တရားဟော 32:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထာဝရဘုရား၏နာမတော်ကို ငါကြေညာမည်ဖြစ်၍ ငါတို့၏ဘုရားသခင် ကြီးမြတ်တော်မူကြောင်းကို သိမှတ်ဝန်ခံကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible3 ငါသည်ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းမည်။ ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်၏ကြီးမြတ်တော်မူပုံကို ထုတ်ဖော်ပြောဆိုကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible3 ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို ငါ ကြော် ငြာ မည့် အ လျောက် ငါ တို့ ဘု ရား သ ခင် တန် ခိုး ကြီး တော် မူ ကြောင်း ဝန် ခံ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible3 ငါသည် ထာဝရဘုရား၏နာမတော်ကို ဖော်ပြသည်ဖြစ်၍၊ ငါတို့ဘုရားသခင်၏ ဘုန်းအာနုဘော်တော်ကို ချီးမွမ်းကြလော့။ အခန်းကိုကြည့်ပါ။ |
‘ကြည့်ပါလော့၊ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ဘုန်းအသရေတော်နှင့် မိမိ၏ကြီးမြတ်တော်မူခြင်းတို့ကို အကျွန်ုပ်တို့အား ပြသတော်မူပြီ။ မီးထဲမှအသံတော်ကိုလည်း အကျွန်ုပ်တို့ကြားရပါပြီ။ ဘုရားသခင်သည် လူနှင့်စကားပြောသော်လည်း လူသည် အသက်ချမ်းသာရာရကြောင်းကို ယနေ့ အကျွန်ုပ်တို့သိမြင်ရပါပြီ။
ဤလောကထဲမှ ကိုယ်တော်ရွေးကောက်၍ အကျွန်ုပ်ထံပေးအပ်တော်မူသောသူတို့အား ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်ထင်ရှားစေပါပြီ။ ထိုသူတို့သည် ကိုယ်တော်ပိုင်တော်မူသောသူများဖြစ်ကြ၍ ကိုယ်တော်သည် သူတို့ကို အကျွန်ုပ်ထံပေးအပ်တော်မူ၏။ သူတို့သည်လည်း ကိုယ်တော်၏နှုတ်ကပတ်တရားကို လိုက်နာစောင့်ထိန်းကြပါပြီ။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အစွမ်းတန်ခိုး၊ ဘုန်းတော်၊ ဂုဏ်တော်နှင့်ပြည့်စုံပါ၏။ ခန့်ညားထည်ဝါပါ၏။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိအရာအားလုံးကို ပိုင်သတော်မူပါ၏။ နိုင်ငံတော်သည် ထာဝရဘုရားပိုင်တော်မူရာဖြစ်ပါ၏။ ကိုယ်တော်သည် အရာခပ်သိမ်း၏ဦးခေါင်းထက်တွင် ချီးမြှောက်ခြင်းခံရသောအရှင် ဖြစ်တော်မူပါ၏။
သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကိုသီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။