Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 1:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 အကြောင်းမူကား ပညတ်​တရား​ကို မောရှေ​အားဖြင့်​ပေး​တော်မူ​၏။ ကျေးဇူး​တော်​နှင့်​သမ္မာတရား​မူကား ယေရှု​ခရစ်တော်​အားဖြင့်​ဖြစ်လာ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ဘု​ရား​သ​ခင်​သည်​ပ​ညတ်​တ​ရား​ကို​မော​ရှေ အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။ သို့​ရာ​တွင်​ကျေးဇူး တရား​နှင့် သစ္စာ​တရား​တို့​ကို​မူ​ကား​ယေ​ရှု​ခ​ရစ် အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​တော်​ကို မော​ရှေ​လက်​တွင် ပေး​တော်​မူ၏။ ကျေး​ဇူး​တ​ရား​နှင့် သ​စ္စာ​တ​ရား​မူ​ကား ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ပညတ်တရား​ကို မောရှေ​အားဖြင့် ပေးတော်မူ​သောကြောင့်​ဖြစ်၏။ သို့သော် ကျေးဇူးတရား​နှင့် သစ္စာတရား​ကို ယေရှု​ခရစ်တော်​အားဖြင့် ပေးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

17 အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​တော်​ကို မော​ရှေ​လက်​တွင် ပေး​တော်​မူ၏။ ကျေး​ဇူး​တ​ရား​နှင့် သ​စ္စာ​တ​ရား​မူ​ကား ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 1:17
37 ပူးပေါင်းရင်းမြစ်များ  

ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူမျိုး​အပေါင်း​တို့​သည် သင်​၏​အမျိုးအနွယ်​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။ အကြောင်းမူကား သင်​သည် ငါ့​စကား​ကို​နားထောင်​သောကြောင့်​ဖြစ်​၏​”​ဟု မြွက်ဆို​၏​။


ငါ​သည် သင်​နှင့်​မိန်းမ​ကို​လည်းကောင်း​၊ သင်​၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကို​လည်းကောင်း ရန်ငြိုး​ဖွဲ့​စေ​မည်​။ သူ​သည် သင်​၏​ခေါင်း​ကို​ကြိတ်​လိမ့်မည်​။ သင်​သည်​လည်း သူ​၏​ဖနောင့်​ကို​ကြိတ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


မေတ္တာကရုဏာ​နှင့် သမ္မာတရား​သည် တွေ့ဆုံ​ကြ​ပြီ​။ ဖြောင့်မတ်​ခြင်း​နှင့် ငြိမ်းချမ်း​ခြင်း​သည် အချင်းချင်း​နမ်း​ကြ​ပြီ​။


ကိုယ်တော်​သည် အစ္စရေး​အမျိုးအနွယ်​အပေါ် ထားရှိ​သည့် မိမိ​၏​မေတ္တာကရုဏာ​တော်​နှင့် သစ္စာ​တော်​တို့​ကို အောက်မေ့​တော်မူ​ပြီ​။ ကမ္ဘာမြေ​အစွန်း​ရှိသမျှ​တို့​သည် ငါ​တို့​ဘုရားသခင်​၏ ကယ်တင်​ခြင်း​ကို မြင်​ရ​ကြ​ပြီ​။


ကိုယ်တော်​သည် ရှေးယခင်​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​သည့်​အတိုင်း ယာကုပ်​အား သစ္စာ​တော်​ကို​လည်းကောင်း​၊ အာဗြဟံ​အား မေတ္တာကရုဏာ​တော်​ကို​လည်းကောင်း ပြ​တော်မူ​မည်​။


နှုတ်ကပတ်တော်​သည် လူသား​အဖြစ်​ကို​ခံယူ​၍ အကျွန်ုပ်​တို့​တွင်​စံမြန်း​တော်မူ​သဖြင့် အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို ဖူးမြင်​ရ​ကြ​၏။ ထို​ဘုန်း​တော်​ကား ခမည်းတော်​ထံပါး​၌ တစ်ပါးတည်း​သော​သား​တော်​အဖြစ်​ရှိ​သော​ဘုန်း​တော်​ဖြစ်​လျက် ကျေးဇူး​တော်​နှင့်​လည်းကောင်း၊ သမ္မာတရား​နှင့်​လည်းကောင်း ပြည့်စုံ​၏။


ယေရှု​က“ငါ​သည် လမ်း၊ သမ္မာတရား​နှင့် အသက်​ဖြစ်​၏။ ငါ့​ကို​အမှီ​မ​ပြု​လျှင် မည်သူမျှ ခမည်းတော်​ထံသို့​မ​ရောက်​နိုင်​ရာ။


ထို့ကြောင့် ပိလတ်​မင်း​က “သို့ဖြစ်လျှင် သင်​သည် ဘုရင်​ပေ​လော”​ဟု ဆို​လျှင် ယေရှု​က“သင်​ဆို​သည့်​အတိုင်း ငါ​သည်​ဘုရင်​ပေ​တည်း။ ငါ​သည် သမ္မာတရား​ဘက်​၌​သက်သေခံ​ရန် မွေးဖွား​ခြင်း​ကို​ခံ​၍ ထို​အတွက်​ပင် ဤ​လောက​သို့​ကြွလာ​၏။ သမ္မာတရား​နှင့်​စပ်ဆိုင်​သော​သူ​တိုင်း ငါ့​အသံ​ကို​နားထောင်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ငါ​သည် ခမည်းတော်​ရှေ့၌ သင်​တို့​ကို​စွပ်စွဲ​မည်​ဟု​မ​ထင်​ကြ​နှင့်။ သင်​တို့​ကို​စွပ်စွဲ​သူ​မှာ သင်​တို့​မျှော်လင့်​အားထား​သော​မောရှေ​ပင်​ဖြစ်​၏။


မောရှေ​သည် သင်​တို့​အား ပညတ်​တရား​ကို​ပေး​ခဲ့​သည်​မ​ဟုတ်​လော။ သို့သော် သင်​တို့​တွင် ထို​ပညတ်​တရား​ကို လိုက်နာ​ကျင့်သုံး​သော​သူ​တစ်စုံ​တစ်ယောက်​မျှ​မ​ရှိ။ သင်​တို့​သည် အဘယ်ကြောင့် ငါ့​ကို​သတ်​ရန် ရှာကြံ​နေ​ကြ​သနည်း”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


သမ္မာတရား​ကို​သိ​ကြ​သဖြင့် သမ္မာတရား​သည် သင်​တို့​ကို လွတ်မြောက်​စေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ဘုရားသခင်​သည် မောရှေ​အား အမိန့်​ရှိ​တော်မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ ထို​သူ​ကား မည်သည့်​အရပ်​မှ​လာ​သည်​ကို ငါ​တို့​မ​သိ”​ဟု သူ့​ကို​ပုတ်ခတ်​ပြောဆို​ကြ​၏။


ထို့နောက် သူ​တို့​သည် ပေါလု​နှင့် ရက်​ကို​ချိန်းချက်​ပြီးမှ ပို၍​များစွာ​သော​သူ​တို့​နှင့်တကွ သူ​တည်းခို​ရာ​အရပ်​သို့ ရောက်လာ​ကြ​၏။ ပေါလု​သည် နံနက်​စောစော​အချိန်​မှစ၍ ညနေ​အချိန်​တိုင်အောင် ထို​သူ​တို့​အား ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို​ရှင်းပြ​လျက် သက်သေခံ​ကာ မောရှေ​၏​ပညတ်​တရား​ကျမ်း​နှင့် ပရောဖက်​ကျမ်း​များ​ကို​ကိုးကား​၍ ယေရှု​အကြောင်း​ကို သူ​တို့​အား​ပြောပြ​စည်းရုံး​လေ​၏။


သူ​သည် သိနာ​တောင်​၌ သူ့​အား​စကား​ပြော​ခဲ့​သော​ကောင်းကင်တမန်​မှစ၍ ငါ​တို့​၏​ဘိုးဘေး​များ​နှင့်အတူ တော​ကန္တာရ​တွင်​ရှိ​သော​လူ​အစုအဝေး​ထဲ၌​ရှိ​လျက် ငါ​တို့​အား​ပေးအပ်​ရန် အသက်ရှင်​သော​နှုတ်ကပတ်​တရား​ကို လက်ခံ​ရရှိ​ခဲ့​၏။


အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ပညတ်​တရား​လက်အောက်​၌​မ​ရှိ​ဘဲ ကျေးဇူး​တော်​လက်အောက်​၌​ရှိ​ကြ​သည်​ဖြစ်၍ အပြစ်​တရား​သည် သင်​တို့​ကို အစိုးတရ​ပြု​လိမ့်မည်​မ​ဟုတ်။


အကြောင်းမူကား ဘုရားသခင်​၏​ကတိ​တော်​ရှိသမျှ​တို့​သည် ကိုယ်တော်​၌ “ဟုတ်​ပါ​၏”​ဟူ၍ ဖြစ်​ကြ​၏။ ထို့ကြောင့် ငါ​တို့​အားဖြင့် ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​ထင်ရှား​မည့်​အကြောင်း ငါ​တို့​သည် “အာမင်”​ဟု ကိုယ်တော်​အားဖြင့်​ဆို​ကြ​၏။


ငါ​ဆိုလို​သည်​မှာ ဤသို့​ဖြစ်​၏။ နှစ်​ပေါင်း​လေးရာ​သုံးဆယ်​လွန်​ပြီးမှ ပေါ်လာ​သည့်​ပညတ်​တရား​သည် ဘုရားသခင်​ကြိုတင်​ဖွဲ့​ထား​သော​ပဋိညာဉ်​ကို မ​ပယ်ဖျက်​သကဲ့သို့ ကတိ​တော်​ကို​လည်း မ​ပျက်ပြယ်​စေ​နိုင်​ရာ။


မောရှေ​သည် ယာကုပ်​အမျိုး​တို့​ပိုင်ဆိုင်​ရာ​ပညတ်တရား​ကို ငါ​တို့​အား ပေး​ထား​၏​။


ဤ​တရား​ကား အစ္စရေး​အမျိုးသား​တို့​ရှေ့မှောက်​၌ မောရှေ​ထားရှိ​သော​တရား​ဖြစ်​၏​။


မောရှေ​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို​ခေါ်​၍ သူ​တို့​အား “​အို အစ္စရေး​လူမျိုး​တို့​၊ ယနေ့ သင်​တို့​ကြားသိ​အောင် ငါ​ဆင့်ဆို​သော ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို နားထောင်​လော့​။ သင်ယူ​လော့​။ လိုက်နာ​စောင့်ထိန်း​လော့​။


ပညတ်​တရား​အရ အရာ​အားလုံး​နီးပါး​သည် သွေး​အားဖြင့်​စင်ကြယ်​စေ​ရ​၏။ သွေး​သွန်းလောင်း​ခြင်း​မ​ရှိ​လျှင် အပြစ်​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ဟူ၍​မ​ရှိ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ