ထို့ကြောင့် ယာကုပ်က “ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်မြင်ရလျက်နှင့် အသက်ချမ်းသာရာရသေး၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို ပေနွေလ ဟုခေါ်၏။
တောလည် 12:8 - မြန်မာ့စံမီသမ္မာကျမ်း သူနှင့်မျက်နှာချင်းဆိုင် ရှင်းလင်းစွာမိန့်ဆို၏။ သွယ်ဝိုက်၍ မမိန့်ဆို။ သူသည် ထာဝရဘုရား၏ပုံသဏ္ဌာန်ကို မြင်ရ၏။ သင်တို့သည် ငါ့အစေအပါးမောရှေကို အဘယ်ကြောင့် ဆန့်ကျင်ပြောဆိုဝံ့သနည်း”ဟု မိန့်တော်မူပြီးနောက် Common Language Bible သို့ဖြစ်၍ငါသည်သူနှင့်မျက်နှာချင်းဆိုင်၍ ရှင်းလင်းပြတ်သားစွာစကားပြောဆို၏။ စကားဝှက်ဖြင့်ပြောဆိုလေ့မရှိ။ သူသည် ငါ၏ပုံသဏ္ဌာန်တော်ကိုပင်ဖူးတွေ့ခဲ့ရ၏။ သင်တို့သည်ငါ၏အစေခံမောရှေကို အဘယ်ကြောင့်အပြစ်တင်ပြောဆိုဝံ့ သနည်း'' ဟုမိန့်တော်မူ၏။ Garrad Bible ထို သူ၌ မူ ကား စ ကား ဝှက် များ ကို မ သုံး ဘဲ နှုတ် ခွန်း ဆိုင် လျက် အ ထင် အ ရှား ဗျာ ဒိတ် ထား သည့် ပြင် ငါ ထာ ဝ ရ ဘု ရား သဏ္ဌာန် ကို လည်း ဖူး မြင် ခွင့် ပေး လေ့ ရှိ၏။ သို့ ဖြစ် လျက် ငါ့ ကျွန် ရင်း မော ရှေ ကို အ ဘယ် ကြောင့် မ ကောင်း တင်း ပြော ဝံ့ ကြ သ နည်း ဟု မိန့် တော် မူ ပြီး နောက်၊ Judson Bible သူ၌ဗျာဒိတ်ပေးသောအခါ၊ နက်နဲသောစကားအားဖြင့် မပေး၊ ကိုယ်တိုင်ကိုယ်ကြပ် ထင်ရှားစွာဗျာဒိတ်ပေးမည်။ သူသည် ထာဝရဘုရား၏ ပုံသဏ္ဌာန်ကိုလည်း မြင်ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ကျွန်မောရှေကို အဘယ်ကြောင့် အပြစ်တင်ဝံ့သနည်းဟု မိန့်တော်မူလျက်၊ |
ထို့ကြောင့် ယာကုပ်က “ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်မြင်ရလျက်နှင့် အသက်ချမ်းသာရာရသေး၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို ပေနွေလ ဟုခေါ်၏။
အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းကြောင့် ကိုယ်တော်၏မျက်နှာတော်ကိုဖူးမြော်ရပါလိမ့်မည်။ အကျွန်ုပ်နိုးလာသောအခါ ကိုယ်တော်၏သဏ္ဌာန်တော်ကိုမြင်၍ အလိုပြည့်စုံပါလိမ့်မည်။
ငါသည် သုတ္တံစကားတို့ကိုဂရုစိုက်နားထောင်မည်။ ငါ၏ပဟေဠိကို စောင်းတီး၍ဖွင့်ပြမည်။
တံပိုးမှုတ်သံသည် ပို၍ပို၍ကျယ်လာသောအခါ မောရှေမေးလျှောက်၍ ဘုရားသခင်သည် အသံဖြင့် ဖြေကြားတော်မူ၏။
အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်မြေကြီး၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသမျှသောအရာတို့၏ပုံသဏ္ဌာန်နှင့်တူသော ရုပ်တုဆင်းတုကို သင့်အဖို့မပြုလုပ်ရ။
ထာဝရဘုရားသည် မိတ်ဆွေချင်းစကားပြောသကဲ့သို့ မောရှေနှင့် မျက်နှာချင်းဆိုင်စကားပြောတော်မူ၏။ ထို့နောက် မောရှေသည် တပ်စခန်းသို့ ပြန်လာ၏။ သူ၏လက်ထောက်လူငယ်တစ်ဦးဖြစ်သည့် နုန်၏သားယောရှုမူကား တဲတော်ထဲမှ မထွက်ဘဲနေရစ်ခဲ့၏။
ထာဝရဘုရားကလည်း “ငါ၏ကောင်းမြတ်ခြင်းအလုံးစုံတို့ကို မျက်ဝါးထင်ထင်သင်မြင်ရမည်။ ထာဝရဘုရား၏နာမကို သင့်ရှေ့၌ ကြေညာမည်။ ငါကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုမည်။ ငါသနားလိုသောသူကို သနားမည်”ဟု မိန့်တော်မူ၏။
ငါ့လက်ကိုရုပ်သိမ်းသောအခါ သင်သည် ငါ့ကျောကိုသာ မြင်ရလိမ့်မည်။ ငါ့မျက်နှာကိုကား မြင်ရမည်မဟုတ်”ဟု မိန့်တော်မူ၏။
အာရုန်နှင့်အစ္စရေးအမျိုးသားအပေါင်းတို့သည် မောရှေကိုမြင်သောအခါ သူ၏မျက်နှာသည် ထွန်းပနေသဖြင့် သူ့ထံသို့ မချဉ်းကပ်ဝံ့ကြချေ။
ဤသည်ကား သုတ္တံစကား၊ ဥပစာစကားမှစ၍ ပညာရှိတို့၏စကားများနှင့် သူတို့၏ပဟေဠိများကို နားလည်စေရန်အတွက်ဖြစ်၏။
ဘုရားသခင်သည် မည်သူနှင့်တူသနည်း။ သင်သည် ဘုရားသခင်ကို မည်သည့်ပုံသဏ္ဌာန်နှင့် နှိုင်းယှဉ်မည်နည်း။
သင်တို့သည် ငါ့ကိုမည်သူနှင့်နှိုင်းယှဉ်မည်နည်း။ မည်သူ့ကို ငါနှင့်တူသည်ဟု သတ်မှတ်မည်နည်း။ မည်သူ့ကို ငါနှင့်တူသည်ဟု နှိုင်းယှဉ်မည်နည်း။
“အချင်းလူသား၊ အစ္စရေးလူမျိုးတို့အား စကားထာဝှက်၍ ပုံဥပမာခိုင်းနှိုင်းပြလော့။
ထိုအခါ ငါက “အို ဘုရားရှင်ထာဝရဘုရား၊ သူတို့က အကျွန်ုပ်အား ‘ဤသူသည် ပုံဥပမာ ပြောနေပါသည်’ဟူ၍ ဆိုကြပါ၏”ဟု ပြန်လျှောက်လေ၏။
ထာဝရဘုရားသည် ပရောဖက်အားဖြင့် အစ္စရေးကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။ ပရောဖက်အားဖြင့် စောင့်ရှောက်တော်မူခဲ့၏။
ဤပြည်၌နေထိုင်သောသူတို့အား ပြောပြကြပါလိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုးအလယ်၌ ရှိတော်မူကြောင်းကိုလည်းကောင်း၊ အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်ကို ကိုယ်တိုင်မြင်ရ၍ ကိုယ်တော်၏မိုးတိမ်သည် သူတို့အပေါ်၌တည်လျက် နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်အားဖြင့် ကိုယ်တော်သည် သူတို့၏ရှေ့မှ ကြွတော်မူကြောင်းကိုလည်းကောင်း ဤပြည်သားတို့ကြားထားကြပါပြီ။
မောရှေသည် ထာဝရဘုရားနှင့်စကားပြောရန် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ သက်သေခံချက်သေတ္တာတော်ပေါ်ရှိ ကရုဏာတော်ပလ္လင်အထက် ခေရုဗိမ်နှစ်ပါးအကြားမှ သူ့အား ပြောသောစကားသံကို ကြားရ၏။ ထာဝရဘုရားသည် သူနှင့်စကားပြောတော်မူ၏။
ဤသည်ကား “ငါသည် ပုံဥပမာများဖြင့် ငါ့နှုတ်ကိုဖွင့်လျက် ကမ္ဘာတည်ကတည်းက ကွယ်ဝှက်ထားသောအရာတို့ကို ထုတ်ဖော်ပြောဆိုမည်”ဟု ပရောဖက်အားဖြင့် မိန့်တော်မူသောအရာပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
သင်တို့စကားကိုနားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကိုငြင်းပယ်သောသူသည် ငါ့ကိုငြင်းပယ်၏။ ငါ့ကိုငြင်းပယ်သောသူသည် ငါ့အားစေလွှတ်တော်မူသောအရှင်ကိုငြင်းပယ်၏”ဟု မိန့်တော်မူ၏။
ဘုရားသခင်ကို မည်သူမျှမမြင်ဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိသည့် တစ်ပါးတည်းသောသားတော်ဘုရားသည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
ငါသည် သင်တို့ကို ကျွန်ဟူ၍ခေါ်တော့မည်မဟုတ်။ အကြောင်းမူကား ကျွန်သည် မိမိသခင်ပြုနေသောအရာကိုမသိ။ ငါ့ခမည်းတော်ထံမှ ကြားနာခဲ့သောအရာအားလုံးကို သင်တို့အား ငါသိစေခဲ့ပြီဖြစ်သောကြောင့် သင်တို့ကို မိတ်ဆွေဟူ၍ ငါခေါ်၏။
အခြားမည်သူမျှ မပြုဖူးသောအမှုများကို သူတို့ရှေ့၌ ငါမပြုခဲ့လျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား သူတို့သည် ထိုအမှုတို့ကိုမြင်ရလျက်နှင့်ပင် ငါနှင့်ငါ့ခမည်းတော်ကို မုန်းကြ၏။
ယခု ငါတို့သည် မှန်အားဖြင့် မှုန်ဝါးဝါးသာမြင်ရကြ၏။ ထိုအခါ၌မူကား မျက်ဝါးထင်ထင်မြင်ရကြလိမ့်မည်။ ယခု ငါသည် တစ်စိတ်တစ်ဒေသမျှသာသိ၏။ သို့သော် ငါ့ကိုစုံလင်စွာသိတော်မူသကဲ့သို့ ထိုအခါ၌မူကား ငါသည်လည်း စုံလင်စွာသိရလိမ့်မည်။
ငါတို့ရှိသမျှသည်လည်း မျက်နှာလွှားမပါသောမျက်နှာပေါ်တွင် သခင်ဘုရား၏ဘုန်းတော်ကို ထင်ဟပ်စေလျက် ကိုယ်တော်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဝိညာဉ်တော်ဖြစ်သော သခင်ဘုရားအားဖြင့် ဘုန်းတော်မှ ဘုန်းတော်သို့ ပုံသဏ္ဌာန်ပြောင်းလဲစေခြင်းကိုခံရကြ၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အမျိုးသားချင်းထဲမှ ငါနှင့်တူသောပရောဖက်တစ်ပါးကို သင့်အတွက် ပေါ်ထွန်းစေတော်မူမည်။ သူ့စကားကို သင်တို့နားထောင်ရမည်။
ထိုအချိန်မှစ၍ အစ္စရေးလူမျိုးတွင် မောရှေကဲ့သို့ ထာဝရဘုရားအား တရင်းတနှီးသိကျွမ်းသော ပရောဖက်တစ်ပါးမျှ မပေါ်ထွန်းတော့ပေ။
ဟောရပ်တောင်၌ သင်တို့အား ထာဝရဘုရား မီးထဲမှ မိန့်တော်မူသောနေ့တွင် သင်တို့သည် ကိုယ်တော်ကို မည်သည့်ပုံသဏ္ဌာန်နှင့်မျှမမြင်ရ။ သို့ဖြစ်၍ သင်တို့ကိုယ်သင်တို့ အထူးသတိပြုကြလော့။
အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်မြေကြီး၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသမျှသောအရာတို့၏ပုံသဏ္ဌာန်နှင့်တူသော ရုပ်တုဆင်းတုကို သင့်အဖို့မပြုလုပ်ရ။
သားတော်သည် မမြင်ရသောဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်ပြီး ဖန်ဆင်းတော်မူသောအရာအားလုံးတို့တွင် သားဦးဖြစ်တော်မူ၏။
ထို့ကြောင့် ဤညွှန်ကြားချက်ကို ငြင်းပယ်သောသူသည် လူကိုမဟုတ်ဘဲ သင်တို့အား မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကိုပေးတော်မူသောဘုရားသခင်ကို ငြင်းပယ်၏။
ကိုယ်တော်တစ်ပါးတည်းသာလျှင် သေခြင်းနှင့်ကင်းသောအဖြစ်၌ရှိလျက် ချဉ်းကပ်၍မရသောအလင်း၌ ကိန်းဝပ်တော်မူ၏။ လူတို့တွင် မည်သူတစ်ဦးတစ်ယောက်မျှ ကိုယ်တော်ကိုမမြင်ဖူးသကဲ့သို့ မြင်လည်းမမြင်နိုင်ပေ။ ထိုဘုရားသခင်၌ ဂုဏ်သရေနှင့်ထာဝရတန်ခိုးအရှိန်အဝါရှိတော်မူပါစေသော။ အာမင်။
ရှေးကာလတွင် ဘုရားသခင်သည် ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား ကာလအပိုင်းအခြားအမျိုးမျိုးတို့၌ နည်းမျိုးစုံဖြင့် စကားပြောတော်မူ၏။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
အထူးသဖြင့် ညစ်ညူးသောတပ်မက်မှုအားဖြင့် သွေးသားဇာတိနောက်သို့လိုက်၍ အုပ်စိုးခြင်းကိုမထီမဲ့မြင်ပြုသောသူတို့ကို ထိုသို့ထိန်းသိမ်းထားတော်မူလိမ့်မည်။ ဤသူတို့သည် အတင့်ရဲသောသူ၊ ထင်ရာစိုင်းတတ်သောသူဖြစ်ကြ၍ ကြောက်ရွံ့ခြင်းမရှိဘဲ ဘုန်းအသရေရှိသောသူတို့ကို စော်ကားပြောဆိုတတ်ကြ၏။
ထိုနည်းတူ ဤအိပ်မက်မြင်မက်တတ်သောသူတို့သည်လည်း ကိုယ်ကာယကိုညစ်ညူးစေလျက် အုပ်စိုးခြင်းကိုဝန်မခံဘဲ ဘုန်းအသရေရှိသောသူကို စော်ကားပြောဆိုတတ်ကြ၏။