မဿဲ 16:27 - မြန်မာ့စံမီသမ္မာကျမ်း27 အကြောင်းမူကား လူ့သားသည် မိမိ၏ကောင်းကင်တမန်များနှင့်အတူ မိမိခမည်းတော်၏ဘုန်းအသရေကိုဆောင်လျက် ကြွလာလိမ့်မည်။ ထိုအခါ လူအသီးသီးတို့အား သူတို့၏လုပ်ဆောင်မှုနှင့်အညီ အကျိုးအပြစ်ကိုပေးတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible27 လူသားသည်ခမည်းတော်၏ဘုန်းအသရေကို ဆောင်လျက်ကောင်းကင်တမန်များနှင့်အတူ ကြွလာတော်မူလတ္တံ့။ ထိုအခါလူအပေါင်းတို့ အားမိမိတို့၏အကျင့်အလျောက်အကျိုး အပြစ်ကိုဆပ်ပေးတော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible27 လူ့ သား သည် ခ မည်း တော်၏ ဘုန်း တော် ကို ဆောင် လျက် စေ တ မန် တော် တို့ နှင့် တ ကွ ကြွ လာ မည့် ကာ လ လူ အ သီး အသီး တို့ အား အ ပြု အ မူ အ လျောက် ဆပ် ပေး တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible27 လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာတော်မူလတ္တံ့။ ထိုအခါ သူအသီးအသီး ကျင့်သောအကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတ္တံ့။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း27 လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ27 လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာတော်မူလတ္တံ့။ ထိုအခါ သူအသီးအသီး ကျင့်သောအကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတ္တံ့။- အခန်းကိုကြည့်ပါ။ |
“ထိုအမှုကို ငါတို့မသိခဲ့ပါ”ဟု သင်ဆိုလျှင်လည်း စိတ်နှလုံးတို့ကိုချိန်တွယ်တော်မူသောအရှင်သည် ထိုအရာကိုမသိနားမလည်ဘဲနေမည်လော။ သင်၏စိတ်ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင်သည် မသိဘဲနေမည်လော။ ကိုယ်တော်သည် လူတို့အား မိမိလုပ်ဆောင်မှုနှင့်အညီ မဆပ်ပေးဘဲနေမည်လော။
ရှင်ဘုရင်သည် ငိုကြွေးမြည်တမ်းရပြီး မင်းသားတို့သည်လည်း စိတ်ပျက်ခြင်းအဝတ်ကို ဝတ်ဆင်ရလိမ့်မည်။ ပြည်သူပြည်သားတို့၏လက်များသည်လည်း တုန်ရီနေကြလိမ့်မည်။ သူတို့ပြုခဲ့သည့်အတိုင်း သူတို့ကို ငါပြန်ပြုမည်။ သူတို့အကျင့်အကြံအတိုင်း သူတို့ကို ပြန်စီရင်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ဤတောင်ကြားချိုင့်ဝှမ်းလွင်ပြင်သည် အာဇေလအရပ်တိုင်အောင် ရောက်လိမ့်မည်။ ယုဒဘုရင်ဩဇိမင်းကြီးလက်ထက် ငလျင်လှုပ်သဖြင့် သင်တို့ထွက်ပြေးရသကဲ့သို့ ယခုလည်း တောင်ကြားချိုင့်ဝှမ်းလွင်ပြင်အတိုင်း သင်တို့ ထွက်ပြေးရလိမ့်မည်။ ငါ၏ဘုရားသခင်ထာဝရဘုရားသည်လည်း မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူလိမ့်မည်။
သို့ဖြစ်၍ “ထိုတပည့်တော်သည် သေရမည်မဟုတ်”ဟူသောစကားသည် ညီအစ်ကိုတို့ကြားတွင် ပျံ့နှံ့သွား၏။ သို့သော် ယေရှုက “ထိုသူသည် သေရမည်မဟုတ်”ဟု မိန့်တော်မူသည်မဟုတ်ဘဲ“ငါကြွလာသည့်တိုင်အောင် သူ့ကိုအသက်ရှင်စေရန် ငါအလိုရှိလျှင်လည်း သင်နှင့်မည်သို့ဆိုင်သနည်း”ဟူ၍သာ မိန့်တော်မူ၏။
ကျရောက်လာမည့်အမျက်တော်မှ ငါတို့ကိုကယ်နုတ်တော်မူသည့် ယေရှုတည်းဟူသော သေသောသူတို့ထဲမှ ဘုရားသခင်ထမြောက်စေတော်မူသောသားတော်သည် ကောင်းကင်ဘုံမှကြွလာတော်မူမည်ကို စောင့်မျှော်ရန် သင်တို့သည် ရုပ်တုများကိုစွန့်၍ ဘုရားသခင်ထံ မည်ကဲ့သို့ပြောင်းလဲလာကြသည်ကိုလည်းကောင်း သူတို့ကိုယ်တိုင်ပြောကြားကြ၏။
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့်ကြွလာတော်မူ၏။ ထိုအခါ ကိုယ်တော်ကိုထိုးဖောက်ခဲ့သူတို့မှစ၍ လူအပေါင်းတို့သည် မိမိတို့မျက်စိဖြင့် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးသည် ကိုယ်တော်ကြောင့် ရင်ဘတ်စည်တီးလျက်မြည်တမ်းကြလိမ့်မည်။ မှန်ပေ၏။ အာမင်။
တစ်ဖန် သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့၌ရပ်နေကြသည်ကို ငါမြင်ရ၏။ စာစောင်များကိုဖွင့်ထား၍ အသက်စာစောင်တည်းဟူသော အခြားသောစာစောင်ကိုလည်းဖွင့်ထား၏။ သေလွန်သောသူတို့သည် ထိုစာစောင်များတွင်ရေးထားသည့်အတိုင်း မိမိတို့ပြုသောအမှုများနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။