၂ ရာချုပ် 34:31 - မြန်မာ့စံမီသမ္မာကျမ်း31 ရှင်ဘုရင်သည် မိမိနေရာတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြု၏။ အခန်းကိုကြည့်ပါ။Common Language Bible31 သူသည်ဘုရင့်ကျောက်တိုင် အနီးတွင်ရပ်လျက်``အကျွန်ုပ်သည်ကိုယ်တော် ၏စကားတော်ကိုနားထောင်ပါမည်။ ကိုယ် တော်၏တရားတော်နှင့်ပညတ်တော်တို့ကို စိတ်ရောကိုယ်ပါစောင့်ထိန်းပါမည်။ ကျမ်း စောင်တော်တွင်ရေးထားသည့်အတိုင်းပဋိ ညာဉ်တော်ဆိုင်ရာပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးပါမည်'' ဟုထာဝရ ဘုရားနှင့်ပဋိညာဉ်ပြုတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible31 နေ ရာ တော် ထက် ရပ် နေ လျက်၊ ထို ကျမ်း တွင် ပါ ရှိ သော ပ ဋိ ညာဉ် ချက် များ ကို ဆောင် ရွက် အံ့ သော ငှာ၊ စိတ် နှ လုံး၊ အ သက် ဝိ ညာဉ် အ ကြွင်း မဲ့၊ ထာ ဝ ရ ဘုရား နောက် တော် သို့ လိုက်၍၊ မိန့် မှာ ထုံး ဖွဲ့ သက် သေ ခံ တော် မူ ချက် များ ကို စောင့် ထိန်း မည့် အ ကြောင်း၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ပ ဋိ ညာဉ် ပြု ရာ၊ ယု ဒ၊ ဗင်္ယာ မိန့် အ နွယ် သား အ ပေါင်း တို့ ကို ဝန် ခံ စေ ၏။ အခန်းကိုကြည့်ပါ။Judson Bible31 ရှင်ဘုရင်ကလည်း၊ ထာဝရဘုရားကို ဆည်းကပ်ပါမည်။ စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု မိမိနေရာ၌ရပ်၍ အဓိဋ္ဌာန်ပြု၏။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်သည် တိုင်နားတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြုလျှင် လူအပေါင်းတို့ကလည်း ကတိသစ္စာပြုကြ၏။
ရှင်ဘုရင်သည် အစဉ်အလာအတိုင်း တိုင်နားတွင် ရပ်နေပြီး မှူးမတ်များ၊ တံပိုးခရာမှုတ်သူများက ရှင်ဘုရင်အား ခြံရံလျက် ရှိနေသည်ကိုလည်းကောင်း၊ ပြည်သူပြည်သားအပေါင်းတို့က ဝမ်းမြောက်ပျော်ရွှင်စွာတံပိုးခရာမှုတ်နေကြသည်ကိုလည်းကောင်း အာသလိဘုရင်မ မြင်ရလျှင် သူ့အဝတ်ကိုဆုတ်ဖြဲလျက် “လျှို့ဝှက်ကြံစည်မှုပါတကား၊ လျှို့ဝှက်ကြံစည်မှုပါတကား”ဟု အော်ဟစ်လေ၏။
ယခု အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်နှင့် ပဋိညာဉ်ပြုကြကုန်စို့။ အကျွန်ုပ်၏အရှင်သခင်နှင့် အကျွန်ုပ်တို့ဘုရားသခင်၏ပညတ်တော်ကို ရိုသေခန့်ညားသောသူတို့၏အကြံပေးချက်အတိုင်း အကျွန်ုပ်တို့သည် ထိုမိန်းမများနှင့်တကွ သူတို့နှင့်ရသောကလေးများကို စွန့်၍ ပညတ်တရားတော်နှင့်အညီ ပြုကျင့်ကြပါမည်။
ထိုပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖတ်တတ်သူဖြစ်စေ အီဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင်တော်မူသော၊ ကျွန်ခံရာအိမ်မှသင်တို့ကိုရွေးနုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဆန့်ကျင်ပုန်ကန်ပြောဆို၍ သင်တို့လိုက်လျှောက်ရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်လမ်းမှ သင်တို့ကိုလွဲသွားစေသောကြောင့် သူသည် အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင်တို့ထဲမှဖယ်ရှားပစ်ရမည်။