နေဟမိ 9:38 - မြန်မာ့စံမီသမ္မာကျမ်း38 ဤအကြောင်းအရာအလုံးစုံတို့ကြောင့် ငါတို့သည် ပဋိညာဉ်ကိုရေးဆွဲ၍ ဝန်ခံကတိပြုကြ၏။ ငါတို့၏အကြီးအကဲများ၊ လေဝိသားများ၊ ယဇ်ပုရောဟိတ်များသည်လည်း တံဆိပ်ခတ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible38 ဤသို့ဖြစ်ပျက်သည့်အမှုအရာအပေါင်းကြောင့် ငါတို့ဣသရေလပြည်သူတို့သည်ကတိဝန်ခံ ချက်ကိုစာဖြင့်ရေး၍ ငါတို့၏ခေါင်းဆောင်များ၊ လေဝိအနွယ်ဝင်များနှင့်ယဇ်ပုရောဟိတ်များ ကတံဆိပ်ခတ်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible38 သို့ ဖြစ် လျက် ပင် အ ကျွန်ုပ် တို့ သည်၊ တည် မြဲ သော ပ ဋိ ညာဉ် စာ ချုပ် ကို ရေး ထား ၍၊ မှူး မတ်၊ လေ ဝိ ဂိုဏ်း သား၊ ပ ရော ဟိတ် တို့ တံ ဆိပ် ခတ် ကြ ပြီ ဟု မြွက် ဆို ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible38 ထိုအကြောင်းအရာများကို ငါတို့သည် ဆင်ခြင်ပြီးမှ၊ သစ္စာပြု၍ စာချုပ်ကိုလည်း ရေးထားလျက်၊ ငါတို့အကြီးအကဲ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် တံဆိပ်ခတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ယခု အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်နှင့် ပဋိညာဉ်ပြုကြကုန်စို့။ အကျွန်ုပ်၏အရှင်သခင်နှင့် အကျွန်ုပ်တို့ဘုရားသခင်၏ပညတ်တော်ကို ရိုသေခန့်ညားသောသူတို့၏အကြံပေးချက်အတိုင်း အကျွန်ုပ်တို့သည် ထိုမိန်းမများနှင့်တကွ သူတို့နှင့်ရသောကလေးများကို စွန့်၍ ပညတ်တရားတော်နှင့်အညီ ပြုကျင့်ကြပါမည်။
ရှင်ဘုရင်သည် မိမိနေရာတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြု၏။
ရှင်ဘုရင်သည် တိုင်နားတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြုလျှင် လူအပေါင်းတို့ကလည်း ကတိသစ္စာပြုကြ၏။