ယေရမိ 2:30 - မြန်မာ့စံမီသမ္မာကျမ်း30 “ငါသည် သင်တို့၏သားသမီးများကို ဆုံးမသော်လည်း အကျိုးမရှိ။ သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကိုလက်မခံကြ။ သင်တို့၏ဓားသည် သွေးဆာနေသောခြင်္သေ့ကဲ့သို့ ပရောဖက်များကို ဝါးမျိုလေပြီ။ အခန်းကိုကြည့်ပါ။Common Language Bible30 ``ငါသည်သင်တို့ကိုဆုံးမပါသော်လည်း အကျိုးမရှိ။ သင်တို့သည်ပဲ့ပြင်သွန်သင်မှုကို လက်မခံလိုကြ။ အမျက်ပြင်းစွာထွက်သည့် ခြင်္သေ့သဖွယ် သင်တို့သည်မိမိတို့ပရောဖက် များကိုသတ်ဖြတ်ကြလေပြီ။- အခန်းကိုကြည့်ပါ။Garrad Bible30 သင် တို့ သား သ မီး များ ကို၊ ငါ ဒဏ် ခတ် သော် လည်း အ ကျိုး မ ရှိ၊ သူ တို့ သည် အ ဆုံး အ မ ကို မ နာ မ ယူ ကြ လေ။ ကိုယ့် ဓား သည် ဖြတ် သတ် သော ခြင်္သေ့ ကဲ့ သို့၊ ကိုယ့် ပ ရော ဖက် များ ကို ဖျက် ဆီး လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible30 ငါသည် သင်တို့သားများကို အချည်းနှီးဒဏ်ပေးပြီ။ သူတို့သည် ဆုံးမခြင်းကို မခံကြ။ သင်တို့၏ဓားသည် လုယူဖျက်ဆီးတတ်သော ခြင်္သေ့ကဲ့သို့၊ သင်တို့၏ ပရောဖက်များကိုဖျက်ဆီးလေပြီ။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။