သို့သော် ယေဟုသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ပညတ်တရားတို့ကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ထိန်းလိုစိတ်မရှိ။ အစ္စရေးလူမျိုးကို လမ်းမှားစေသော ယေရောဗောင်၏အပြစ်များကို မစွန့်ဘဲနေ၏။
နေဟမိ 10:29 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏ဆွေမျိုးသားချင်းခေါင်းဆောင်များနှင့်အတူ ဘုရားသခင်၏အစေအပါးမောရှေအားဖြင့်ပေးအပ်တော်မူသော ဘုရားသခင်၏ပညတ်တရားကို လိုက်နာပါမည်။ ဘုရားရှင်ထာဝရဘုရား၏ပညတ်တော်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ပြဋ္ဌာန်းချက်အားလုံးတို့ကို လိုက်နာစောင့်ထိန်းပါမည်။ Garrad Bible ဆွေ မျိုး သား ချင်း အ ကြီး အ ကဲ တို့ ထံ ဆည်း ကပ် လျက်၊ ကျွန် တော် ရင်း မော ရှေ အား ဖြင့်၊ ဘု ရား သ ခင် ထား တော် မူ ခဲ့ သော တရား တော် အ တိုင်း လိုက် နာ ခြင်း၊ ငါ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် မှာ ဆုံး ဖြတ် ထုံး ဖွဲ့ တော် မူ သော အ ချက် ချက် ကို စောင့် ရှောက် လိုက် နာ ခြင်း၊ Judson Bible ညီအစ်ကိုမှူးမတ်တို့၌ မှီဝဲလျက်၊ ဘုရားသခင်၏ ကျွန်မောရှေအားဖြင့် ထားတော်မူသော ဘုရားသခင်၏ တရားတော်အတိုင်း ကျင့်ပါမည်ဟူ၍လည်းကောင်း၊ ငါတို့အရှင် ထာဝရဘုရား၏ ပညတ်တော်များ၊ စီရင်ထုံးဖွဲ့တော် မူချက်ရှိသမျှတို့ကို စောင့်ရှောက်ပါမည်ဟူ၍လည်းကောင်း၊ |
သို့သော် ယေဟုသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ပညတ်တရားတို့ကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ထိန်းလိုစိတ်မရှိ။ အစ္စရေးလူမျိုးကို လမ်းမှားစေသော ယေရောဗောင်၏အပြစ်များကို မစွန့်ဘဲနေ၏။
ရှင်ဘုရင်သည် တိုင်နားတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြုလျှင် လူအပေါင်းတို့ကလည်း ကတိသစ္စာပြုကြ၏။
ကိုယ့်မြို့ကိုယ့်မြေများသို့ ဦးစွာပြန်နေထိုင်ရသူတို့မှာ အစ္စရေးအမျိုးသား ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ ဗိမာန်တော်အစေအပါးများ ဖြစ်ကြ၏။
ရှင်ဘုရင်သည် မိမိနေရာတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြု၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘ငါ့ရှေ့မှောက်၌ သင်အသက်ရှင်လျှောက်လှမ်းခဲ့သည့်နည်းတူ သင့်သားမြေးတို့သည်လည်း ငါ့ပညတ်တရားအတိုင်း တည်ကြည်စွာအသက်ရှင်လျှောက်လှမ်းလျှင် သင့်မျိုးရိုးသည် ငါ့ရှေ့မှောက် အစ္စရေးရာဇပလ္လင်တွင် မပြတ်စံမြန်းရလိမ့်မည်’ဟု မိန့်ဆိုခဲ့သည့်စကားကို တည်စေတော်မူပါ။
သို့ဖြစ်၍ ငါသည် သူတို့ကို ဆူပူကြိမ်းမောင်းပြီး ကျိန်ဆဲ၏။ အချို့ကိုရိုက်နှက်ဆုံးမ၏။ ဆံပင်ကိုဆွဲနုတ်၏။ ဘုရားသခင်ရှေ့၌ကျိန်ဆိုစေပြီးလျှင် သူတို့အား “သင်တို့၏သမီးများကို သူတို့၏သားများနှင့်မပေးစားရ၊ သင်တို့နှင့် သင်တို့၏သားများသည်လည်း သူတို့၏သမီးများကို မယူရ။
ခုနစ်လပိုင်း ပထမနေ့တွင် ယဇ်ပုရောဟိတ်ဧဇရသည် နားထောင်၍နားလည်သဘောပေါက်နိုင်သော ယောက်ျားမိန်းမအပါအဝင် လူအပေါင်းတို့ရှိရာသို့ ပညတ်တရားကျမ်းကိုယူလာ၍
ရေတံခါးရှေ့ရှိကွင်းပြင်တွင် မိုးလင်းချိန်မှစ၍ မွန်းတည့်ချိန်တိုင်အောင် နားလည်သဘောပေါက်နိုင်သော ယောက်ျားမိန်းမတို့ရှေ့၌ ဖတ်ပြ၏။ လူအပေါင်းတို့ကလည်း ထိုပညတ်တရားကျမ်းကို စိတ်ဝင်တစားနားထောင်ကြ၏။
အစ္စရေးအမျိုးအနွယ်တို့သည် တိုင်းတစ်ပါးသားတို့နှင့် ခပ်ခွာခွာနေ၍ ရပ်လျက် မိမိတို့အပြစ်၊ ဘိုးဘေးတို့၏အပြစ်များကို ဝန်ချတောင်းပန်ကြ၏။
ဤအကြောင်းအရာအလုံးစုံတို့ကြောင့် ငါတို့သည် ပဋိညာဉ်ကိုရေးဆွဲ၍ ဝန်ခံကတိပြုကြ၏။ ငါတို့၏အကြီးအကဲများ၊ လေဝိသားများ၊ ယဇ်ပုရောဟိတ်များသည်လည်း တံဆိပ်ခတ်ကြ၏။
ဤသည်ကား သူတို့သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်း၍ တရားတော်တို့ကို လိုက်နာကျင့်သုံးကြမည့်အကြောင်းတည်း။ ဟာလေလုယ။
ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ထိန်းပါမည်ဟု အကျွန်ုပ်ကျိန်ဆို၍ အတည်ပြုပါ၏။
အကျွန်ုပ်တို့၏အရှင် ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်သည် ကမ္ဘာမြေတစ်ခွင်လုံး၌ ကြီးမြတ်လှပါ၏။ ကိုယ်တော်သည် မိမိ၏ဘုန်းကျက်သရေကို ကောင်းကင်ပေါ်မှာ တည်စေတော်မူ၏။
အကျွန်ုပ်တို့၏အရှင် ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်သည် ကမ္ဘာမြေတစ်ခွင်လုံး၌ ကြီးမြတ်လှပါ၏။
အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကိုသနားတော်မူမည်။ အစ္စရေးလူမျိုးကို နောက်တစ်ဖန်ရွေးချယ်တော်မူမည်။ သူတို့ပြည်၌ သူတို့ကိုနေရာချတော်မူမည်။ တိုင်းတစ်ပါးသားတို့သည် သူတို့နှင့်ပူးပေါင်းမည်။ ယာကုပ်အမျိုးနှင့် ပေါင်းဖော်ကြမည်။
တစ်ဖန် သူတို့အား “ထာဝရဘုရားက ‘ငါ့စကားကို သင်တို့နားမထောင်၊ သင်တို့ကို ငါချပေးထားသောပညတ်တရားအတိုင်း မလိုက်လျှောက်၊
ယခုတွင် သင်တို့သည် နောင်တရ၍ ငါ့မျက်မှောက်၌ မှန်သောအရာကို ပြုကြ၏။ အိမ်းနီးချင်းအချင်းချင်းအား လွတ်မြောက်ခွင့်ရပြီဟု ကြေညာကြ၏။ ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော ငါ့အိမ်တော်၊ ငါ့မျက်မှောက်တွင် ငါနှင့်ပဋိညာဉ်ဖွဲ့ကြ၏။
ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး၍ ငါ၏တရားလမ်းများသို့ လိုက်လျှောက်စေမည်။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းစေမည်။
ငါထာဝရဘုရားသည် သန့်ရှင်းသောအရှင်ဖြစ်သောကြောင့် သင်တို့သည် ငါ့အဖို့ သန့်ရှင်းသောသူများဖြစ်ရမည်။ သင်တို့ကို ငါပိုင်ဆိုင်ရန် အခြားလူမျိုးများနှင့် သင်တို့ကို ငါခွဲခြားထားပြီ။
အစ္စရေးလူမျိုးအပေါင်းတို့အဖို့ ဟောရပ်အရပ်၌ မောရှေအား ငါမိန့်မှာခဲ့သည့် ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များပါသော ငါ့အစေအပါးမောရှေ၏ပညတ်တရားကို အောက်မေ့ကြလော့။
ထာဝရဘုရားသည် သင်၏ပေါင်ကိုချည့်နဲ့စေ၍ ဝမ်းကိုဖောရောင်စေခြင်းဖြင့် သင့်ကို သင့်လူမျိုးအလယ်၌ ကျိန်ခြင်းခံရသောသူ၊ ကျိန်စာမိသောသူအဖြစ် ထာဝရဘုရားစီရင်တော်မူပါစေ။
အကြောင်းမူကား ပညတ်တရားကို မောရှေအားဖြင့်ပေးတော်မူ၏။ ကျေးဇူးတော်နှင့်သမ္မာတရားမူကား ယေရှုခရစ်တော်အားဖြင့်ဖြစ်လာ၏။
သင်တို့အား ငါပညတ်သည့်အရာတို့ကို သင်တို့ကျင့်သုံးလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏။
မောရှေသည် သင်တို့အား ပညတ်တရားကိုပေးခဲ့သည်မဟုတ်လော။ သို့သော် သင်တို့တွင် ထိုပညတ်တရားကို လိုက်နာကျင့်သုံးသောသူတစ်စုံတစ်ယောက်မျှမရှိ။ သင်တို့သည် အဘယ်ကြောင့် ငါ့ကိုသတ်ရန် ရှာကြံနေကြသနည်း”ဟု ပြန်၍မိန့်တော်မူ၏။
ဗာနဗသည် ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုမြင်သောအခါ ဝမ်းမြောက်လျက် ထိုသူအပေါင်းတို့အား စိတ်နှလုံးခိုင်မြဲစွာဖြင့် သခင်ဘုရား၌ ဆက်လက်တည်နေကြရန် တိုက်တွန်းနှိုးဆော်လေ၏။
သို့သော် လူအချို့တို့သည် ပေါလုနှင့်ပေါင်းဖော်၍ ယုံကြည်ကြ၏။ သူတို့ထဲတွင် အာရေပါဂုရုံးတော်အဖွဲ့ဝင်တစ်ဦးဖြစ်သော ဒယောနုသိနှင့် ဒမာရိအမည်ရှိအမျိုးသမီးတို့အပြင် သူတို့နှင့်အတူရှိသော အခြားသူများပါကြ၏။
သို့ရာတွင် သူတို့ကို မလိုက်လျောပါနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ လူလေးဆယ်ကျော်တို့သည် သူ့ကိုချောင်းမြောင်းနေကြပါသည်။ သူတို့သည် ပေါလုကိုမသတ်ရမချင်း မစားမသောက်ရန် ကျိန်ဆိုထားကြပါသည်။ ယခုပင် သူတို့သည် အသင့်ရှိလျက် အရှင်၏သဘောတူချက်ကို စောင့်နေကြပါသည်”ဟု လျှောက်လေ၏။
ချစ်ခြင်းမေတ္တာသည် ဟန်ဆောင်မှုနှင့်ကင်းရမည်။ မကောင်းသောအရာကိုရွံမုန်း၍ ကောင်းသောအရာကိုတွယ်တာကြလော့။
မောရှေသည် အစ္စရေးလူမျိုးအပေါင်းတို့ကိုခေါ်၍ သူတို့အား “အို အစ္စရေးလူမျိုးတို့၊ ယနေ့ သင်တို့ကြားသိအောင် ငါဆင့်ဆိုသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို နားထောင်လော့။ သင်ယူလော့။ လိုက်နာစောင့်ထိန်းလော့။
သို့ဖြစ်၍ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း လိုက်နာစောင့်ထိန်းရမည်။ လက်ယာဘက်၊ လက်ဝဲဘက်သို့ လွှဲမသွားရ။