Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 1:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ဤသည်ကား သုတ္တံ​စကား​၊ ဥပစာ​စကား​မှစ၍ ပညာရှိ​တို့​၏​စကား​များ​နှင့် သူ​တို့​၏​ပဟေဠိ​များ​ကို နားလည်​စေရန်​အတွက်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ဥာဏ်ကောင်းသော သူသည် သုတ္တံစကားအနက်အဓိပ္ပါယ်ကို၎င်း၊ ပညာရှိဟောပြော၍ နက်နဲသောစကားတို့ကို၎င်း၊ နားလည်သော နိဿရည်း ဆရာအဖြစ်သို့ ရောက်ရလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ဉာဏ်​ကောင်း​သော​သူ​သည် သု​တ္တံ​စ​ကား​အ​နက်​အ​ဓိ​ပ္ပာယ်​ကို​လည်း​ကောင်း၊ ပ​ညာ​ရှိ​ဟော​ပြော၍ နက်​နဲ​သော စ​ကား​တို့​ကို​လည်း​ကောင်း၊ နား​လည်​သော နိဿ​ရည်း​ဆ​ရာ​အ​ဖြစ်​သို့ ရောက်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 1:6
14 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သုတ္တံ​စကား​တို့​ကို​ဂရုစိုက်​နားထောင်​မည်​။ ငါ​၏​ပဟေဠိ​ကို စောင်း​တီး​၍​ဖွင့်ပြ​မည်​။


ငါ​သည် ပုံဥပမာ​များ​ဆောင်​လျက် ငါ့​နှုတ်​ကို​ဖွင့်​၍ ရှေးကာလ​မှ ပဟေဠိ​တို့​ကို ထုတ်ဖော်​ပြောဆို​မည်​။


ထို့ပြင် ဤ​အရာ​များ​ကား ပညာရှိ​တို့​၏​စကား​ဖြစ်​၏​။ တရားစီရင်​ရာ​၌ မျက်နှာလိုက်​ခြင်း​သည် မ​ကောင်း​ပေ​။


ပညာရှိ​တို့​၏​စကား​များ​သည် နှင်တံ​ကဲ့သို့​ဖြစ်​ပြီး တစ်ပါးတည်း​သော​သိုးထိန်းကြီး​ပေးအပ်​ထား​သည့် စုစည်း​ထား​သော​စကား​များ​သည် ခိုင်မြဲ​စွာ​ရိုက်​ထား​သော​သံ​ကဲ့သို့​ဖြစ်​၏​။


ထို​နိုင်ငံ​များ​ပျက်သုဉ်း​ချိန်​ရောက်​ခါနီး ပုန်ကန်ထကြွ​မှု​များ ပေါ်ပေါက်​သောအခါ မျက်နှာထား​ခက်ထန်​ပြီး စကား​လိမ်လည်​ရာ​၌ ကျွမ်းကျင်​သော​ရှင်ဘုရင်​တစ်​ပါး ပေါ်လာ​လိမ့်မည်​။


သူ​နှင့်​မျက်နှာချင်းဆိုင် ရှင်းလင်း​စွာ​မိန့်ဆို​၏​။ သွယ်ဝိုက်​၍ မ​မိန့်ဆို​။ သူ​သည် ထာဝရဘုရား​၏​ပုံသဏ္ဌာန်​ကို မြင်​ရ​၏​။ သင်​တို့​သည် ငါ့​အစေအပါး​မောရှေ​ကို အဘယ်ကြောင့် ဆန့်ကျင်​ပြောဆို​ဝံ့​သနည်း​”​ဟု မိန့်​တော်မူ​ပြီးနောက်


ကိုယ်တော်​က​လည်း“သင်​တို့​အား ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်​ဆိုင်​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို သိ​ခွင့်​ပေး​ထား​၏။ အပြင်​လူ​တို့​အတွက်​မူကား အရာရာ​ကို ပုံ​ဥပမာ​များ​ဖြင့်​ဖော်ပြ​ရ​၏။


ပုံ​ဥပမာ​မ​ပါ​ဘဲ သူ​တို့​အား ဟောပြော​တော်​မ​မူ။ သို့သော် မိမိ​တပည့်​တော်​တို့​ကို​မူကား အကြောင်းအရာ​အားလုံး​ကို သီးသန့်​ရှင်းပြ​တော်မူ​၏။


မာ​သော​အစာ​မူကား အကောင်း​အဆိုး​ကို​ပိုင်းခြား​၍​သိရှိ​နိုင်​သော​ထိုးထွင်းဉာဏ်​ကို အတွေ့အကြုံ​အားဖြင့်​လေ့ကျင့်​ထား​သည့်​စုံလင်​ရင့်ကျက်​သော​သူ​များ​အတွက်​ဖြစ်​၏။


သူ​သည် အခြား​စာ​အားလုံး​ထဲတွင်​လည်း ဤ​အကြောင်းအရာ​များ​နှင့်​ပတ်သက်၍ ပြော​ထား​၏။ ထို​စာ​များ​ထဲတွင် နားလည်​ရန်​ခက်ခဲ​သော​အရာ​အချို့​ရှိ​၏။ အသိပညာ​မဲ့​၍ မ​တည်ကြည်​သော​သူ​တို့​သည် အခြား​သော​ကျမ်း​များ​အပေါ်၌​လည်း​ပြု​သကဲ့သို့ ထို​စာ​၏​အနက်​ကို လို​ရာ​ဆွဲ​၍ မိမိ​တို့​ကိုယ်​ကို ပျက်စီး​ခြင်း​သို့​ရောက်​စေ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ