ဆာလံ 145:6 - မြန်မာ့စံမီသမ္မာကျမ်း6 သူတို့သည် ကိုယ်တော်၏အံ့ဩဖွယ်ကောင်းသော တန်ခိုးတော်အကြောင်းကို ပြောဆိုကြပါလိမ့်မည်။ အကျွန်ုပ်သည်လည်း ကိုယ်တော်၏ ကြီးမြတ်တော်မူခြင်းအကြောင်းကို ပြောကြားပါမည်။ အခန်းကိုကြည့်ပါ။Common Language Bible6 လူတို့သည်ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော မဟာအမှုတော်တို့ကိုကြားပြောကြပါလိမ့်မည်။ ကျွန်တော်မျိုးသည်လည်းကိုယ်တော်ရှင်၏ ကြီးမြတ်တော်မူပုံကိုထုတ်ဖော်ကြေညာပါမည်။ အခန်းကိုကြည့်ပါ။Garrad Bible6-7 ကြီး မြတ် တော် မူ ခြင်း အ ကြောင်း ငါ ကြား ပြော ရာ၊ ကြောက် မက် ဖွယ် တန် ခိုး တော် များ ကို ပြော ဆို ခြင်း၊ အ လွန် ကောင်း မြတ် တော် မူ ခြင်း အ ကြောင်း သ တိ ရ၍ မြွက် ဆို ခြင်း၊ ဖြောင့် မတ် တော် မူ ခြင်း အ ကြောင်း ကြွေး ကြော် ခြင်း၊ ပြု ကြ ပါ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible6 သူတို့သည် ကြောက်မက်ဖွယ်သော အမှုတော်တို့၌ပါသော တန်ခိုးကိုမြွက်ဆို၍၊ အကျွန်ုပ်သည်လည်း၊ ကြီးမြတ်တော်မူခြင်း အကြောင်းကို ကြားပြောပါမည်။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အစွမ်းတန်ခိုး၊ ဘုန်းတော်၊ ဂုဏ်တော်နှင့်ပြည့်စုံပါ၏။ ခန့်ညားထည်ဝါပါ၏။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိအရာအားလုံးကို ပိုင်သတော်မူပါ၏။ နိုင်ငံတော်သည် ထာဝရဘုရားပိုင်တော်မူရာဖြစ်ပါ၏။ ကိုယ်တော်သည် အရာခပ်သိမ်း၏ဦးခေါင်းထက်တွင် ချီးမြှောက်ခြင်းခံရသောအရှင် ဖြစ်တော်မူပါ၏။