ဆာလံ 19:11 - မြန်မာ့စံမီသမ္မာကျမ်း11 ၎င်းတို့အားဖြင့် ကိုယ်တော်၏အစေအပါးသည် သတိပေးခြင်းကိုခံရပါ၏။ ၎င်းတို့ကိုစောင့်ထိန်းခြင်းအကျိုးသည် ကြီးမားလှပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible11 ကိုယ်တော်၏ကျွန်ဖြစ်သူကျွန်တော်မျိုးအား ထိုစီရင်တော်မူချက်များကအသိဉာဏ်ကို ပေးပါ၏။ ကျွန်တော်မျိုးသည်ယင်းတို့ကိုလိုက်နာ စောင့်ထိန်းသည်ဖြစ်၍အကျိုးကျေးဇူးများကို ခံယူရရှိပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible11 ၎င်း ပြင်၊ ထို အ ရာ များ ကြောင့် ကျွန် တော် မျိုး သည် အ ဆုံး အ မ ကို လည်း ကောင်း၊ စောင့် ရှောက် ခြင်း ကြောင့် အ ကျိုး အ မြတ် ကို လည်း ကောင်း၊ ခံ ရ ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible11 တရားတော်အားဖြင့် ကိုယ်တော်၏ကျွန်သည် သတိရ၍၊ တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ကောင်းကင်မှအသံက “ရေးထားလော့။ ယခုမှစ၍ သခင်ဘုရား၌သေဆုံးသည့် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့သည် မိမိတို့၏ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့်ရကြလိမ့်မည်။ သူတို့ပြုသောအမှုများသည်လည်း သူတို့နှင့်လိုက်ပါလာ၏”ဟု မိန့်တော်မူ၏။
မြို့အသီးသီးတွင်နေထိုင်ကြသော သင်တို့၏ညီအစ်ကိုတို့သည် အချင်းချင်းသတ်ဖြတ်မှု၊ ဥပဒေသ၊ ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်စသည်တို့နှင့်ပတ်သက်သောအမှုအခင်းအလုံးစုံတို့ကို သင်တို့ထံသို့ ယူဆောင်လာလျှင် သင်တို့သည် သူတို့အား သတိပေးရမည်။ သို့မှ သူတို့သည် ထာဝရဘုရားကို မပြစ်မှားမိဘဲနေလိမ့်မည်။ သင်တို့နှင့် သင်တို့၏ညီအစ်ကိုအပေါ်အမျက်တော်မသက်ရောက်ဘဲနေလိမ့်မည်။ သင်တို့လည်း အပြစ်မပြုမိဘဲနေလိမ့်မည်။