Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 3:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 မောရှေ​သည် နောင်​အခါ​ဟောပြော​မည့်​အရာ​တို့​အတွက် သက်သေ​ဖြစ်​ရန် အစေခံ​အဖြစ် ဘုရားသခင်​၏​အိမ်​တော်​တစ်ခုလုံး​အပေါ်​သစ္စာရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 မော​ရှေ​သည်​အ​စေ​ခံ​အ​နေ​ဖြင့်​ဘု​ရား သ​ခင်​၏​အိမ်​တော်​တွင်​သစ္စာ​စောင့်​လျက် အ​နာ ဂတ်​ကာ​လ​၌​ကိုယ်​တော်​မိန့်​ကြား​တော်​မူ မည့်​အ​ရာ​များ​ကို​ပြော​ကြား​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 မော ရှေ သည် နောင် ဆင့် ဆို ချက် များ ကို သက် သေ ခံ ခြင်း အ လို့ ငှာ တစ် အိမ် တော် လုံး၌ ကျွန့် အ ဖြစ် သ စ္စာ စောင့် ခဲ့ သည် မှန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 မော​ရှေ​သည်၊ နောက်​ဟော​ပြော​လ​တ္တံ့​သော အ​ရာ​တို့​ကို သက်​သေ​ခံ​ခြင်း​အ​လို​ငှာ၊ အ​စေ​ခံ​ကဲ့​သို့ အိမ်​တော်​တစ်​အိမ်​လုံး၌ သ​စ္စာ​စောင့်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 မောရှေ​သည် အစေခံ တစ်ဦး​အနေဖြင့် ဘုရားသခင်​၏ အိမ်တော်​တစ်ခုလုံး​အပေါ် သစ္စာရှိ​ပြီး အနာဂတ်​တွင် ဘုရားသခင်​ဟောပြောမည့်​အရာ​အတွက် သက်သေ​တစ်ဦး​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 3:5
35 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အား ကိုယ်တော်​၏​သန့်ရှင်းမြင့်မြတ်​သော​ဥပုသ်နေ့​ကို သိ​စေ​တော်မူ​၏​။ ကိုယ်တော်​၏​အစေအပါး​မောရှေ​မှတစ်ဆင့် ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​၊ တရားတော်​များ​ကို ပေးအပ်​တော်မူ​၏​။


ကိုယ်တော်​သည် မိမိ​အစေအပါး​မောရှေ​နှင့် မိမိ​ရွေးချယ်​ထား​သော အာရုန်​တို့​ကို စေလွှတ်​တော်မူ​၏​။


ထာဝရဘုရား​သည် အီဂျစ်​လူမျိုး​တို့​ကို ကြီးမား​သော​တန်ခိုး​တော်​ဖြင့် စီရင်​တော်မူ​သည်​ကို အစ္စရေး​လူမျိုး​တို့ တွေ့မြင်​ကြ​သဖြင့် သူ​တို့​သည် ထာဝရဘုရား​ကို ကြောက်ရွံ့​ကြ​၏​။ ထာဝရဘုရား​ကို​လည်းကောင်း​၊ ကိုယ်တော်​၏​အစေအပါး​မောရှေ​ကို​လည်းကောင်း ယုံကြည်​ကြ​၏​။


မောရှေ​သည် မိမိ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း တစ်သဝေမတိမ်း ပြု​လေ​၏​။


ငါ​၏​အိမ်​တော်​တစ်ခုလုံး​အပေါ်​သစ္စာရှိ​သော ငါ​၏​အစေအပါး​မောရှေ​နှင့်​မူကား ထိုသို့​မ​ဟုတ်​ဘဲ


မိမိ​၏​အိမ်သူအိမ်သား​များ​အား အချိန်​တန်​သောအခါ အစားအစာ​ကို​စီစဉ်​ပေး​ရန် သူ​တို့​အပေါ်​သခင်​ခန့်ထား​သည့် သစ္စာ​နှင့်​ပညာ​သတိ​ရှိ​သော​အစေအပါး​ကား မည်သူ​နည်း။


သူ​၏​သခင်​က​လည်း ‘ကောင်းလေစွ။ သစ္စာရှိ​သော​အစေအပါး​ကောင်း၊ သင်​သည် အနည်းငယ်​သော​အရာ​၌ သစ္စာရှိ​၏။ များစွာ​သော​အရာ​တို့​ကို သင့်​အား​ကြီးကြပ်​စောင့်ရှောက်​စေ​မည်။ သင့်​သခင်​၏​ဝမ်းမြောက်​ခြင်း​၌ ပါဝင်​ဆင်နွှဲ​လော့’​ဟု ဆို​လေ​၏။


သခင်​ဘုရား​က​လည်း“မိမိ​အိမ်သူအိမ်သား​များ​အား အချိန်​တန်​သောအခါ အစားအစာ​များ​စီစဉ်​ပေး​ရန် သူ​တို့​အပေါ်​သခင်​ခန့်ထား​သည့် သစ္စာ​နှင့်​ပညာ​သတိ​ရှိ​သော​အစေအပါး​ခေါင်းဆောင်​ကား မည်သူ​နည်း။


ထို့နောက် ကိုယ်တော်​သည် မောရှေ​နှင့်​ပရောဖက်​အပေါင်း​တို့​၏​ကျမ်း​များ​မှ​အစပြု​၍ ကျမ်းစာ​တစ်ခုလုံး​တွင် မိမိ​နှင့်​ပတ်သက်၍ ရေး​ထား​သည့်​အကြောင်းအရာ​တို့​ကို သူ​တို့​အား ရှင်းပြ​တော်မူ​၏။


တစ်ဖန် ကိုယ်တော်​က“သင်​တို့​နှင့်အတူ​ရှိ​စဉ် သင်​တို့​အား ငါ​ပြော​ခဲ့​သော​စကား​မှာ မောရှေ​၏​ပညတ်​တရား​ကျမ်း၊ ပရောဖက်​ကျမ်း​များ​နှင့် ဆာလံ​ကျမ်း​တွင် ငါ​နှင့်​ပတ်သက်၍ ရေး​ထား​သမျှ​တို့​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​ရ​မည်​ဟူ၍​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


သင်​တို့​သည် ကျမ်းစာ​အားဖြင့် ထာဝရ​အသက်​ကို​ရရှိ​မည်​ဟု​ထင်မှတ်​၍ ကျမ်းစာ​ကို​စူးစမ်း​လေ့လာ​နေ​ကြ​၏။ ထို​ကျမ်းစာ​က​ပင် ငါ့​အကြောင်း​ကို သက်သေခံ​လျက်​ရှိ​၏။


ထို့နောက် သူ​တို့​သည် ပေါလု​နှင့် ရက်​ကို​ချိန်းချက်​ပြီးမှ ပို၍​များစွာ​သော​သူ​တို့​နှင့်တကွ သူ​တည်းခို​ရာ​အရပ်​သို့ ရောက်လာ​ကြ​၏။ ပေါလု​သည် နံနက်​စောစော​အချိန်​မှစ၍ ညနေ​အချိန်​တိုင်အောင် ထို​သူ​တို့​အား ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို​ရှင်းပြ​လျက် သက်သေခံ​ကာ မောရှေ​၏​ပညတ်​တရား​ကျမ်း​နှင့် ပရောဖက်​ကျမ်း​များ​ကို​ကိုးကား​၍ ယေရှု​အကြောင်း​ကို သူ​တို့​အား​ပြောပြ​စည်းရုံး​လေ​၏။


ထို​မောရှေ​သည် အစ္စရေး​အမျိုးသား​တို့​အား ‘ဘုရားသခင်​သည် သင်​တို့​၏​ညီအစ်ကို​များ​ထဲမှ ငါ​နှင့်​တူ​သော​ပရောဖက်​တစ်​ပါး​ကို သင်​တို့​အတွက်​ပေါ်ထွန်း​စေ​တော်မူ​လိမ့်မည်’​ဟု ပြောဆို​ခဲ့​သူ​ဖြစ်​၏။


သို့ရာတွင် ယခု​အခါ​၌ ပညတ်​တရား​နှင့်​ပရောဖက်​များ​သက်သေခံ​သော ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​သည် ပညတ်​တရား​မ​ပါ​ဘဲ ထင်ရှား​လေ​ပြီ။


ဤ​နေရာ​တွင် ဘဏ္ဍာစိုး​သည် သစ္စာရှိ​ကြောင်း အသိအမှတ်ပြု​ခြင်း​ခံရ​သူ​ဖြစ်​ရ​မည်။


‘​အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​ကြီးမြတ်​ခြင်း​၊ ကိုယ်တော်​၏​အားကြီး​သော​လက်​တော်​ကို ကိုယ်တော်​၏​အစေအပါး​အား စတင်​ဖော်ပြ​တော်မူ​ပြီ​။ အစွမ်းတန်ခိုးကြီး​သည့်​အမှု​ကို​ကိုယ်တော်​ပြု​တော်မူ​သကဲ့သို့ ကောင်းကင်​နှင့်​မြေကြီး​ပေါ်၌ အဘယ်မည်သော​ဘုရား ပြု​နိုင်​ပါ​သနည်း​။


ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း ထာဝရဘုရား​၏​အစေအပါး​မောရှေ​သည် မောဘ​ပြည်​ရှိ ထို​တောင်​ပေါ်၌​သေဆုံး​လေ​၏​။


ငါ့​ကို ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော ငါ​တို့​သခင်​ခရစ်တော်​ယေရှု​၏​ကျေးဇူး​တော်​ကို ငါ​ချီးမွမ်း​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် ငါ့​ကို​အမှု​တော်​လုပ်ငန်း​အတွက်​ခန့်ထား​၍ သစ္စာရှိ​သော​သူ​အဖြစ်​မှတ်ယူ​တော်မူ​သောကြောင့်​ဖြစ်​၏။


ရှေးကာလ​တွင် ဘုရားသခင်​သည် ပရောဖက်​များ​အားဖြင့် ဘိုးဘေး​တို့​အား ကာလ​အပိုင်းအခြား​အမျိုးမျိုး​တို့​၌ နည်း​မျိုးစုံ​ဖြင့် စကား​ပြော​တော်မူ​၏။


မောရှေ​သည် ဘုရားသခင်​၏​အိမ်​တော်​တစ်ခုလုံး​အပေါ်​သစ္စာရှိ​သကဲ့သို့ ယေရှု​သည်​လည်း မိမိ​ကို​ခန့်ထား​သော​ဘုရားသခင်​အပေါ်​သစ္စာရှိ​တော်မူ​၏။


အကြောင်းမူကား အိမ်​တိုင်း​ကို တစ်စုံတစ်ယောက်​က တည်ဆောက်​ရ​၏။ သို့သော် အရာ​ခပ်သိမ်း​ကို​တည်ဆောက်​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။


မောရှေ​သည် တဲ​တော်​ကို​ဆောက်လုပ်​မည်​ပြု​စဉ်​က “အလုံးစုံ​တို့​ကို တောင်​ပေါ်တွင် သင့်​အား ငါ​ပြ​ခဲ့​သည့်​စံနမူနာ​အတိုင်း​ပြုလုပ်​ရန် သတိပြု​လော့”​ဟူသော​ဗျာဒိတ်​တော်​ကို​ရ​သည့်​နည်းတူ ထို​သူ​တို့​သည် အထက်​ကောင်းကင်​အရပ်​၌​ရှိ​သော​အရာ​များ​၏​နမူနာ​ပုံရိပ်​နှင့်ဆိုင်သော​ဝတ်​ကို ပြု​ကြ​၏။


အကြောင်းမူကား ခရစ်တော်​သည် စစ်မှန်​သော​အရာ​၏​ပုံတူ​မျှသာ​ဖြစ်​သည့် လူ့​လက်​ဖြင့်​တည်ဆောက်​သော​သန့်ရှင်း​ရာ​ဌာန​ထဲသို့​မ​ဝင်​ဘဲ ငါ​တို့​ကိုယ်စား ယခု ဘုရားသခင်​၏​ရှေ့​တော်​၌​ထင်ရှား​တော်မူ​ရန် ကောင်းကင်​ထဲသို့​ဝင်​တော်မူ​၏။


ထာဝရဘုရား​သည် သင်​တို့​ကဲ့သို့ သင်​တို့​၏​အမျိုးသားချင်း​တို့​ကို အေးအေးချမ်းချမ်း​နေထိုင်​ရ​သော​အခွင့်​ပေး​သည်​အထိ​၊ သူ​တို့​အား ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ကို အပိုင်ရ​သည်​အထိ သူ​တို့​ကို ကူညီ​ရ​မည်​။ ပြီးမှ သင်​တို့​ပြန်လာ​၍ သင်​တို့​အား​ထာဝရဘုရား​၏​အစေအပါး​မောရှေ ပေး​ခဲ့​သော ဂျော်ဒန်​မြစ်​တစ်ဖက်​၊ နေထွက်​ရာ​အရပ်​ကို သင်​တို့​ပိုင်ဆိုင်​ရ​မည်​”​ဟု ဆို​လေ​၏​။


“​ငါ​၏​အစေအပါး​မောရှေ​ကွယ်လွန်​ပြီ​။ ထို့ကြောင့် သင်​နှင့်​ဤ​လူ​အပေါင်း​တို့​သည် ဤ​ဂျော်ဒန်​မြစ်​ကို​ကူး​ပြီးလျှင် အစ္စရေး​အမျိုးသား​တို့​အား ငါ​ပေး​သော​ပြည်​ထဲသို့ ဝင်​ကြ​လော့​။


အားယူ​၍​ရဲရင့်​ခြင်း​ရှိ​လော့​။ သင်​ပြု​လေရာရာ​၌ အထမြောက်​မည့်​အကြောင်း သင့်​အား ငါ့​အစေအပါး​မောရှေ မှာထား​ခဲ့​သော​ပညတ်တရား​အလုံးစုံ​ကို လိုက်နာ​စောင့်ထိန်း​လော့​။ လက်ဝဲ​ဘက်​၊ လက်ယာ​ဘက်​သို့ လွှဲ​မ​သွား​နှင့်​။


“​ယဇ်ပလ္လင်​ကို သံ​လက်နက်ကိရိယာ မ​သုံး​ဘဲ သဘာဝ​ကျောက်တုံး​များ​ဖြင့်​သာ တည်​ရ​မည်​”​ဟု ထာဝရဘုရား​၏​အစေအပါး​မောရှေ​က အစ္စရေး​အမျိုးသား​တို့​အား မှာကြား​ခဲ့​သည်​နှင့်အညီ မောရှေ​၏​ပညတ်တရား​ကျမ်း​၌​ရေးသား​ထား​သည့်​အတိုင်း တည်​၏​။ ထို့နောက် ထို​ယဇ်ပလ္လင်​ပေါ်တွင် ထာဝရဘုရား​အား မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​ကြ​၏​။


အစ္စရေး​လူမျိုး​တို့​အား ကောင်းချီးပေး​မည့်​အကြောင်း ထာဝရဘုရား​၏​အစေအပါး​မောရှေ​က မိန့်မှာ​ထား​ခဲ့​သည့်​အတိုင်း အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် တိုင်းတစ်ပါးသား​များ​၊ အမျိုးသားချင်း​များ​ပါ​လျက် သက်ကြီးဝါကြီး​များ​၊ ကြီးကြပ်အုပ်ချုပ်သူ​များ​၊ တရားသူကြီး​များ​နှင့်အတူ သေတ္တာ​တော်​တစ်ဖက်တစ်ချက်​၊ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ထမ်း​ရ​သော​လေဝိ​အနွယ်ဝင်​ယဇ်ပုရောဟိတ်​တို့​ရှေ့​၌​ရပ်​ကြ​၏​။ ဂေရဇိမ်​တောင်​အရှေ့​တွင် တစ်ဝက်​၊ ဧဗလ​တောင်​အရှေ့​တွင် တစ်ဝက် ရပ်​နေ​ကြ​၏​။


သူ​တို့​သည် ဘုရားသခင်​၏​ကျွန် မောရှေ​၏​သီချင်း​နှင့် သိုးသငယ်​တော်​၏​သီချင်း​များ​ကို​သီဆို​ကာ “အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် ကြီးမြတ်​၍ အံ့သြဖွယ်​ကောင်း​လှ​ပါ​၏။ လူမျိုး​တကာ​တို့​၏​ဘုရင်၊ ကိုယ်တော်​၏​နည်းလမ်း​တော်​တို့​သည် ဖြောင့်မတ်​၍​မှန်ကန်​ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ