Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 33:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထာဝရဘုရား​သည် မိတ်ဆွေချင်း​စကားပြော​သကဲ့သို့ မောရှေ​နှင့် မျက်နှာချင်းဆိုင်​စကားပြော​တော်မူ​၏​။ ထို့နောက် မောရှေ​သည် တပ်စခန်း​သို့ ပြန်လာ​၏​။ သူ​၏​လက်ထောက်​လူငယ်​တစ်​ဦး​ဖြစ်​သည့် နုန်​၏​သား​ယောရှု​မူကား တဲ​တော်​ထဲမှ မ​ထွက်​ဘဲ​နေရစ်​ခဲ့​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 မိတ်​ဆွေ​ချင်း​စ​ကား​ပြော​သ​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​သည် မော​ရှေ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​စ​ကား ပြော​တော်​မူ​၏။ ထို​နောက်​မော​ရှေ​သည်​စ​ခန်း သို့​ပြန်​လာ​၏။ သို့​သော်​သူ​၏​လက်​ထောက်​ဖြစ် သူ၊ နုန်​၏​သား၊ လူ​ငယ်​ယော​ရှု​သည်၊ တဲ​တော် တွင်း​၌​နေ​ရစ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 အ ဆွေ ခင် ပွန်း ချင်း တို့ ပြော ဆို တတ် ကြ သည့် နည်း တူ ထာ ဝ ရ ဘု ရား သည် မော ရှေ နှင့် တွေ့ ဆုံ မိန့် မြွက် တော် မူ လေ့ ရှိ ၏။ တပ် စ ခန်း သို့ ပြန် သွား သော အ ခါ နုန့် သား၊ ကိုယ့် တ ပည့်၊ လု လင် ယော ရှု သည် တဲ တော် မှ မ ထွက် ဘဲ နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ထာ​ဝ​ရ​ဘု​ရား​သည် အ​ဆွေ​ခင်​ပွန်း​ချင်း​ကို နှုတ်​ဆက်​တတ်​သည်​နည်း​တူ၊ မော​ရှေ​နှင့် မျက်​နှာ​ချင်း​ဆိုင်၍ နှုတ်​ဆက်​တော်​မူ၏။ မော​ရှေ​သည် တပ်​ထဲ​သို့ ပြန်​ဝင်​သော​အ​ခါ သူ၏​လက်​ထောက်​နုန်၏​သား ယော​ရှု​မည်​သော​လု​လင်​သည်၊ တဲ​တော်​မှ​မ​ထွက်​ဘဲ​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 33:11
19 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ယာကုပ်​က “​ငါ​သည် ဘုရားသခင်​ကို မျက်နှာချင်းဆိုင်​မြင်​ရ​လျက်​နှင့် အသက်​ချမ်းသာ​ရာ​ရ​သေး​၏​”​ဟု ဆို​လျက် ထို​အရပ်​၏​အမည်​ကို ပေနွေလ ဟု​ခေါ်​၏​။


အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ဤ​ပြည်​၌​နေထိုင်​သော​လူမျိုး​တို့​ကို ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​ရှေ့​မှ​နှင်ထုတ်​တော်မူ​၍ ကိုယ်တော်​၏​မိတ်ဆွေ​ဖြစ်​တော်မူ​သော​အာဗြဟံ​၏​သားစဉ်မြေးဆက်​ကို ထာဝရ​နေထိုင်​စေ​တော်မူ​သည်​မ​ဟုတ်​လော​။


လူ​အချင်းချင်း​ကြားတွင် စီရင်ဆုံးဖြတ်​ပေး​သူ​ရှိ​သကဲ့သို့ လူ​နှင့်​ဘုရားသခင်​ကြားတွင် စီရင်ဆုံးဖြတ်​ပေး​မည့်​သူ ရှိ​ပါစေသော​။


ထို့ကြောင့် မောရှေ​က ယောရှု​အား “​ငါ​တို့​အတွက် လူ​တို့​ကို​ရွေးချယ်​ပြီးလျှင် အာမလက်​လူမျိုး​တို့​ကို ထွက်​၍​တိုက်​လော့​။ မနက်ဖြန်​၌ ငါ​သည် ဘုရားသခင်​၏​တောင်ဝှေး​ကို ကိုင်​လျက် တောင်ကုန်း​ထိပ်​တွင်​ရပ်​နေ​မည်​”​ဟု ဆို​လေ​၏​။


ထိုအခါ မောရှေ​သည် မိမိ​လက်ထောက်​ယောရှု​နှင့်အတူ​ထ​သွား​၏​။ မောရှေ​သည် ဘုရားသခင်​၏​တောင်​တော်​ပေါ်သို့​တက်သွား​၏​။


ယောရှု​သည် ကျယ်လောင်​စွာ​အော်ဟစ်​နေ​သော​လူ​တို့​၏​အသံ​ကို​ကြား​သောအခါ မောရှေ​အား “​တပ်စခန်း​ထဲ၌ စစ်တိုက်သံ​ပါတကား​”​ဟု ဆို​လေ​၏​။


တဲ​တော်​အဝင်ဝ​၌​တည်​နေ​သော မိုးတိမ်​တိုင်​ကို မြင်​သည်​နှင့် လူ​အပေါင်း​တို့​သည် မိမိ​တဲ​အဝင်ဝ​၌ ရှိခိုးကိုးကွယ်​ကြ​လေ​၏​။


မောရှေ​သည် တဲ​တော်​ထဲသို့​ဝင်သွား​သောအခါ မိုးတိမ်​တိုင်​သည်​ဆင်းလာ​၍ တဲ​တော်​အဝင်ဝ​၌ တည်​နေ​၏​။ ထို့နောက် ထာဝရဘုရား​သည် မောရှေ​နှင့်​စကားပြော​တော်မူ​၏​။


ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ ထို​နာမ​သည် ငါ​၏​နာမ​ဖြစ်​၏​။ ငါ​၏​ဘုန်းအသရေ​ကို အခြား​သော​သူ​အား​လည်းကောင်း​၊ ငါ​ခံထိုက်​သော​ချီးမွမ်း​ခြင်း​ကို ရုပ်တုဆင်းတု​တို့​အား​လည်းကောင်း ငါ​မ​ပေး​။


ထိုအခါ ငယ်ရွယ်စဉ်​ကပင် မောရှေ​၏​လက်ထောက်​ဖြစ်​သော နုန်​၏​သား​ယောရှု​က “​အကျွန်ုပ်​၏​သခင် မောရှေ​၊ ထို​သူ​တို့​ကို​တားမြစ်​ပါ​”​ဟု ဆို​၏​။


ငါ​၏​အိမ်​တော်​တစ်ခုလုံး​အပေါ်​သစ္စာရှိ​သော ငါ​၏​အစေအပါး​မောရှေ​နှင့်​မူကား ထိုသို့​မ​ဟုတ်​ဘဲ


သူ​နှင့်​မျက်နှာချင်းဆိုင် ရှင်းလင်း​စွာ​မိန့်ဆို​၏​။ သွယ်ဝိုက်​၍ မ​မိန့်ဆို​။ သူ​သည် ထာဝရဘုရား​၏​ပုံသဏ္ဌာန်​ကို မြင်​ရ​၏​။ သင်​တို့​သည် ငါ့​အစေအပါး​မောရှေ​ကို အဘယ်ကြောင့် ဆန့်ကျင်​ပြောဆို​ဝံ့​သနည်း​”​ဟု မိန့်​တော်မူ​ပြီးနောက်


ထိုသို့​မိန့်​တော်မူ​ပြီးနောက်“ငါ​တို့​၏​မိတ်ဆွေ​လာဇရု​သည် အိပ်ပျော်​လေ​ပြီ။ သို့ရာတွင် သူ့​ကို​နှိုး​ရန် ငါ​သွား​မည်”​ဟု မိန့်​တော်မူ​၏။


သတို့သမီး​ကို​ရ​သော​သူ​သည် သတို့သား​ဖြစ်​၏။ သတို့သား​၏​အသံ​ကို ရပ်​လျက်​နားထောင်​နေ​သော သတို့သား​၏​မိတ်ဆွေ​မူကား သတို့သား​၏​အသံ​ကြောင့် ဝမ်းမြောက်​ဝမ်းသာ​ဖြစ်​၏။ သို့ဖြစ်၍ ငါ​သည်​လည်း ထို​ဝမ်းမြောက်​ခြင်း​နှင့် ပြည့်ဝ​လျက်​ရှိ​၏။


ထို့နောက် ထာဝရဘုရား​က မောရှေ​အား “​ကြည့်ရှု​လော့​။ သင်​သေ​ရ​မည့်​အချိန်​နီး​ပြီ​။ ယောရှု​အား ငါ​တာဝန်ပေးအပ်​မည်​ဖြစ်၍ သူ့​ကို​ခေါ်​ပြီး တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ ရပ်​နေ​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် မောရှေ​နှင့်​ယောရှု​တို့​သွား​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌​ရပ်​နေ​ကြ​၏​။


ထို​အချိန်​မှစ၍ အစ္စရေး​လူမျိုး​တွင် မောရှေ​ကဲ့သို့ ထာဝရဘုရား​အား တရင်းတနှီး​သိကျွမ်း​သော ပရောဖက်​တစ်ပါး​မျှ မ​ပေါ်ထွန်း​တော့​ပေ​။


ထာဝရဘုရား​သည် တောင်​ပေါ်၌ သင်​တို့​နှင့် မီး​ထဲ​မှ​မျက်နှာချင်းဆိုင် မိန့်​တော်မူ​၏​။


ထိုအခါ “အာဗြဟံ​သည် ဘုရားသခင်​ကို​ယုံကြည်​သဖြင့် ထို​ယုံကြည်​ခြင်း​ကို သူ​၏​ဖြောင့်မတ်​ခြင်း​အဖြစ် သတ်မှတ်​တော်မူ​၏”​ဟူသော​ကျမ်းချက်​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​၏။ အာဗြဟံ​သည်​လည်း ဘုရားသခင်​၏​မိတ်ဆွေ​ဟု ခေါ်ဝေါ်​ခြင်း​ကို​ခံရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ