Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၄ ရာ 23:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ရှင်ဘုရင်​သည် တိုင်​နားတွင်​ရပ်​၍ ထာဝရဘုရား​နောက်​တော်​သို့ လိုက်​ပါ​မည်​၊ ပညတ်ချက်​များ​၊ သက်သေခံ​တော်မူ​ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ စောင့်ထိန်း​ပါ​မည်​၊ ဤ​ကျမ်းစာ​တွင်​ရေးထား​သော​ပဋိညာဉ်​စကား​များ​ကို လိုက်နာ​ပါ​မည်​ဟု ထာဝရဘုရား​ရှေ့​တော်​၌ ကတိသစ္စာ​ပြု​လျှင် လူ​အပေါင်း​တို့​က​လည်း ကတိသစ္စာ​ပြု​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 သူ​သည်​ဘု​ရင့်​ကျောက်​တိုင်​အ​နီး​တွင်​ရပ် လျက်``အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​စ​ကား​တော် ကို​နား​ထောင်​ပါ​မည်။ ကိုယ်​တော်​၏​တ​ရား​တော် နှင့်​ပ​ညတ်​တော်​တို့​ကို ကိုယ်​စွမ်း​စိတ်​စွမ်း​ရှိ သ​မျှ​နှင့်​စောင့်​ထိန်း​ပါ​မည်'' ဟု​ထာ​ဝ​ရ ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ထို ကျမ်း တွင် ပါ ရှိ သော ပ ဋိ ညာဉ် ချက် များ ကို အ တည် ပြု အံ့ သော ငှါ၊ စိတ် နှ လုံး၊ အ သက် ဝိ ညာဉ် အ ကြွင်း မဲ့၊ ထာ ဝ ရ ဘု ရား နောက် တော် သို့ လိုက် လျှောက်၍၊ မိန့် မှာ ထုံး ဖွဲ့ သက် သေ ခံ တော် မူ ချက် များ ကို စောင့် ထိန်း မည့် အ ကြောင်း ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ပ ဋိ ညာဉ် ပြု ရာ ပ ရိ သတ် လုံး နှစ် သက် တူ ညီ ကြ ကုန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ရှင်​ဘု​ရင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ဆည်း​ကပ်​ပါ​မည်။ စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ စောင့်​ရှောက်​ပါ​မည်။ ဤ​ကျမ်း​စာ၌​ပါ​သော ပ​ဋိ​ညာဉ်​စ​ကား​အ​တိုင်း ကျင့်​ပါ​မည်​ဟု တိုင်​နား​မှာ​ရပ်၍ အ​ဓိ​ဋ္ဌာန်​ပြု၏။ လူ​အ​ပေါင်း​တို့​သည်​လည်း ထို​အ​ဓိ​ဋ္ဌာန်​ကို ဝန်​ခံ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၄ ရာ 23:3
36 ပူးပေါင်းရင်းမြစ်များ  

ရှင်ဘုရင်​သည် အစဉ်အလာ​အတိုင်း တိုင်​နား​တွင် ရပ်​နေ​ပြီး မှူးမတ်​များ​၊ တံပိုးခရာမှုတ်သူ​များ​က ရှင်ဘုရင်​အား ခြံရံ​လျက် ရှိ​နေ​သည်​ကို​လည်းကောင်း​၊ ပြည်သူပြည်သား​အပေါင်း​တို့​က ဝမ်းမြောက်ပျော်ရွှင်​စွာ​တံပိုးခရာ​မှုတ်​နေ​ကြ​သည်​ကို​လည်းကောင်း အာသလိ​ဘုရင်မ မြင်​ရ​လျှင် သူ့​အဝတ်​ကို​ဆုတ်ဖြဲ​လျက် “​လျှို့ဝှက်ကြံစည်မှု​ပါ​တကား​၊ လျှို့ဝှက်ကြံစည်မှု​ပါ​တကား​”​ဟု အော်ဟစ်​လေ​၏​။


ထို့နောက် ယောယဒ​သည် ရှင်ဘုရင်​နှင့် ပြည်သူပြည်သား​တို့​ကို ထာဝရဘုရား​၏​လူမျိုး​တော်​အဖြစ် တည်​နေ​စေရန် သူ​တို့​ကို ထာဝရဘုရား​နှင့် ပဋိညာဉ်​ဖွဲ့​စေ​၏​။ ထို့အတူ ရှင်ဘုရင်​နှင့်​ပြည်သူပြည်သား​တို့​ကို​လည်း အချင်းချင်း​ကတိသစ္စာ​ပြု​စေ​၏​။


ထိုသို့ ကျိန်ဆို​ရ​ခြင်း​အတွက် ယုဒ​လူမျိုး​အပေါင်း​တို့​သည် ဝမ်းမြောက်ဝမ်းသာ​ဖြစ်​ကြ​၏​။ အကြောင်းမူကား သူ​တို့​သည် စိတ်နှလုံး​အကြွင်းမဲ့​ကျိန်ဆို​ပြီး ထာဝရဘုရား​ကို စိတ်လိုလက်ရ​ရှာ​သောကြောင့် သူ​တို့​ကို အတွေ့ခံ​တော်မူ​၏​။ ထာဝရဘုရား​သည်​လည်း အရပ်ရပ်​၌ ငြိမ်းချမ်း​ခြင်း ရှိ​စေ​တော်မူ​၏​။


ရှင်ဘုရင်​သည် အဝင်ဝ​တိုင်​နား​တွင် ရပ်​နေ​ပြီး မှူးမတ်​များ​၊ တံပိုးခရာမှုတ်သူ​များ​လည်း ရှင်ဘုရင်​အား ခြံရံ​လျက် ရှိ​နေ​သည်​ကို​လည်းကောင်း​၊ ပြည်သူပြည်သား​အပေါင်း​တို့​က ဝမ်းမြောက်​ပျော်ရွှင်​စွာ​တံပိုးခရာ​တူရိယာ​မှုတ်​လျက် သီချင်း​များ​ချီးမွမ်း​သီဆို​နေ​ကြ​သည်​ကို​လည်းကောင်း အာသလိ​ဘုရင်မ မြင်​ရ​လျှင် သူ့​အဝတ်​ကို​ဆုတ်ဖြဲ​လျက် “​လျှို့ဝှက်ကြံစည်မှု​ပါ​တကား​၊ လျှို့ဝှက်ကြံစည်မှု​ပါ​တကား​”​ဟု အော်ဟစ်​လေ​၏​။


ထို့နောက် ယောယဒ​သည် မိမိ​အပါအဝင် ရှင်ဘုရင်​နှင့်​ပြည်သူပြည်သား​အားလုံး ထာဝရဘုရား​၏​လူမျိုး​တော်​များ​အဖြစ်​တည်​နေ​စေရန် ကတိသစ္စာ​ပြု​ကြ​၏​။


ယခုမှာ ပြင်းထန်​သော​အမျက်​တော်​ကို ငါ​တို့​ထံမှ လွှဲသွား​စေရန် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​နှင့် ပဋိညာဉ်​ဖွဲ့​မည်​ဟု ငါ​စိတ်​ဆုံးဖြတ်​ပြီ​။


ယခု အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​နှင့် ပဋိညာဉ်​ပြု​ကြ​ကုန်​စို့​။ အကျွန်ုပ်​၏​အရှင်သခင်​နှင့် အကျွန်ုပ်​တို့​ဘုရားသခင်​၏​ပညတ်တော်​ကို ရိုသေခန့်ညား​သော​သူ​တို့​၏​အကြံပေးချက်​အတိုင်း အကျွန်ုပ်​တို့​သည် ထို​မိန်းမ​များ​နှင့်တကွ သူ​တို့​နှင့်​ရ​သော​ကလေး​များ​ကို စွန့်​၍ ပညတ်တရားတော်​နှင့်အညီ ပြုကျင့်​ကြ​ပါ​မည်​။


တံဆိပ်ခတ်​ရာ​တွင် ပါဝင်​သော​သူ​များ​မှာ ဟာခလိ​၏​သား ဘုရင်ခံ​နေဟမိ​နှင့် ဇေဒကိ​၊


ထို့နောက် ငါ​သည် ခါးပိုက်​ကို​ခါပြ​ပြီး “​ဘုရားသခင်​သည် ဤ​ကတိ​ကို ဖောက်ဖျက်​သော​သူ​အား သူ့​အိမ်​၊ သူ​ပိုင်ဆိုင်​သမျှ​တို့​မှ ဤသို့​ခါထုတ်​တော်မူ​ပါစေသော​။ ထို​သူ​သည် ဘာမျှ​မ​ကျန် ခါထုတ်​ခြင်း​ခံရ​ပါစေသော​”​ဟု ဆို​လျှင် လူစုလူဝေး​အပေါင်း​တို့​က “​အာမင်​”​ဟု ဆို​လျက် ထာဝရဘုရား​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​၏​။ ကတိ​အတိုင်း​လည်း သူ​တို့​ပြု​ကြ​၏​။


ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကြောင့် ငါ​တို့​သည် ပဋိညာဉ်​ကို​ရေးဆွဲ​၍ ဝန်ခံ​ကတိပြု​ကြ​၏​။ ငါ​တို့​၏​အကြီးအကဲ​များ​၊ လေဝိ​သား​များ​၊ ယဇ်ပုရောဟိတ်​များ​သည်​လည်း တံဆိပ်ခတ်​ကြ​၏​။


ထို့နောက် မောရှေ​သည် ထာဝရဘုရား​၏​စကား​တော်​အလုံးစုံ​တို့​ကို​လည်းကောင်း​၊ ပညတ်​တော်မူ​ချက်​အလုံးစုံ​တို့​ကို​လည်းကောင်း လူ​တို့​အား လာ​၍​ပြောကြား​၏​။ လူ​အပေါင်း​တို့​က​လည်း “​ထာဝရဘုရား​မိန့်​တော်မူ​သမျှ​စကား​အတိုင်း အကျွန်ုပ်​တို့​ပြု​ပါ​မည်​”​ဟု တစ်သံတည်း​ပြန်ပြော​ကြ​၏​။


ငါ​ဆို​သည်​ကား “​ဘုရားသခင်​၏​ရှေ့​တော်​၌​ကျိန်ဆို​ထား​သည်​ဖြစ်၍ ရှင်ဘုရင်​၏​အမိန့်​ကို​နာခံ​လော့​။


ယခုတွင် သင်​တို့​သည် နောင်တရ​၍ ငါ့​မျက်မှောက်​၌ မှန်​သော​အရာ​ကို ပြု​ကြ​၏​။ အိမ်းနီးချင်း​အချင်းချင်း​အား လွတ်မြောက်​ခွင့်​ရ​ပြီ​ဟု ကြေညာ​ကြ​၏​။ ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော ငါ့​အိမ်​တော်​၊ ငါ့​မျက်မှောက်​တွင် ငါ​နှင့်​ပဋိညာဉ်​ဖွဲ့​ကြ​၏​။


ဇေဒကိ​မင်းကြီး​က ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​နှင့်​ပဋိညာဉ်​ဖွဲ့​ပြီး ကျွန်ဘဝ​မှ​လွတ်မြောက်​ပြီ​ဟု ကြေညာ​ပြီးနောက်မှ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံ ရောက်လာ​ပြန်​၏​။


‘ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်’​ဟု သစ္စာရှိ​စွာ​၊ တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ သင်​ကျိန်ဆို​လျှင် လူမျိုးတကာ​တို့​သည် ထာဝရဘုရား​ထံ​တော်​မှ ကောင်းချီးမင်္ဂလာ​ခံစား​ရ​မည်​။ ကိုယ်တော်​ကို ချီးမွမ်း​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


‘​လာ​ကြ​။ မ​ပျက်ပြယ်​နိုင်​သော​ထာဝရ​ပဋိညာဉ်​ဖြင့် ထာဝရဘုရား​နှင့်​မိတ်သဟာယဖွဲ့​ကြ​စို့​’​ဟု ဆို​လျက် ဇိအုန်​မြို့​ဘက်​သို့​လှည့်​၍ ဇိအုန်​မြို့​သို့​သွား​သော​လမ်း​ကို မေးမြန်း​ကြ​လိမ့်မည်​။


အို အစ္စရေး​လူမျိုး​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​ထံမှ မည်သည့်​အရာ​ကို​တောင်း​သနည်း​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကြောက်ရွံ့​ရ​မည်​၊ လမ်း​တော်​ရှိသမျှ​ကို လိုက်လျှောက်​ရ​မည်​၊ ကိုယ်တော်​ကို​ချစ်​ရ​မည်​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​ဖြင့် ဝတ်ပြု​ရ​မည်​၊


သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ကိုယ်တော်​ကို​ဝတ်ပြု​လော့​။ ယနေ့ သင်​တို့​အား ငါ​ဆင့်ဆို​သည့် ပညတ်တော်​တို့​ကို သေချာ​စွာ​နားထောင်​လော့​။


သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နောက်​တော်​သို့​လိုက်​ရ​မည်​။ ကိုယ်တော်​ကို​ကြောက်ရွံ့​၍ ပညတ်တော်​ကို​စောင့်ထိန်း​ရ​မည်​။ စကား​တော်​ကို​နားထောင်​ရ​မည်​။ ကိုယ်တော်​ကို​ဝတ်ပြု​၍ ကိုယ်တော်​၌​ဆည်းကပ်​ရ​မည်​။


ဟောရပ်​တောင်​၌ အစ္စရေး​အမျိုးသား​တို့​နှင့် ထာဝရဘုရား​ဖွဲ့​တော်မူ​ခဲ့​သော​ပဋိညာဉ်​အပြင် မောဘ​ပြည်​၌ အစ္စရေး​အမျိုးသား​တို့​နှင့်​ပဋိညာဉ်​ဖွဲ့​ရန် မောရှေ​အား မိန့်မှာ​တော်မူ​ခဲ့​သည့် ပဋိညာဉ်​ပါ​အချက်​များ​ကား ဤသို့​ဖြစ်​၏​။


ဤသည်ကား အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီးနောက် သူ​တို့​အား မောရှေ​ဆင့်ဆို​သော သက်သေခံချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ဖြစ်​၏​။


သင်​တို့​ကူးသွား​၍​သိမ်းပိုက်​နေထိုင်​မည့်​ပြည်​၌ လိုက်နာ​ရ​မည့် ပညတ်တော်​၊ ပြဋ္ဌာန်းချက်​များ​နှင့် စီရင်ထုံးဖွဲ့ချက်​များ​ကို သင်​တို့​အား​သင်ကြား​ပေး​ရန် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​၏​။


သင်​၏​ဘုရားသခင် ထာဝရဘုရား​ကို သင်​၏​စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​၊ အစွမ်းသတ္တိ​ရှိသမျှ​ဖြင့် ချစ်​ရ​မည်​။


သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို အမှန်ပင်​မေ့လျော့​၍ အခြား​ဘုရား​များ​ကို​ဆည်းကပ်​ကာ ထို​ဘုရား​တို့​ကို ပျပ်ဝပ်​ကိုးကွယ်​လျှင် သင်​တို့​သည် လုံးလုံး​ပျက်စီး​လိမ့်မည်​ဟု သင်​တို့​ကို ယနေ့ ငါ​သတိပေး​၏​။


ပဋိညာဉ်​သစ်​၏​ကြားဝင်​စေ့စပ်​သူ ယေရှု​ထံသို့​လည်းကောင်း၊ အာဗေလ​၏​သွေး​ထက် သာ၍​မြတ်​သော​အရာ​ကို​မြွက်ဆို​သည့် ပက်ဖျန်း​သော​သွေး​တော်​ထံသို့​လည်းကောင်း ချဉ်းကပ်​ကြ​၏။


ထာဝရ​ပဋိညာဉ်​နှင့်ဆိုင်သော​သွေး​တော်​အားဖြင့် သိုး​တို့​၏​သိုးထိန်း​ကြီး​ဖြစ်​တော်မူ​သော ငါ​တို့​သခင်​ယေရှု​ကို သေ​သော​သူ​တို့​ထဲမှ ခေါ်ထုတ်​တော်မူ​သည့် ငြိမ်သက်​ခြင်း​အရှင်​ဘုရားသခင်​သည်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ