Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ဆာ​လံ 111 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


ဘုရားသခင်၏အမှုတော်အတွက် ကိုယ်တော်ကိုချီးမွမ်း

1 ဟာလေလုယ​။ ငါ​သည် ဖြောင့်မှန်​သော​သူ​တို့​၏ အစည်းအဝေး​နှင့် လူထုပရိသတ်​အလယ်​တွင် ထာဝရဘုရား​၏​ကျေးဇူးတော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ချီးမွမ်း​မည်​။

2 ထာဝရဘုရား​ပြု​တော်မူ​သော​အမှု​တို့​သည် ကြီးမြတ်​လှ​ပေ​၏​။ ထို​အမှု​တို့​ကို နှစ်သက်​သော​သူ​အပေါင်း​တို့​သည် ၎င်း​တို့​ကို ရှာဖွေ​လေ့လာ​ကြ​၏​။

3 ကိုယ်တော်​၏​လုပ်ဆောင်​တော်မူ​ချက်​သည် ဘုန်းကျက်သရေ​နှင့်​ဘုန်းအာနုဘော်​ဖြင့် ပြည့်စုံ​တော်မူ​၏​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည်​လည်း ထာဝရ​တည်​၏​။

4 ကိုယ်တော်​သည် မိမိ​၏​အံ့ဖွယ်​သော​အမှု​တို့​ကို အောက်မေ့စရာ​ဖြစ်​စေရန် စီရင်​တော်မူ​၏​။ ထာဝရဘုရား​သည် ကျေးဇူးပြု​တတ်​သော​သဘော​၊ သနားစုံမက်​တတ်​သော​သဘော​ရှိ​တော်မူ​၏​။

5 ကိုယ်တော်​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​တို့​အား စားစရာ​ကို​ပေး​၍ မိမိ​၏​ပဋိညာဉ်​တော်​ကို အစဉ်အမြဲ​အောက်မေ့​တော်မူ​၏​။

6 ကိုယ်တော်​သည် လူမျိုးခြား​တို့​၏​အမွေ​ကို မိမိ​၏​လူမျိုး​တော်​အား ပေး​တော်မူ​ခြင်း​ဖြင့် မိမိ​ပြု​သော​အမှု​တို့​၏​တန်ခိုး​ကို သူ​တို့​အား​ဖော်ပြ​တော်မူ​၏​။

7 ကိုယ်တော်​၏​လက်​တော်​ဖြင့် ပြုလုပ်​သော​အရာ​တို့​သည် သစ္စာ​နှင့်​လည်းကောင်း​၊ တရားမျှတ​ခြင်း​နှင့်​လည်းကောင်း ညီညွတ်​ကြ​၏​။ ကိုယ်တော်​၏​ဥပဒေသ​အားလုံး​တို့​သည် ယုံကြည်​စိတ်ချ​ရ​၏​။

8 ထို​ဥပဒေသ​တို့​သည် ကာလ​အစဉ်အဆက်​တည်မြဲ​၍ ၎င်း​တို့​ကို သစ္စာ​နှင့်​ဖြောင့်မှန်​ခြင်း​ဖြင့် စီရင်​ထား​တော်မူ​၏​။

9 ကိုယ်တော်​သည် ရွေးနုတ်ကယ်တင်​ခြင်း​ကို မိမိ​၏​လူမျိုး​တော်​ထံ​စေလွှတ်​၍ မိမိ​၏​ပဋိညာဉ်​တော်​ကို ထာဝရ​အတွက် ချမှတ်​ထား​တော်မူ​၏​။ ကိုယ်တော်​၏​နာမ​တော်​သည် သန့်ရှင်း​၍ အံ့ဩ​ဖွယ်​ဖြစ်​တော်မူ​၏​။

10 ထာဝရဘုရား​ကို ကြောက်ရွံ့​ခြင်း​သည် ဉာဏ်ပညာ​၏​အရင်းအမြစ်​ဖြစ်​၏​။ ကိုယ်တော်​၏​ဥပဒေသ​တို့​ကို လိုက်နာ​သော​သူ အပေါင်း​တို့​သည် ကောင်း​သော​ဉာဏ်စွမ်း​ကို​ရရှိ​ကြ​၏​။ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​သည် ထာဝရ​တည်​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ