောင်မှုနှင့်အညီ အကျိုးအပြစ်ကိုပေးတော်မူလိမ့်မည်။
သင်တို့သည် အစာရှောင်ကြသောအခါ သူတော်ကောင်းယောင်ဆောင်သောသူတို့ကဲ့သို့ မျက်နှာညှိုးငယ်ခြင်းမရှိစေကြနှင့်။ အကြောင်းမူကား သူတို့သည် မိမိတို့အစာရှောင်နေကြောင်း လူတို့ရှေ့၌ထင်ရှားစေရန် မျက်နှာရှုံ့မဲ့ထားတတ်ကြ၏။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာအလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။
ထိုနေ့ရက်၌ ဝမ်းမြောက်လျက် ကခုန်ကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှပေ၏။ သူတို့၏ဘိုးဘေးများသည်လည်း ပရောဖက်များကို ထိုနည်းတူပြုကြ၏။
သို့သော် သင်တို့သည် သင်တို့၏ရန်သူများကို ချစ်ကြလော့။ ကောင်းသောအမှုကိုပြုကြလော့။ မည်သည့်အရာမျှ ပြန်လည်ရရှိရန်မမျှော်လင့်ဘဲ ချေးငှားကြလော့။ ထိုသို့ပြုလျှင် သင်တို့ရရှိမည့်ဆုလာဘ်သည်ကြီးမား၍ သင်တို့သည် အမြင့်ဆုံးသောဘုရား၏သားသမီးများဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ထိုအရှင်သည် ကျေးဇူးမသိသောသူနှင့် ဆိုးသောသူတို့အားလည်း ကျေးဇူးပြုတော်မူ၏။
သန်းခေါင်အချိန်ခန့်တွင် ပေါလုနှင့်သိလတို့သည် ဘုရားသခင်ထံဆုတောင်းလျက် ချီးမွမ်းသီချင်းသီဆိုနေကြ၏။ အကျဉ်းသားများသည်လည်း သူတို့ကိုနားထောင်နေကြ၏။
တမန်တော်တို့သည် နာမတော်အတွက် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် မှတ်ယူတော်မူခြင်းခံရသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်ရှေ့မှထွက်သွားကြ၏။
ထိုမျှမက ဆင်းရဲဒုက္ခများ၌လည်း ဂုဏ်ယူဝမ်းမြောက်ကြ၏။ အကြောင်းမူကား ဆင်းရဲဒုက္ခသည် သည်းခံခြင်းကိုလည်းကောင်း၊
စိုက်ပျိုးသောသူနှင့်ရေလောင်းသောသူတို့သည် တစ်လုံးတစ်ဝတည်းဖြစ်ကြပြီး အသီးသီးတို့သည် မိမိကြိုးပမ်းအားထုတ်သည့်အတိုင်း ဆုလာဘ်ကိုရရှိကြလိမ့်မည်။
အကြောင်းမူကား ငါတို့ခေတ္တခံရသော ပေါ့ပါးသည့်ဆင်းရဲဒုက္ခသည် အတိုင်းထက်အလွန် ထူးမြတ်၍လေးနက်သော ထာဝရဘုန်းအသရေကို ငါတို့အတွက်ဖြစ်စေ၏။
အကြောင်းမူကား ခရစ်တော်အတွက် ကိုယ်တော်ကိုယုံကြည်ခြင်းသာမဟုတ်ဘဲ ကိုယ်တော်အတွက် ဒုက္ခဝေဒနာခံစားခြင်းအခွင့်ကိုလည်း သင်တို့အား ပေးအပ်ထားသည်ဖြစ်၍
ထိုမျှမက သင်တို့၏ယုံကြည်ခြင်းနှင့်ဆိုင်သော ဝတ်ပြုခြင်းနှင့်ယဇ်ပူဇော်ခြင်းတို့အပေါ်၌ ငါသွန်းလောင်းပူဇော်ခြင်းခံရမည်ဆိုလျှင်လည်း ငါဝမ်းမြောက်၏။ သင်တို့အားလုံးနှင့်အတူ ငါဝမ်းမြောက်၏။
ငါသည် သင်တို့အတွက်ခံရသောဒုက္ခဝေဒနာ၌ ယခုဝမ်းမြောက်၍ ခရစ်တော်၏ဆင်းရဲဒုက္ခတွင် လိုအပ်သေးသည့်အပိုင်းကို ကိုယ်တော်၏ကိုယ်ခန္ဓာတည်းဟူသောအသင်းတော်အတွက် ငါ၏ကိုယ်ကာယ၌ ဖြည့်ဆည်းလျက်ရှိ၏။
သင်တို့သည် သခင်ခရစ်တော်ကို အစေခံကြသည်ဖြစ်၍ ဆုလာဘ်အဖြစ်အမွေတော်ကို သခင်ဘုရားထံမှ ရရှိမည်ဖြစ်ကြောင်း သိမှတ်ကြလော့။
ဂျူးလူမျိုးတို့သည် သခင်ယေရှုနှင့်ပရောဖက်များကိုသတ်၍ ငါတို့ကိုလည်း လိုက်လံညှဉ်းဆဲကြ၏။ သူတို့သည် ဘုရားသခင်ကိုမနှစ်သက်စေဘဲ လူအပေါင်းတို့ကို ဆန့်ကျင်လျက်
သင်တို့သည် အကျဉ်းသားတို့အပေါ် စာနာစိတ်ရှိကြသည်သာမက သာ၍မြတ်ပြီး တည်မြဲသောအရာကို မိမိတို့ပိုင်ဆိုင်ကြောင်းသိလျက် သင်တို့ဥစ္စာပစ္စည်းများ မတရားလုယူခြင်းခံရသော်လည်း ဝမ်းမြောက်စွာသည်းခံခဲ့ကြ၏။
သူသည် အကျိုးကျေးဇူးကို ရှေးရှုမျှော်မှန်းလျက်နေသောကြောင့် ခရစ်တော်အတွက်ကဲ့ရဲ့ပြစ်တင်ခြင်းခံရသည်ကို အီဂျစ်ပြည်၏ဥစ္စာဘဏ္ဍာများထက် ပို၍မြတ်သောစည်းစိမ်ဖြစ်သည်ဟု မှတ်ယူလေ၏။
ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် တိုင်းနိုင်ငံများကိုအောင်ခြင်း၊ ဖြောင့်မတ်စွာအုပ်ချုပ်ခြင်း၊ ကတိတော်များကိုခံစားရခြင်း၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း၊
ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်ထံချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူကြောင်းကိုလည်းကောင်း၊ ဘုရားသခင်သည် မိမိကိုရှာသောသူတို့အား အကျိုးပေးတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်းကောင်း ယုံကြည်ရမည်။
ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းနှင့် ကြုံတွေ့ရသောအခါ ဝမ်းမြောက်စရာသက်သက်ဖြစ်သည်ဟု မှတ်ယူကြလော့။
ညီအစ်ကိုတို့၊ ဆင်းရဲဒုက္ခခံခြင်းနှင့်စိတ်ရှည်ခြင်းတို့နှင့်ပတ်သက်၍ သခင်ဘုရား၏နာမတော်အားဖြင့် ဟောပြောသောပရောဖက်တို့ကို စံနမူနာယူကြလော့။
ခရစ်တော်၏ဒုက္ခဝေဒနာများ၌ ပါဝင်ရသည့်အတွက် ဝမ်းမြောက်ကြလော့။ ဤသည်ကား ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှားသောအချိန်၌ သင်တို့သည် ဝမ်းမြောက်ရွှင်မြူးကြမည့်အကြောင်းတည်း။
သင်ပြုခဲ့သည့်အတိုင်း ထာဝရဘုရား သင့်အား ပြန်လည်ကျေးဇူးပြုပါစေသော။ သင်သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရား၏အတောင်တော်အရိပ်အောက်၌ လာရောက်ခိုလှုံသည်ဖြစ်၍ ထိုအရှင်ထံမှ အကျိုးကျေးဇူးကြွယ်ဝစွာ ခံစားရပါစေသော”ဟု ပြန်ပြော၏။