Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 5:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ထာဝရဘုရား​သည် သင်​၏​ပေါင်​ကို​ချည့်နဲ့​စေ​၍ ဝမ်း​ကို​ဖောရောင်​စေ​ခြင်း​ဖြင့် သင့်​ကို သင့်​လူမျိုး​အလယ်​၌ ကျိန်​ခြင်း​ခံရ​သော​သူ​၊ ကျိန်စာ​မိ​သော​သူ​အဖြစ် ထာဝရဘုရား​စီရင်​တော်မူ​ပါစေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 သင်​သည်​သင်​၏​လူ​မျိုး​အ​တွက်​အ​မင်္ဂ​လာ ဖြစ်​ပါ​စေ​သား။ သင်​၏​မိန်း​မ​အင်္ဂါ​တို့​သည် ခြောက်​ကပ်​လာ​၍ သင်​၏​ဝမ်း​ဗိုက်​သည်​ဖောင်း ပွ​လာ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21-22 ထာ ဝ ရ ဘု ရား သည် သင်၌ ပေါင် သိမ် ခြင်း၊ ဝမ်း ဖော ခြင်း ဖြစ် စေ သ ဖြင့် ဆွေ မျိုး သား ချင်း တို့ ဘောင် တွင် ကျိန် ဆို ရာ၊ ဆဲ ရေး ရာ၊ ရောက် စေ တော် မူ ပါ စေ သော။ အ မင်္ဂ လာ ဖြစ် စေ သော ဤ ရေ သည် သင့် ဝမ်း တွင်း သို့ ရောက်၍ ဝမ်း ဖော ခြင်း၊ ပေါင် သိမ် ခြင်း ဖြစ် စေ လိမ့် မည် ဟု ဆို လျက် အ မင်္ဂ လာ အ ကျိန် ထိုက် သည့် အ တိုင်း မိန်း မ က အာ မင်၊ အာ မင် ဟု ဝန် ခံ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏​ပေါင်​ကို​ပိန်​စေ၍ ဝမ်း​ကို​လည်း​ရောင်​စေ​သ​ဖြင့်၊ သင့်​ကို​ကျိန်​အပ်​သော​သူ၊ အ​ထိမ်း​အ​မှတ်​ပြု၍ လူ​များ​ကျိန်​ဆို​ခြင်း​ကို​ခံ​ရ​သော​သူ ဖြစ်​စေ​ခြင်း​ငှာ စီ​ရင်​တော်​မူ​စေ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 5:21
9 ပူးပေါင်းရင်းမြစ်များ  

သင်​သည် အူနာ​သော​ရောဂါ​ဖြင့် ဝေဒနာ​ကို ပြင်းထန်​စွာ​ခံစား​ရ​မည်​။ အူ​များ​ထွက်ကျ​လာ​သည်​အထိ တစ်နေ့​ထက်​တစ်နေ့​တိုး​၍ သင်​ဝေဒနာ​ခံစား​ရ​မည်’​ဟူ၍ မိန့်​တော်မူ​ပြီ”​ဟု ပါရှိ​၏​။


သူ​တို့​၏​ဆွေမျိုးသားချင်း​ခေါင်းဆောင်​များ​နှင့်အတူ ဘုရားသခင်​၏​အစေအပါး​မောရှေ​အားဖြင့်​ပေးအပ်​တော်မူ​သော ဘုရားသခင်​၏​ပညတ်တရား​ကို လိုက်နာ​ပါ​မည်​။ ဘုရားရှင်​ထာဝရဘုရား​၏​ပညတ်တော်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​၊ ပြဋ္ဌာန်းချက်​အားလုံး​တို့​ကို လိုက်နာ​စောင့်ထိန်း​ပါ​မည်​။


ဖြောင့်မတ်​သော​သူ​နှင့်ဆိုင်သော​အောက်မေ့စရာ​သည် ကောင်းချီးမင်္ဂလာ​ဖြစ်​၏​။ ဆိုးယုတ်​သော​သူ​၏​အမည်​မူကား ပျောက်ပျက်​သွား​လိမ့်မည်​။


သင်​တို့​၏​နာမည်​သည် ငါ​ရွေးချယ်​သော​သူ​တို့ ကျိန်ဆဲစရာ​အဖြစ် ကျန်ရစ်​မည်​။ အရှင်​ထာဝရဘုရား​သည် သင့်​ကို​ကွပ်မျက်​တော်မူ​မည်​။ မိမိ​၏​အစေအပါး​များ​ကို​ကား အခြား​နာမည်​ဖြင့် ခေါ်​တော်မူ​မည်​။


ထို​သူ​တို့​ကြောင့် ဘေဘီလုံ​မြို့​ရှိ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ယုဒ​လူ​အပေါင်း​တို့​က ‘ဇေဒကိ​နှင့် အာဟပ်​ကို ဘေဘီလုံ​ဘုရင် မီးရှို့​သတ်​သကဲ့သို့ သင့်​ကို ထာဝရဘုရား​ပြု​ပါစေ’​ဟု အချင်းချင်း​ကျိန်ဆဲ​ရာ​တွင် ခိုင်းနှိုင်း​ကျိန်ဆဲ​ကြ​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​၏​။


ထို​မိန်းမ​သည် လင်ယောက်ျား​အပေါ် ဖောက်ပြန်​၍ မိမိကိုယ်မိမိ​ညစ်ညူး​စေ​ခဲ့​လျှင် သူ့​အား ထို​ရေ​ကို​တိုက်​သောအခါ ကျိန်ဆဲ​ခြင်း​ကို​ဖြစ်​စေ​သော​ရေ​သည် သူ့​အထဲ​သို့​ဝင်​၍ ခါးသီး​ခြင်း​ကို ဖြစ်​စေ​သဖြင့် သူ​၏​ဝမ်း​သည် ဖောရောင်​လာ​ပြီး ပေါင်​သည် ချည့်နဲ့​သွား​လိမ့်မည်​။ ထို​မိန်းမ​သည် မိမိ​လူမျိုး​အလယ်​၌ ကျိန်​ခြင်း​ခံရ​သော​သူ​ဖြစ်​လိမ့်မည်​။


ပေတရု​က​လည်း “ထို​သူ​ကို​ငါ​မ​သိ”​ဟု တိုင်တည်​၍ ကျိန်ဆို​သည်​နှင့် ချက်ချင်း​ပင် ကြက်​တွန်​လေ​၏။


ထို​အချိန်​တွင် ယောရှု​က “​ဂျေရိခေါ​မြို့ရိုး​ကို ထ​၍​တည်ဆောက်​သူ​သည် ထာဝရဘုရား​ထံမှ ကျိန်​ခြင်း​ကို ခံရ​ပါစေ​။ မြို့ရိုး​အုတ်မြစ်​ကို​ချ​လျှင် သားဦး​သေ​ပါစေ​။ မြို့​တံခါး​ကို​တည်​လျှင် သားထွေး​သေ​ပါစေ​”​ဟု ကျိန်​လေ​၏​။


ရှောလု​မင်းကြီး​က လူ​တို့​အား “​နေဝင်ချိန်​အထိ ရန်သူ​တို့​ကို လက်တုံ့ပြန်​မ​ပြီး​မ​ချင်း အစာ​စား​သော​သူ​သည် ကျိန်​ခြင်း​ခံရ​မည်​”​ဟု ကျိန်ဆို​စေ​သဖြင့် မည်သူ​မျှ အစာ​မ​စား​ဝံ့​။ ထို့ကြောင့် ထို​နေ့​တွင် အစ္စရေး​အမျိုးသား​တို့​သည် အလွန်​ဒုက္ခရောက်​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ