အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
ဗျာဒိတ် 15:3 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကိုသီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။ Common Language Bible သူတို့သည် ``အနန္တတန်ခိုးရှင်ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်ကြီးမြတ်၍အံ့သြဖွယ်ကောင်းလှ ပါသည်တကား။ လူမျိုးတကာတို့၏ဘုရင်၊ကိုယ်တော်ရှင်၏ နည်းလမ်းတော်တို့သည် အလွန်မျှတမှန်ကန်လှပါသည်တကား။ Garrad Bible ထို သူ တို့ သည် ဘု ရား သ ခင့် ကျွန် တော် ရင်း မော ရှေ၏ ဧ ချင်း ကို လည်း ကောင်း၊ သိုး ငယ် တော်၏ ဧ ချင်း ကို လည်း ကောင်း၊ သီ ဆို လျက် အို အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ အ မှု တော် များ သည် ထူး ဆန်း ကြီး မြတ် လှ ပါ၏။ အို လူ အ မျိုး မျိုး တို့၏ ဘု ရင် မင်း မြတ်၊ နည်း လမ်း တော် များ သည် ဖြောင့် မတ် မှန် ကန် လှ ပေ ၏။ Judson Bible ထိုသူတို့သည် ဘုရားသခင်၏ ကျွန်မောရှေ၏ သီချင်းနှင့် သိုးသငယ်၏သီချင်းကို သီ၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍ အံ့ဩဖွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့သည် ဘုရားသခင်၏ အစေခံမောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏ သီချင်းကို သီဆိုနေကြ၏။ ထိုသီချင်းမှာ “အို အနန္တတန်ခိုးရှင် ဘုရားသခင်… ကိုယ်တော်၏ လုပ်ဆောင်မှုတို့သည် ကြီးမြတ်၍ အံ့ဖွယ်ဖြစ်ပါ၏။ အို လူမျိုးအပေါင်းတို့၏ ဘုရင်… ကိုယ်တော်၏ နည်းလမ်းတို့သည် တရားမျှတ၍ မှန်ကန်ပါ၏။ |
အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
အာရုန်နှင့်သူ၏သားမြေးတို့မူကား ဘုရားသခင်၏အစေအပါးမောရှေ မိန့်မှာထားခဲ့သည့်အတိုင်း မီးရှို့ရာယဇ်ပလ္လင်နှင့် နံ့သာပေါင်းယဇ်ပလ္လင်တို့တွင် မီးရှို့ပူဇော်ခြင်းဖြင့် အသန့်ရှင်းဆုံးဌာန၏အမှုအလုံးစုံတို့ကို ထမ်းဆောင်ရ၍ အစ္စရေးလူမျိုးတို့အဖို့ အပြစ်ဖြေလွှတ်ခြင်းဝတ်ကိုလည်း ပြုပေးရ၏။
ထို့ကြောင့် ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်မင်းယောယဒကိုခေါ်၍ “သက်သေခံချက်တဲတော်အဖို့ ထာဝရဘုရား၏အစေအပါးမောရှေမှာကြားထားသော အစ္စရေးလူထုတို့ပေးဆောင်ရမည့်အခွန်ငွေကို ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ထံမှကောက်ခံရန် လေဝိအမျိုးသားတို့ကို အဘယ်ကြောင့် သင် မမှာထားသနည်း”ဟု မေး၏။
သူတို့အား ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဥပုသ်နေ့ကို သိစေတော်မူ၏။ ကိုယ်တော်၏အစေအပါးမောရှေမှတစ်ဆင့် ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ တရားတော်များကို ပေးအပ်တော်မူ၏။
ကိုယ်တော်ပြုသောအမှုတော်အကြောင်းကို လူတို့သီဆိုချီးမွမ်းကြ၏။ သင်လည်း သီဆိုချီးမွမ်းဖို့ သတိရပါ။
ကိုယ်တော်သည် ကြီးမြတ်သောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ မရေတွက်နိုင်သောအံ့ဖွယ်အမှုတို့ကို ပြုတော်မူ၏။
အကြောင်းမူကား ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၍ ကိုယ်တော်၏သစ္စာတော်သည် မျိုးဆက်အစဉ်အဆက်တည်၏။
ကိုယ်တော်၏အစေအပါး အာဗြဟံ၏အမျိုးအနွယ်၊ ကိုယ်တော်ရွေးကောက်တော်မူသော ယာကုပ်၏သားသမီးတို့၊ ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း၊ ပြုတော်မူသောတန်ခိုးလက္ခဏာများနှင့် နှုတ်တော်ထွက်စီရင်ထုံးဖွဲ့ချက်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။
ထာဝရဘုရားပြုတော်မူသောအမှုတို့သည် ကြီးမြတ်လှပေ၏။ ထိုအမှုတို့ကို နှစ်သက်သောသူအပေါင်းတို့သည် ၎င်းတို့ကို ရှာဖွေလေ့လာကြ၏။
ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်သောအရာတို့သည် သစ္စာနှင့်လည်းကောင်း၊ တရားမျှတခြင်းနှင့်လည်းကောင်း ညီညွတ်ကြ၏။ ကိုယ်တော်၏ဥပဒေသအားလုံးတို့သည် ယုံကြည်စိတ်ချရ၏။
အကျွန်ုပ်ကို ကြောက်ရွံ့အံ့ဩဖွယ်ကောင်းသော လက္ခဏာတို့ဖြင့် ဖန်ဆင်းတော်မူသည်ဖြစ်၍ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အံ့ဩဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကောင်းစွာသိပါ၏။
ထာဝရဘုရားသည် မိမိ၏လမ်းတော်ရှိသမျှတို့၌ ဖြောင့်မတ်၍ မိမိပြုတော်မူသောအမှုရှိသမျှတို့၌ သစ္စာရှိတော်မူ၏။
သူတို့သည် ကိုယ်တော်၏အံ့ဩဖွယ်ကောင်းသော တန်ခိုးတော်အကြောင်းကို ပြောဆိုကြပါလိမ့်မည်။ အကျွန်ုပ်သည်လည်း ကိုယ်တော်၏ ကြီးမြတ်တော်မူခြင်းအကြောင်းကို ပြောကြားပါမည်။
ဘုရားသခင်၏လမ်းသည် ပြည့်ဝစုံလင်၏။ ထာဝရဘုရား၏မိန့်တော်မူချက်သည် ခိုင်လုံမှန်ကန်၏။ ကိုယ်တော်သည် အထံတော်၌ခိုလှုံသောသူ ရှိသမျှတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။
ကိုယ်တော်သည် အီဂျစ်ပြည်၊ ဇောနအရပ်၌ သူတို့၏ဘိုးဘေးများရှေ့တွင် အံ့ဖွယ်သောအမှုကိုပြုတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသော အမှုတို့သည် ကြီးမြတ်လှပါ၏။ ကိုယ်တော်၏အကြံအစည်တို့သည် အလွန်နက်နဲပါ၏။
တန်ခိုးကြီးသောရှင်ဘုရင်သည် တရားမျှတခြင်းကို နှစ်သက်တော်မူ၏။ ကိုယ်တော်သည် သမာသမတ်ရှိခြင်းကို တည်မြဲစေတော်မူ၏။ ယာကုပ်အမျိုးထဲတွင် တရားမျှတခြင်းနှင့်ဖြောင့်မတ်ခြင်းကို စီရင်တော်မူ၏။
အကြောင်းမူကား ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး၊ ပညတ်တရားရှင်၊ ရှင်ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါတို့ကို ကယ်တင်တော်မူမည်။
ပြောပြကြလော့။ တင်ပြကြလော့။ သူတို့ အတူတကွတိုင်ပင်ကြပါစေ။ ဤအမှုကို ရှေးကာလမှစ၍ မည်သူကြားသိစေခဲ့သနည်း။ ထိုအချိန်မှစ၍ မည်သူပြောကြားခဲ့သနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောအရှင်ဖြစ်၏။ ငါမှတစ်ပါး အခြားမရှိ။
ဒံယေလရှိရာတွင်းဝနားသို့ရောက်လာသောအခါ ဝမ်းနည်းသောအသံဖြင့် ရှင်ဘုရင်က “အသက်ရှင်တော်မူသောဘုရားသခင်၏ကျွန် ဒံယေလ၊ သင် အမြဲကိုးကွယ်သောသင်၏ဘုရားသခင်သည် သင့်ကို ခြင်္သေ့တို့၏ဘေးမှ ကယ်တင်ပြီလော”ဟု ဒံယေလအား မေးလေ၏။
အစ္စရေးလူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ပညတ်တော်ကို ချိုးဖောက်၍ လမ်းလွဲကြပါပြီ။ ကိုယ်တော်၏စကားတော်ကို နားမထောင်ကြပါ။ အကျွန်ုပ်တို့သည် ဘုရားသခင်ကိုပြစ်မှားကြသောကြောင့် ကိုယ်တော်၏အစေအပါးမောရှေရေးမှတ်ထားသောပညတ္တိကျမ်းတွင်ပါသည့် တိုင်တည်ကျိန်ဆိုခြင်းကို ကိုယ်တော်သည် အကျွန်ုပ်တို့အပေါ် ကျရောက်စေတော်မူပြီ။
မည်သူသည် ပညာရှိသနည်း၊ သူသည် ထိုအရာတို့ကို နားလည်ပါစေ။ မည်သူသည် ပိုင်းခြားသိမြင်နိုင်သနည်း၊ သူသည် ထိုအရာတို့ကို သိနားလည်ပါစေ။ ထာဝရဘုရား၏နည်းလမ်းတော်သည် ဖြောင့်မတ်သည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ထိုလမ်းတော်၌ လိုက်လျှောက်ကြလိမ့်မည်။ မတရားသောသူတို့မူကား ထိုလမ်းတော်တွင် ခလုတ်တိုက်လဲကျကြလိမ့်မည်။
ကိုယ်တော်သည် ရှေးယခင်ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည့်အတိုင်း ယာကုပ်အား သစ္စာတော်ကိုလည်းကောင်း၊ အာဗြဟံအား မေတ္တာကရုဏာတော်ကိုလည်းကောင်း ပြတော်မူမည်။
ထိုမြို့တွင် စံနေတော်မူသောထာဝရဘုရားမူကား မတရားမှုကို မပြု၊ ဖြောင့်မတ်တော်မူသောဘုရားဖြစ်၏။ နံနက်အရုဏ်လင်းချိန်တိုင်းတွင် မိမိ၏ဖြောင့်မတ်ခြင်းကို မပျက်မကွက်ဖော်ပြတော်မူ၏။ သို့သော် မတရားသောသူသည် ရှက်ကြောက်ရမည်ကို မသိပါတကား။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
အကြောင်းမူကား ပညတ်တရားကို မောရှေအားဖြင့်ပေးတော်မူ၏။ ကျေးဇူးတော်နှင့်သမ္မာတရားမူကား ယေရှုခရစ်တော်အားဖြင့်ဖြစ်လာ၏။
ထို့နောက် မောရှေသည် အစ္စရေးလူအစုအဝေးအပေါင်းတို့ကြားသိအောင် သီချင်းစာသားကို အစအဆုံးမြွက်ဆိုလေ၏။
ထာဝရဘုရား၏နာမတော်ကို ငါကြေညာမည်ဖြစ်၍ ငါတို့၏ဘုရားသခင် ကြီးမြတ်တော်မူကြောင်းကို သိမှတ်ဝန်ခံကြလော့။
ထာဝရဘုရား၏အမိန့်တော်အတိုင်း ထာဝရဘုရား၏အစေအပါးမောရှေသည် မောဘပြည်ရှိ ထိုတောင်ပေါ်၌သေဆုံးလေ၏။
ထာဝရဘုရင်၊ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းတော်မူသော မမြင်ရသည့် တစ်ဆူတည်းသောဘုရားသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းတော်နှင့်ဂုဏ်တော်ရှိပါစေသော။ အာမင်။
မောရှေသည် နောင်အခါဟောပြောမည့်အရာတို့အတွက် သက်သေဖြစ်ရန် အစေခံအဖြစ် ဘုရားသခင်၏အိမ်တော်တစ်ခုလုံးအပေါ်သစ္စာရှိ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ်ရမည်၊ တရားလမ်းတော်ရှိသမျှအတိုင်းလိုက်လျှောက်ရမည်၊ ပညတ်တော်များကိုစောင့်ထိန်းရမည်၊ ကိုယ်တော်၌ဆည်းကပ်ရမည်၊ သင်တို့၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ကိုယ်တော်ကိုဝတ်ပြုရမည်ဟူ၍ သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေမိန့်မှာထားသည့် ပညတ်တော်၊ တရားတော်တို့ကိုစောင့်ထိန်းမည့်အကြောင်း အထူးသတိပြုကြလော့”ဟု မှာကြားလေ၏။
ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်က “ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏”ဟု မိန့်တော်မူ၏။
“အနန္တတန်ခိုးနှင့်ပြည့်စုံ၍ ယခုရှိလျက် ယခင်ကလည်းရှိသည့် ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်သည် မဟာတန်ခိုးတော်ကိုယူဆောင်လျက် စိုးစံတော်မူသောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။
သူတို့သည် ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သတ္တဝါလေးပါးနှင့် သက်ကြီးဝါကြီးတို့၏ရှေ့၌လည်းကောင်း သီချင်းသစ်ကိုသီဆိုကြ၏။ ကမ္ဘာမြေကြီးပေါ်မှ ရွေးနုတ်ဝယ်ယူခြင်းခံရသူ တစ်သိန်းလေးသောင်းလေးထောင်တို့မှတစ်ပါး မည်သူကမျှ ထိုသီချင်းကိုမသင်ယူနိုင်ပေ။
ထို့နောက် ဒုတိယကောင်းကင်တမန်သည် လိုက်လာ၍ “မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်းကြောင့် သက်ရောက်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကို လူမျိုးတကာတို့အားတိုက်သော ဘေဘီလုံမြို့ကြီးသည် ပြိုလဲပြီ၊ ပြိုလဲပြီ”ဟု ကြွေးကြော်၏။
သူတို့သည် သိုးသငယ်တော်နှင့်စစ်တိုက်ကြလိမ့်မည်။ သို့သော် သိုးသငယ်တော်သည် သူတို့ကိုအနိုင်ရတော်မူလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အရှင်တကာတို့၏အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူရှိသောသူများသည်လည်း ခေါ်ယူတော်မူခြင်းခံရသောသူ၊ ရွေးကောက်ခံရသောသူနှင့် သစ္စာရှိသောသူများဖြစ်ကြ၏”ဟု ဆို၏။
သူ၏ဝတ်ရုံနှင့်ပေါင်တို့၌ “ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်”ဟု ရေးထားသောဘွဲ့နာမရှိ၏။
အကြောင်းမူကား ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် မှန်ကန်၍ဖြောင့်မတ်၏။ တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် ကမ္ဘာမြေကြီးအားပျက်စီးစေသည့် ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် စီရင်တော်မူလျက် သူ၏လက်၌စွန်းထင်းသော ကိုယ်တော့်အစေအပါးတို့၏သွေးအတွက် လက်တုံ့ပြန်တော်မူပြီ”ဟု ဆိုကြ၏။
ထိုသတ္တဝါလေးပါးအသီးသီးတို့တွင် တောင်ပံခြောက်ခုစီရှိ၍ ပတ်ပတ်လည်နှင့်အတွင်းဘက်၌ မျက်စိများဖြင့်ပြည့်လျက်ရှိကြ၏။ သူတို့သည် နေ့ရောညပါ ရပ်နားခြင်းမရှိဘဲ “ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏”ဟု ကြွေးကြော်နေကြ၏။