Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 26:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ယေရမိ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​စကား​အလုံးစုံ​တို့​ကို ပြည်သူပြည်သား​အပေါင်း​တို့​အား ဆင့်ဆို​ပြီး​သောအခါ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​နှင့် လူ​အပေါင်း​တို့​သည် သူ့​ကို​ဖမ်းဆီး​၍ “​သင်​သည် မုချ​သေ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ ကို​ငါ​ပြန်​ကြား​ပြော​ဆို​ပြီး​သည်​နှင့်​တစ်​ပြိုင် နက်​သူ​၏​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ နှင့်​ပြည်​သူ​တို့​သည်​ငါ့​အား​ဆွဲ​ကိုင်​ဖမ်း​ဆီး ကာ``သင်​သည်​ဤ​စ​ကား​တို့​ကို​ပြော​ဆို​သည့် အ​တွက်​သေ​ဒဏ်​ခံ​ထိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ထာ ဝ ရ ဘု ရား မိန့် တော် မူ သ မျှ ကို၊ လူ ပ ရိ သတ် အား ဆင့် ဆို သည့် အ ဆုံး ၌၊ ယေ ရ မိ ကို ဖမ်း ဆီး လျက်၊ သင် မု ချ သေ ဒဏ် ခံ ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 လူ​များ​အ​ပေါင်း​တို့​အား ဆင့်​ဆို​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သ​မျှ​သော စ​ကား​တော်​ကို အ​ကုန်​အ​စင် ဟော​ပြော​ပြီး​မှ၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ လူ​များ​အ​ပေါင်း​တို့​သည် ယေ​ရ​မိ​ကို​ဖမ်း​ဆီး၍၊ သင်​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 26:8
22 ပူးပေါင်းရင်းမြစ်များ  

သို့သော် လူမျိုး​တော်​အပေါ် ထာဝရဘုရား​အမျက်​တော်​ထွက်​၍ ချမ်းသာ​မ​ပေး​နိုင်​သည့်​တိုင်အောင် သူ​တို့​သည် ဘုရားသခင်​စေလွှတ်​သော​တမန်​များ​ကို လှောင်ပြောင်​ကြ​၏​။ စကား​တော်​ကို မထီမဲ့မြင်ပြု​ကြ​၏​။ ပရောဖက်​တို့​ကို ပြက်ရယ်ပြု​ကြ​၏​။


သင့်​ကို​ကယ်နုတ်​ရန် သင်​နှင့်အတူ ငါ​ရှိ​မည်​ဖြစ်၍ သူ​တို့​သည် သင့်​ကို​တိုက်ခိုက်​သော်လည်း နိုင်​လိမ့်မည်​မ​ဟုတ်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


လူ​တို့​က “​လာ​ကြ​၊ ယေရမိ​ကို လုပ်ကြံ​ကြ​စို့​။ အကြောင်းမူကား ယဇ်ပုရောဟိတ်​ထံမှ​လာ​သော တရားတော်​၊ ပညာရှိ​ထံမှ​လာ​သော အကြံဉာဏ်​၊ ပရောဖက်​ထံမှ​လာ​သော နှုတ်ကပတ်တော်​သည် ငါ​တို့​၌ ပျောက်ပျက်​မည်​မ​ဟုတ်​။ လာ​ကြ​၊ သူ့​ကို အပြစ်ရှာ​ကြ​စို့​။ သူ့​စကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​စို့​”​ဟု ဆို​ကြ​၏​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​သတ်မည့်သူ​တို့​၏​အကြံဉာဏ်​အားလုံး​ကို ကိုယ်တော်​သိ​တော်မူ​ပါ​၏​။ သူ​တို့​၏​ဒုစရိုက်​ကို ဖြေလွှတ်​တော်​မ​မူ​ပါ​နှင့်​။ သူ​တို့​၏​အပြစ်​ကို ရှေ့​တော်​မှ​ပယ်ဖျက်​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​ရှေ့​တော်​၌ သူ​တို့​လဲကျ​ကြ​ပါစေ​။ အမျက်​တော်​သင့်​ရာ​ကာလ​၌ သူ​တို့​ကို​စီရင်​တော်မူ​ပါ​။


“ငါ​သည် သင်​တို့​၏​သားသမီး​များ​ကို ဆုံးမ​သော်လည်း အကျိုးမရှိ​။ သူ​တို့​သည် ဆုံးမပဲ့ပြင်​ခြင်း​ကို​လက်​မ​ခံ​ကြ​။ သင်​တို့​၏​ဓား​သည် သွေးဆာ​နေ​သော​ခြင်္သေ့​ကဲ့သို့ ပရောဖက်​များ​ကို ဝါးမျို​လေ​ပြီ​။


ထိုသို့ ထောင်​ထဲ၌​ချုပ်နှောင်​ထား​ခြင်း​ခံရ​သော​ယေရမိ​ကို ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​က “သင်​သည် အဘယ်ကြောင့် ထာဝရဘုရား​က ‘ဤ​မြို့​ကို ဘေဘီလုံ​ဘုရင်​၏​လက်​ထဲသို့ ငါ​အပ်​မည်​။ သူ​သည် ထို​မြို့​ကို သိမ်းယူ​လိမ့်မည်​။


သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ယေရမိ​ကို​စေလွှတ်​၍​ဆင့်ဆို​စေ​သော သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​အလုံးစုံ​ကို လူ​အပေါင်း​တို့​အား ယေရမိ​ဆင့်ဆို​ပြီး​သောအခါ


ထိုအခါ ဗေသလ​မြို့​ရှိ ယဇ်ပုရောဟိတ်​အာမဇိ​က အစ္စရေး​ဘုရင်​ယေရောဗောင်​မင်းကြီး​ထံသို့ လူ​လွှတ်​၍ “အာမုတ်​သည် အစ္စရေး​အမျိုး​တို့​အလယ်​တွင် အရှင်မင်းကြီး​ကို လျှို့ဝှက်ကြံစည်​နေ​ပါ​ပြီ​။ ပြည်​တော်​သည် သူ့​စကား​အလုံးစုံ​တို့​ကို ခံ​နိုင်​မည်​မ​ဟုတ်​ပါ​။


အခြား​သော​သူ​တို့​မူကား ဘုရင်​၏​အစေအပါး​တို့​ကို​ဖမ်းဆီး​လျက် နှိပ်စက်​ကာ သတ်ဖြတ်​ကြ​၏။


ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​သည် လူထု​ပရိသတ်​အား ဗာရဗ္ဗ​ကို​တောင်း​၍ ယေရှု​ကို​မူကား အဆုံးစီရင်​စေရန် စည်းရုံး​ကြ​၏။


သူ​တို့​သည် ထို​စကား​ကို​ကြား​လျှင် ပြင်းစွာ​အမျက်ထွက်​လျက် တမန်တော်​တို့​ကို​သတ်​ရန် ကြံရွယ်​ကြ​၏။


သင်​တို့​ဘိုးဘေး​များ မ​ညှဉ်းဆဲ​ခဲ့​သော​ပရောဖက်​တစ်ပါးပါး​ရှိ​သလော။ သူ​တို့​သည် ဖြောင့်မတ်​သော​အရှင်​ကြွလာ​မည့်​အကြောင်း ကြိုတင်​ဟောပြော​သော​သူ​များ​ကို​သတ်​ခဲ့​ကြ​၏။ ယခု သင်​တို့​သည် ထို​ဖြောင့်မတ်​သော​အရှင်​ကို သစ္စာဖောက်​သော​သူ​နှင့် သတ်ဖြတ်​သော​သူ​များ​ဖြစ်​ကြ​ပြီ။


ပရောဖက်​များ၊ သန့်ရှင်း​သူ​များ​နှင့် ကမ္ဘာ​မြေကြီး​ပေါ်တွင် အသေ​သတ်​ခြင်း​ခံ​ခဲ့​ရ​သော​သူ​အပေါင်း​တို့​၏​သွေး​ကို​လည်း ထို​မြို့​၌​တွေ့​ရ​၏”​ဟု ဆို​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ